Property Expo
×

 အေမရိကန္ ကင္းေထာက္ ေလယာဉ္တစ္စီးကို ၁၀ ေပမွ် အကြာထိ ႐ုရွားတိုက္ေလယာဉ္ တစ္စီးက နီးကပ္စြာ ေႏွာင့္ယွက္ ပ်ံသန္းခဲ့ေၾကာင္း ပင္တဂြန္ စစ္ဌာနခ်ဳပ္က စြပ္စြဲ ေျပာၾကားလုိက္သည္။


ပင္လယ္နက္ ဧရိယာတြင္ စစ္ဆင္ေရးတာဝန္ ထမ္းေဆာင္ေနသည့္ P-8A ေရတပ္ ေထာက္လွမ္းေရး ေလယာဉ္ကို ႐ုရွား၏ SU-27 တစ္စီးက စက္တင္ဘာ ၇ ရက္တြင္ ခ်ဉ္းကပ္လာခဲ့ျခင္းဟု သိရသည္။ ေလယာဉ္ႏွစ္စီးသည္ ၁၀ ေပမွ် အကြာထိ အလြန္နီးကပ္ခဲ့ၿပီး ႐ုရွားတိုက္ေလယာဉ္၏ လုပ္ရပ္မွာ ပေရာ္ဖက္ရွင္နယ္ မဆန္သလို အႏၱရာယ္ မ်ားလြန္းေၾကာင္း အေမရိကန္၏ ပင္တဂြန္ စစ္ဌာနခ်ဳပ္က ေဝဖန္ခဲ့သည္။

႐ုရွား ကာကြယ္ေရး ဝန္ႀကီးဌာနကမူ အေမရိကန္ ေလယာဉ္သည္ ႐ုရွားပိုင္နက္အနီး ခ်ဉ္းကပ္ခဲ့သည့္အတြက္ SU-27 ေလယာဉ္မွဴးမ်ားက ႏုိင္ငံတကာ သတ္မွတ္ခ်က္မ်ားအတိုင္း ၿခံရံ ေစာင့္ၾကည့္ခဲ့ျခင္းဟု တံု႔ျပန္ထားသည္။ ႐ုရွားစစ္တပ္သည္ လတ္တေလာတြင္ ပင္လယ္နက္၌ စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ေနသည္။

ပင္တဂြန္ ေျပာေရးဆိုခြင့္ရ အရာရွိ ဗိုလ္ႀကီး ယက္ဖ္ေဒးဗစ္က ေရတပ္၏ ေထာက္လွမ္းေရး ေလယာဉ္သည္ ႏုိင္ငံတကာ ေရပိုင္နက္တြင္ ပံုမွန္ကင္းလွည့္မႈ လမ္းေၾကာင္းအတုိင္း ပ်ံသန္းေနခဲ့ေသာ္လည္း ႐ုရွားတိုက္ေလယာဉ္က ဝင္ေရာက္ ေႏွာင့္ယွက္ခဲ့ျခင္းဟု ဆိုသည္။

“ဒီလုပ္ရပ္မ်ိဳးက မလုိလားအပ္တာေတြ ျဖစ္သြားႏုိင္ပါတယ္။ မေတာ္တဆမႈေတြကေန ႏွစ္ႏုိင္ငံ ဆက္ဆံေရး တင္းမာမႈ ျမင့္တက္တာမ်ိဳးေတြ ႀကံဳသြားႏုိင္တယ္”ဟု ၎က ေဝဖန္သည္။ အျခား ကာကြယ္ေရးဌာန အရာရွိ တစ္ဦးက ႐ုရွားတိုက္ေလယာဉ္သည္ အေစာပိုင္းက ေပ ၃၀ မွ် ခြာ၍ လုိက္ေနေသာ္လည္း ေနာက္ပိုင္းတြင္ ၁၀ ေပမွ်ထိ နီးကပ္စြာ ခ်ဉ္းကပ္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

၂၀၁၄ ခုႏွစ္တြင္ ႐ုရွားက ယူကရိန္းပိုင္ ခ႐ုိင္းမီးယား ေဒသကို ၎တို႔၏ လက္ေအာက္ခံအျဖစ္ သြတ္သြင္း သိမ္းယူလုိက္ၿပီး ကတည္းက ႐ုရွားႏွင့္ အေမရိကန္ၾကား ဆက္ဆံေရးမွာ ေအးခဲတင္းမာလ်က္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version
အမေရိကန် ကင်းထောက် လေယာဉ်တစ်စီးကို ၁၀ ပေမျှ အကွာထိ ရုရှားတိုက်လေယာဉ် တစ်စီးက နီးကပ်စွာ နှောင့်ယှက် ပျံသန်းခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က စွပ်စွဲ ပြောကြားလိုက်သည်။


ပင်လယ်နက် ဧရိယာတွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေသည့် P-8A ရေတပ် ထောက်လှမ်းရေး လေယာဉ်ကို ရုရှား၏ SU-27 တစ်စီးက စက်တင်ဘာ ၇ ရက်တွင် ချဉ်းကပ်လာခဲ့ခြင်းဟု သိရသည်။ လေယာဉ်နှစ်စီးသည် ၁၀ ပေမျှ အကွာထိ အလွန်နီးကပ်ခဲ့ပြီး ရုရှားတိုက်လေယာဉ်၏ လုပ်ရပ်မှာ ပရော်ဖက်ရှင်နယ် မဆန်သလို အန္တရာယ် များလွန်းကြောင်း အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က ဝေဖန်ခဲ့သည်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကမူ အမေရိကန် လေယာဉ်သည် ရုရှားပိုင်နက်အနီး ချဉ်းကပ်ခဲ့သည့်အတွက် SU-27 လေယာဉ်မှူးများက နိုင်ငံတကာ သတ်မှတ်ချက်များအတိုင်း ခြံရံ စောင့်ကြည့်ခဲ့ခြင်းဟု တုံ့ပြန်ထားသည်။ ရုရှားစစ်တပ်သည် လတ်တလောတွင် ပင်လယ်နက်၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည်။

ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ကြီး ယက်ဖ်ဒေးဗစ်က ရေတပ်၏ ထောက်လှမ်းရေး လေယာဉ်သည် နိုင်ငံတကာ ရေပိုင်နက်တွင် ပုံမှန်ကင်းလှည့်မှု လမ်းကြောင်းအတိုင်း ပျံသန်းနေခဲ့သော်လည်း ရုရှားတိုက်လေယာဉ်က ဝင်ရောက် နှောင့်ယှက်ခဲ့ခြင်းဟု ဆိုသည်။

“ဒီလုပ်ရပ်မျိုးက မလိုလားအပ်တာတွေ ဖြစ်သွားနိုင်ပါတယ်။ မတော်တဆမှုတွေကနေ နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှု မြင့်တက်တာမျိုးတွေ ကြုံသွားနိုင်တယ်”ဟု ၎င်းက ဝေဖန်သည်။ အခြား ကာကွယ်ရေးဌာန အရာရှိ တစ်ဦးက ရုရှားတိုက်လေယာဉ်သည် အစောပိုင်းက ပေ ၃၀ မျှ ခွာ၍ လိုက်နေသော်လည်း နောက်ပိုင်းတွင် ၁၀ ပေမျှထိ နီးကပ်စွာ ချဉ်းကပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ရုရှားက ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသကို ၎င်းတို့၏ လက်အောက်ခံအဖြစ် သွတ်သွင်း သိမ်းယူလိုက်ပြီး ကတည်းက ရုရှားနှင့် အမေရိကန်ကြား ဆက်ဆံရေးမှာ အေးခဲတင်းမာလျက်ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top