Kantharyar Centre
×

                                        ယခုပံုမွာ နမူနာပံုသာျဖစ္သည္။

 ေရႊျပည္သာၿမိဳ႕နယ္ (၁၄)ရပ္ကြက္ ေနအိမ္တစ္အိမ္အေရွ႕ရွိ ဗာဒံပင္တြင္ အမွတ္(၆)လံုၿခံဳေရးရဲတပ္ဖဲြ႕ခဲြမွ ဒုရဲအုပ္တစ္ဦး ႀကိဳးဆဲြခ်ေသဆုံးမႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။


ေသဆုံးသူ ဒုရဲအုပ္သူရၿငိမ္း သည္ (၁၄)ရပ္ကြက္ ေအာင္ေစတနာလမ္းေန ၎၏ဖခင္ ဦးစံၿငိမ္း၏ ေနအိမ္ေရွ႕တြင္ စက္တင္ဘာ ၇ ရက္ ညေနက အျမင့္ ၇ ေပခန္႔ရွိ ဗာဒံပင္သစ္ကိုင္းမွ အရွည္ႏွစ္ေပခဲြခန္႔ရွိသည့္ ပိတ္စႀကိဳးျဖင့္ ႀကိဳးဆဲြခ်ေသဆုံးေန ေၾကာင္း ေလွာ္ကားနယ္ေျမ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ဆုိ သည္။

‘‘ေသတဲ့လူက အရင္တုန္းက မႏၲေလးအမွတ္(၅)ရဲစခန္းမွာ အ လုပ္သင္တာ၀န္ ထမ္းေဆာင္ခဲ့ဖူးတယ္။ အဲဒီကေနမွ အခုတပ္ရင္း(၆)ကို ေရာက္ေနတာ။ ေသတဲ့လူရဲ႕ ခႏၶာကိုယ္မွာေတာ့ ႀကိဳးဒဏ္ရာကလဲြၿပီး တျခားဒဏ္ရာေတာ့ မရွိပါဘူး။ ႀကိဳးဆဲြခ်ေသ တာပါ’’ဟု အထက္ပါအရာရွိက ဆုိသည္။

ေသဆုံးသူ ဒုရဲအုပ္သည္ အစာအိမ္ေရာဂါ ျဖစ္ပြားေနသျဖင့္ စက္တင္ဘာ ၅ ရက္ ေဆးခြင့္တစ္လယူ၍ ဖခင္၏ေနအိမ္တြင္ လာေရာက္ေနထုိင္စဥ္ ႀကိဳးဆြဲခ်ေသဆုံးျခင္းျဖစ္ၿပီး အေလာင္းကုိ အင္းစိန္ေဆး႐ုံသို႔ ပို႔ေဆာင္စစ္ေဆးေနေၾကာင္း သိရသည္။

ေသဆုံးသူရဲအရာရွိတြင္ ဇနီး ႏွင့္ သမီးတစ္ဦး က်န္ရစ္ၿပီး ၎သည္ အသက္(၃၄)ႏွစ္ခန္႔ရွိၿပီျဖစ္ကာ ရဲတပ္ဖဲြ႕သို႔၀င္ေရာက္ခဲ့သည္ မွာ ၁၀ ႏွစ္ခန္႔ ရွိၿပီျဖစ္ေၾကာင္း ေလွာ္ကားနယ္ေျမရဲစခန္းမွ သိရ သည္။

အမႈႏွင့္ပတ္သက္၍ ေလွာ္ကားနယ္ေျမရဲစခန္းက ေသမႈေသခင္းျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း ေလွာ္ကားနယ္ေျမရဲစခန္းမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  ရွှေပြည်သာမြို့နယ် (၁၄)ရပ်ကွက် နေအိမ်တစ်အိမ်အရှေ့ရှိ ဗာဒံပင်တွင် အမှတ်(၆)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


သေဆုံးသူ ဒုရဲအုပ်သူရငြိမ်း သည် (၁၄)ရပ်ကွက် အောင်စေတနာလမ်းနေ ၎င်း၏ဖခင် ဦးစံငြိမ်း၏ နေအိမ်ရှေ့တွင် စက်တင်ဘာ ၇ ရက် ညနေက အမြင့် ၇ ပေခန့်ရှိ ဗာဒံပင်သစ်ကိုင်းမှ အရှည်နှစ်ပေခွဲခန့်ရှိသည့် ပိတ်စကြိုးဖြင့် ကြိုးဆွဲချသေဆုံးနေ ကြောင်း လှော်ကားနယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆို သည်။

‘‘သေတဲ့လူက အရင်တုန်းက မန္တလေးအမှတ်(၅)ရဲစခန်းမှာ အ လုပ်သင်တာဝန် ထမ်းဆောင်ခဲ့ဖူးတယ်။ အဲဒီကနေမှ အခုတပ်ရင်း(၆)ကို ရောက်နေတာ။ သေတဲ့လူရဲ့ ခန္ဓာကိုယ်မှာတော့ ကြိုးဒဏ်ရာကလွဲပြီး တခြားဒဏ်ရာတော့ မရှိပါဘူး။ ကြိုးဆွဲချသေ တာပါ’’ဟု အထက်ပါအရာရှိက ဆိုသည်။

သေဆုံးသူ ဒုရဲအုပ်သည် အစာအိမ်ရောဂါ ဖြစ်ပွားနေသဖြင့် စက်တင်ဘာ ၅ ရက် ဆေးခွင့်တစ်လယူ၍ ဖခင်၏နေအိမ်တွင် လာရောက်နေထိုင်စဉ် ကြိုးဆွဲချသေဆုံးခြင်းဖြစ်ပြီး အလောင်းကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်စစ်ဆေးနေကြောင်း သိရသည်။

သေဆုံးသူရဲအရာရှိတွင် ဇနီး နှင့် သမီးတစ်ဦး ကျန်ရစ်ပြီး ၎င်းသည် အသက်(၃၄)နှစ်ခန့်ရှိပြီဖြစ်ကာ ရဲတပ်ဖွဲ့သို့ဝင်ရောက်ခဲ့သည် မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်ကြောင်း လှော်ကားနယ်မြေရဲစခန်းမှ သိရ သည်။

အမှုနှင့်ပတ်သက်၍ လှော်ကားနယ်မြေရဲစခန်းက သေမှုသေခင်းဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း လှော်ကားနယ်မြေရဲစခန်းမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top