Kantharyar Centre
×


အဆီမ်ားကို ေခ်ဖ်က္ရာတြင္ ေၾကးနီဓာတ္သည္ အဓိကေနရာမွ ပါဝင္လုပ္ေဆာင္ေၾကာင္း ကယ္လီဖိုးနီးယားတကၠသိုလ္မွ သုေတသီ မ်ား ေလ့လာေတြ႕ရွိခဲ့သည္။


ခႏၶာကိုယ္က သံဓာတ္ကို စုပ္ယူရန္၊ ေသြးနီဥမ်ားျဖစ္ေပၚေစရန္ ဆက္စပ္ တစ္႐ွဴးမ်ားျဖစ္ေပၚေစရန္ႏွင့္ ကိုယ္ခံအားစနစ္ကို အ ေထာက္အကူျပဳရန္ ေၾကးနီဓာတ္လိုအပ္သည္။

အဆီမ်ားကို စြမ္းအင္အတြက္ အသံုးျပဳႏုိင္ရန္ အဆီဆဲလ္မ်ားကို ေခ်ဖ်က္ပစ္ရာတြင္ ေၾကးနီဓာတ္သည္ မရွိမျဖစ္လိုအပ္ေၾကာင္း မိမိတို႔ေလ့လာေတြ႕ရွိခဲ့သည္ဟု သုေတသီမ်ားကေျပာသည္။

ခႏၶာကိုယ္ထဲတြင္ ေၾကးနီဓာတ္က ထိန္းညႇိေပးေသာ အရာတစ္ခုအျဖစ္ လုပ္ေဆာင္ၿပီး ေၾကးနီဓာတ္မ်ားေလ အဆီမ်ား ပိုမိုေခ်ဖ်က္ႏုိင္ေလျဖစ္ေၾကာင္း သိရသည္။

ေၾကးနီဓာတ္ခ်ိဳ႕တဲ့ျခင္းေၾကာင့္ အဝလြန္မႈႏွင့္ ယင္းႏွင့္ဆက္ စပ္သည့္ ေရာဂါမ်ားျဖစ္ေပၚႏုိင္ျခင္း ရွိ၊ မရွိဆိုျခင္းကို ေလ့လာရဦးမည္ဟု သုေတသီမ်ားက ေျပာသည္။

ယင္းအာဟာရဓာတ္သည္ ခ႐ု၊ ကမာႏွင့္ အျခားအခြံမာ ပင္ လယ္သတၱဝါမ်ား အစိမ္းေရာင္အရြက္မ်ား၊ မိႈမ်ား၊ အေစ့အဆန္ မ်ားႏွင့္ ပဲမ်ားကဲ့သို႔ အစားအစာမ်ားတြင္ အမ်ားအျပား ပါဝင္ သည္။

အရြယ္ေရာက္ၿပီးသူတစ္ဦးသည္ အစားအေသာက္မွ ေၾကးနီဓာတ္ တစ္ေန႔လွ်င္ ၇၀၀ မိုက္ခ႐ိုဂရမ္ရရွိရန္ လိုအပ္ေၾကာင္း ပညာရွင္မ်ား၏အဆိုအရ သိရသည္။

ေၾကးနီဓာတ္ကို ခႏၶာကိုယ္က မထုတ္လုပ္ႏိုင္ေသာေၾကာင့္ အစားအေသာက္မွ ယင္းအာဟာရဓာတ္ရရန္ လိုအပ္သည္ဟု သု ေတသီမ်ားက ေျပာသည္။

သို႔ေသာ္ ေၾကးနီဓာတ္စားသံုးမႈႏွင့္ပတ္သက္၍ သုေတသီမ်ား က သတိေပးထားၿပီး ေၾကးနီဓာတ္စားသံုးမႈ အလြန္မ်ားပါက အျခား မရွိမျဖစ္လိုအပ္ေသာ သတၱဳဓာတ္မ်ားႏွင့္ ဟန္ခ်က္မညီျဖစ္လာႏိုင္သည္ဟု ေျပာသည္။

ထို႔ျပင္ ေၾကးနီဓာတ္သည္ အာ႐ံုေၾကာဆုိင္ရာ  အခ်က္ျပမႈမ်ား ရပ္တန္႔ရန္ အခ်ိန္က်လာပါက ဘရိတ္တစ္ခုကဲ့သို႔ လုပ္ေဆာင္ကာ ဦးေႏွာက္ဆဲလ္မ်ား  အခ်င္းခ်င္း ဆက္သြယ္မႈကို အေထာက္အကူ ျပဳေပးေၾကာင္း သုေတသီမ်ား ေလ့လာေတြ႕ရွိခဲ့သည္။

မိမိတို႔၏ ေလ့လာေတြ႕ရွိမႈသည္ အဝလြန္ျဖစ္ျခင္းကို တိုက္ဖ်က္ရန္ႏွင့္ ကာကြယ္ရာတြင္ အေထာက္အကူျပဳမည္ဟု ေမွ်ာ္လင့္ ေၾကာင္း သုေတသီမ်ားက ေျပာၾကားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အဆီများကို ချေဖျက်ရာတွင် ကြေးနီဓာတ်သည် အဓိကနေရာမှ ပါဝင်လုပ်ဆောင်ကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီ များ လေ့လာတွေ့ရှိခဲ့သည်။


ခန္ဓာကိုယ်က သံဓာတ်ကို စုပ်ယူရန်၊ သွေးနီဥများဖြစ်ပေါ်စေရန် ဆက်စပ် တစ်ရှူးများဖြစ်ပေါ်စေရန်နှင့် ကိုယ်ခံအားစနစ်ကို အ ထောက်အကူပြုရန် ကြေးနီဓာတ်လိုအပ်သည်။

အဆီများကို စွမ်းအင်အတွက် အသုံးပြုနိုင်ရန် အဆီဆဲလ်များကို ချေဖျက်ပစ်ရာတွင် ကြေးနီဓာတ်သည် မရှိမဖြစ်လိုအပ်ကြောင်း မိမိတို့လေ့လာတွေ့ရှိခဲ့သည်ဟု သုတေသီများကပြောသည်။

ခန္ဓာကိုယ်ထဲတွင် ကြေးနီဓာတ်က ထိန်းညှိပေးသော အရာတစ်ခုအဖြစ် လုပ်ဆောင်ပြီး ကြေးနီဓာတ်များလေ အဆီများ ပိုမိုချေဖျက်နိုင်လေဖြစ်ကြောင်း သိရသည်။

ကြေးနီဓာတ်ချို့တဲ့ခြင်းကြောင့် အဝလွန်မှုနှင့် ယင်းနှင့်ဆက် စပ်သည့် ရောဂါများဖြစ်ပေါ်နိုင်ခြင်း ရှိ၊ မရှိဆိုခြင်းကို လေ့လာရဦးမည်ဟု သုတေသီများက ပြောသည်။

ယင်းအာဟာရဓာတ်သည် ခရု၊ ကမာနှင့် အခြားအခွံမာ ပင် လယ်သတ္တဝါများ အစိမ်းရောင်အရွက်များ၊ မှိုများ၊ အစေ့အဆန် များနှင့် ပဲများကဲ့သို့ အစားအစာများတွင် အများအပြား ပါဝင် သည်။

အရွယ်ရောက်ပြီးသူတစ်ဦးသည် အစားအသောက်မှ ကြေးနီဓာတ် တစ်နေ့လျှင် ၇၀၀ မိုက်ခရိုဂရမ်ရရှိရန် လိုအပ်ကြောင်း ပညာရှင်များ၏အဆိုအရ သိရသည်။

ကြေးနီဓာတ်ကို ခန္ဓာကိုယ်က မထုတ်လုပ်နိုင်သောကြောင့် အစားအသောက်မှ ယင်းအာဟာရဓာတ်ရရန် လိုအပ်သည်ဟု သု တေသီများက ပြောသည်။

သို့သော် ကြေးနီဓာတ်စားသုံးမှုနှင့်ပတ်သက်၍ သုတေသီများ က သတိပေးထားပြီး ကြေးနီဓာတ်စားသုံးမှု အလွန်များပါက အခြား မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များနှင့် ဟန်ချက်မညီဖြစ်လာနိုင်သည်ဟု ပြောသည်။

ထို့ပြင် ကြေးနီဓာတ်သည် အာရုံကြောဆိုင်ရာ  အချက်ပြမှုများ ရပ်တန့်ရန် အချိန်ကျလာပါက ဘရိတ်တစ်ခုကဲ့သို့ လုပ်ဆောင်ကာ ဦးနှောက်ဆဲလ်များ  အချင်းချင်း ဆက်သွယ်မှုကို အထောက်အကူ ပြုပေးကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

မိမိတို့၏ လေ့လာတွေ့ရှိမှုသည် အဝလွန်ဖြစ်ခြင်းကို တိုက်ဖျက်ရန်နှင့် ကာကွယ်ရာတွင် အထောက်အကူပြုမည်ဟု မျှော်လင့် ကြောင်း သုတေသီများက ပြောကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top