Kantharyar Centre
×

ရန္ကုန္တိုင္း ေဒသၾကီး အင္းစိန္ျမိဳ႕နယ္ စက္မႈဇုန္(၃) ဦးထြန္းညိုလမ္းသြယ္အတြင္း 23.9.2016 စက္တင္ဘာလ (၂၃)ရက္ေန႕ နံနက္(၁)နာရီ အခ်ိန္ခန္႕တြင္ (၂၂)တြဲကား ယာဥ္ေနာက္လိုက္မွ တြဲကား ေအာက္တြင္အိပ္ေပ်ာ္ေနစဥ္ ကားၾကိတ္ေသဆံုးမႈ ျဖစ္ပြားခဲ့သည္။



ျဖစ္စဥ္မွာ ေရႊကြ်န္းမ႑ိဳင္ ပဲဂိုေထာင္တြင္ ကုန္ပစၥည္းမ်ားတင္ရန္ ဦးထြန္းညိုလမ္းသြယ္ အတြင္း 1K-9886 (၂၂)တြဲကား/ယာဥ္ေမာင္းျဖစ္သူ ဦးထြန္းေအး မွ ၎၏တြဲကားအားအလွည့္ေစာင့္ရင္း ရပ္နားထားခဲ့သည္။
၎အခ်ိန္တြင္ ယာဥ္ေနာက္လိုက္ျဖစ္သူ ဦးျမိဳ႕စံ မွ တြဲကားေအာက္တြင္ ပလပ္စတစ္ျမက္ျဖာခင္းကာ ဝင္
ေရာက္ အိပ္ေပ်ာ္ေနခဲ့သည္။ တြဲကားမွာ အလွည့္က်၍ ထြက္ခြာစဥ္ တြဲကား ဘယ္ဘက္ေနာက္ဘီးျဖင့္ ၾကိတ္မိကာ ဦးျမိဳ႕စံသည္ ဘယ္ဘက္ဦးေခါင္း ကြဲေၾကကာ ဦးေႏွာက္ထြက္၍ ေနရာတြင္ ေသဆံုး
ခဲ့သည္။

၎ျဖစ္စဥ္အရ ယာဥ္ေမာင္းျဖစ္သူအား အင္းစိန္ျမိဳ႕မရဲစခန္းမွ ယာဥ္(ပ)၈၃/၁၆ ပုဒ္မ ၃၀၄(က)ျဖင့္ အမႈဖြင့္လွစ္ျပီး အမႈစစ္ရဲအုပ္ေအာင္ေဇာ္ဝင္းမွ စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရွိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin


#Unicode Version
ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် စက်မှုဇုန်(၃) ဦးထွန်းညိုလမ်းသွယ်အတွင်း 23.9.2016 စက်တင်ဘာလ (၂၃)ရက်နေ့ နံနက်(၁)နာရီ အချိန်ခန့်တွင် (၂၂)တွဲကား ယာဉ်နောက်လိုက်မှ တွဲကား အောက်တွင်အိပ်ပျော်နေစဉ် ကားကြိတ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ ရွှေကျွန်းမဏ္ဍိုင် ပဲဂိုထောင်တွင် ကုန်ပစ္စည်းများတင်ရန် ဦးထွန်းညိုလမ်းသွယ် အတွင်း 1K-9886 (၂၂)တွဲကား/ယာဉ်မောင်းဖြစ်သူ ဦးထွန်းအေး မှ ၎င်း၏တွဲကားအားအလှည့်စောင့်ရင်း ရပ်နားထားခဲ့သည်။
၎င်းအချိန်တွင် ယာဉ်နောက်လိုက်ဖြစ်သူ ဦးမြို့စံ မှ တွဲကားအောက်တွင် ပလပ်စတစ်မြက်ဖြာခင်းကာ ဝင်
ရောက် အိပ်ပျော်နေခဲ့သည်။ တွဲကားမှာ အလှည့်ကျ၍ ထွက်ခွာစဉ် တွဲကား ဘယ်ဘက်နောက်ဘီးဖြင့် ကြိတ်မိကာ ဦးမြို့စံသည် ဘယ်ဘက်ဦးခေါင်း ကွဲကြေကာ ဦးနှောက်ထွက်၍ နေရာတွင် သေဆုံး
ခဲ့သည်။

၎င်းဖြစ်စဉ်အရ ယာဉ်မောင်းဖြစ်သူအား အင်းစိန်မြို့မရဲစခန်းမှ ယာဉ်(ပ)၈၃/၁၆ ပုဒ်မ ၃၀၄(က)ဖြင့် အမှုဖွင့်လှစ်ပြီး အမှုစစ်ရဲအုပ်အောင်ဇော်ဝင်းမှ စစ်ဆေးဆောင်ရွက်နေကြောင်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top