Property Expo
×

 အေမရိကန္သမၼတ ေရြးေကာက္ပဲြမ်ားသည္ တစ္ကမၻာလံုးက စိတ္၀င္တစားျဖင့္ ေစာင့္ၾကည့္ရေသာ ေရြးေကာက္ပဲြမ်ား ျဖစ္ခဲ့သည္။

          ရီပတ္ဘလီကန္ပါတီမွ သမၼတေလာင္း ဒုိနယ္ထရမ့္သည္ စည္းလြတ္ ေဘာင္လြတ္ ေနထုိင္ေျပာဆိုသူ ျဖစ္ၿပီး ဒီမုိကရက္တစ္ပါတီမွ ဟီလာရီ ကလင္တန္သည္ ႏုိင္ငံျခားေရး၀န္ႀကီး အျဖစ္ တာ၀န္ ထမ္းေဆာင္ခ်ိန္တြင္ ၀န္ႀကီးဌာန၏ စည္းမ်ဥ္းမ်ားကို ခ်ဳိးေဖာက္ခဲ့ေသာေၾကာင့္ သူတု႔ိႏွစ္ဦးသည္ စိတ္ပိုင္းဆိုင္ရာ ပံုမွန္ရွိသူမ်ား ဟုတ္မဟုတ္ သံသယရွိစရာ ျဖစ္လာခဲ့သည္။

          ေအာက္စဖို႔ဒ္ တကၠသိုလ္မွ ေဒါက္တာ ကီဗင္ဒတ္တန္သည္ စိတ္ေ၀ဒနာရွင္ ျဖစ္ႏိုင္သည့္ ကိုယ္ရည္ ကိုယ္ေသြး တိုင္းတာမႈ (PPI-R) ကုိ အသံုးျပဳၿပီး သမိုင္း၀င္ေခါင္းေဆာင္မ်ားႏွင့္ အေမရိကန္ သမၼတေလာင္းမ်ား၏ စိတ္ေ၀ဒနာရွင္ ျဖစ္ႏုိင္ေျခ ကုိယ္ရည္ ကုိယ္ေသြးမ်ားကို ေလ့လာသံုးသပ္ခဲ့သည္။

          ဒတ္တန္သည္  သမိုင္း၀င္ ေခါင္းေဆာင္မ်ား၏ အတၳပတ္ၱိမ်ားကို ေရးသားခဲ့သူမ်ားအား ဆက္သြယ္ကာ သူတို႔ေရးသားခဲ့သည့္ ေခါင္းေဆာင္မ်ား၏ ကိုယ္ရည္ကိုယ္ေသြးႏွင့္ ပတ္သက္ၿပီး PPI-R စစ္တမ္းကို ေျဖဆိုေစခဲ့သည္။

          မွတ္တမ္းတြင္ စိတ္ေ၀ဒနာရွင္မ်ားတြင္ ကိုယ္ရည္ ကိုယ္ေသြး အေျခအေနရွစ္မ်ဳိး ရွိေၾကာင္း ျပသေနသည္။ ပထမသံုးခ်က္မွာ အေၾကာက္တရားမဲ့ လႊမ္းမိုးမႈ ကုိယ္ရည္ ကိုယ္ေသြးဟု အမည္ေပးခံထားရသည့္ လူမႈၾသဇာသက္ေရာက္မႈ၊ အေၾကာက္တရားကင္းမႈႏွင့္ စိတ္ဖိစီးမႈကို ခံႏုိင္မႈတို႔ျဖစ္သည္။

          ဒုတိယ ကိုယ္ရည္ ကိုယ္ေသြး ေလးခ်က္ကိုမူ အတၱဗဟိုျပဳ စိတ္ခံစားခ်က္ ဦးစားေပးမႈဟု အမည္ေပးထားသည္။ ယင္းအခ်က္မ်ားမွာ အဖ်က္သေဘာ အက်ဳိးသက္ေရာက္ေစႏုိင္သည္။ ေလးခ်က္မွာ မက္ခီယာဗယ္လီဆန္ဆန္ ကိုယ္က်ဳိးၾကည့္မႈ၊ လူ႔အသုိင္းအ၀ိုင္းႏွင့္ ၀င္မဆံဘဲ ပုန္ကန္တတ္မႈ၊ ျပင္ပအေၾကာင္း တရားကုိသာ အျပစ္ပံုခ်တတ္မႈႏွင့္ ေနာင္ေရးကို ေမွ်ာ္မေတြးဘဲ လုပ္ခ်င္ရာလုပ္မႈတို႔ ျဖစ္ၾကသည္။ ေနာက္ဆံုးတစ္ခ်က္မွာ ေသြးေအးမႈျဖစ္သည္။ ယင္းအခ်က္သည္ စစ္သားမ်ားကို တိုက္ပဲြသို႔ ေစလႊတ္ရန္ ဆံုးျဖတ္ခ်က္ခ်ရာတြင္ အေရးပါသည္။

          ထရမ့္ႏွင့္ ကလင္တန္တို႔သည္ စစ္ေဆးလႊာတြင္ အမွတ္မ်ားစြာ ရရွိခဲ့သည္။ ထရမ့္သည္ ဂ်ဴးလူမ်ဳိးသန္းေပါင္းမ်ားစြာကို သတ္ျဖတ္ခဲ့သည့္ နာဇီဂ်ာမနီ ေခါင္းေဆာင္ ဟစ္တလာႏွင့္ ကိုယ့္ႏုိင္ငံသားမ်ားစြာကို သတ္ျဖတ္ခဲ့သည့္ ယူဂႏၶာအာဏာရွင္ အီဒီအာမင္ႏွင့္ ရမွတ္တူညီေနသည္။ ထရမ့္သည္ အတၱဗဟိုျပဳ စိတ္ခံစားခ်က္ ဦးစားေပးမႈတြင္ အမွတ္မ်ားစြာ ရရွိခဲ့သည္။

          ကလင္တန္မွာမူ မက္ခီယာ ဗယ္လီဆန္ဆန္ ကုိယ္က်ဳိးၾကည့္မႈတြင္ အမွတ္အမ်ားဆံုး ရရွိခဲ့သည္။ ယင္းကဲ့သုိ႔ လူပုဂ္ၢိဳလ္မ်ားသည္ ကုိယ့္ရည္မွန္းခ်က္ ျပည့္ေျမာက္ေစေရး အတြက္ အျခားလူမ်ားအေပၚ အညႇာအတာ ကင္းမဲ့စြာ လုပ္ေဆာင္တတ္သူမ်ား ျဖစ္ၾကသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Messenger

Unicode Version

 အမေရိကန်သမ္မတ ရွေးကောက်ပွဲများသည် တစ်ကမ္ဘာလုံးက စိတ်ဝင်တစားဖြင့် စောင့်ကြည့်ရသော ရွေးကောက်ပွဲများ ဖြစ်ခဲ့သည်။

          ရီပတ်ဘလီကန်ပါတီမှ သမ္မတလောင်း ဒိုနယ်ထရမ့်သည် စည်းလွတ် ဘောင်လွတ် နေထိုင်ပြောဆိုသူ ဖြစ်ပြီး ဒီမိုကရက်တစ်ပါတီမှ ဟီလာရီ ကလင်တန်သည် နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ချိန်တွင် ဝန်ကြီးဌာန၏ စည်းမျဉ်းများကို ချိုးဖောက်ခဲ့သောကြောင့် သူတု့ိနှစ်ဦးသည် စိတ်ပိုင်းဆိုင်ရာ ပုံမှန်ရှိသူများ ဟုတ်မဟုတ် သံသယရှိစရာ ဖြစ်လာခဲ့သည်။

          အောက်စဖို့ဒ် တက္ကသိုလ်မှ ဒေါက်တာ ကီဗင်ဒတ်တန်သည် စိတ်ဝေဒနာရှင် ဖြစ်နိုင်သည့် ကိုယ်ရည် ကိုယ်သွေး တိုင်းတာမှု (PPI-R) ကို အသုံးပြုပြီး သမိုင်းဝင်ခေါင်းဆောင်များနှင့် အမေရိကန် သမ္မတလောင်းများ၏ စိတ်ဝေဒနာရှင် ဖြစ်နိုင်ခြေ ကိုယ်ရည် ကိုယ်သွေးများကို လေ့လာသုံးသပ်ခဲ့သည်။

          ဒတ်တန်သည်  သမိုင်းဝင် ခေါင်းဆောင်များ၏ အတ္ထပတ်္တိများကို ရေးသားခဲ့သူများအား ဆက်သွယ်ကာ သူတို့ရေးသားခဲ့သည့် ခေါင်းဆောင်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ပတ်သက်ပြီး PPI-R စစ်တမ်းကို ဖြေဆိုစေခဲ့သည်။

          မှတ်တမ်းတွင် စိတ်ဝေဒနာရှင်များတွင် ကိုယ်ရည် ကိုယ်သွေး အခြေအနေရှစ်မျိုး ရှိကြောင်း ပြသနေသည်။ ပထမသုံးချက်မှာ အကြောက်တရားမဲ့ လွှမ်းမိုးမှု ကိုယ်ရည် ကိုယ်သွေးဟု အမည်ပေးခံထားရသည့် လူမှုသြဇာသက်ရောက်မှု၊ အကြောက်တရားကင်းမှုနှင့် စိတ်ဖိစီးမှုကို ခံနိုင်မှုတို့ဖြစ်သည်။

          ဒုတိယ ကိုယ်ရည် ကိုယ်သွေး လေးချက်ကိုမူ အတ္တဗဟိုပြု စိတ်ခံစားချက် ဦးစားပေးမှုဟု အမည်ပေးထားသည်။ ယင်းအချက်များမှာ အဖျက်သဘော အကျိုးသက်ရောက်စေနိုင်သည်။ လေးချက်မှာ မက်ခီယာဗယ်လီဆန်ဆန် ကိုယ်ကျိုးကြည့်မှု၊ လူ့အသိုင်းအဝိုင်းနှင့် ဝင်မဆံဘဲ ပုန်ကန်တတ်မှု၊ ပြင်ပအကြောင်း တရားကိုသာ အပြစ်ပုံချတတ်မှုနှင့် နောင်ရေးကို မျှော်မတွေးဘဲ လုပ်ချင်ရာလုပ်မှုတို့ ဖြစ်ကြသည်။ နောက်ဆုံးတစ်ချက်မှာ သွေးအေးမှုဖြစ်သည်။ ယင်းအချက်သည် စစ်သားများကို တိုက်ပွဲသို့ စေလွှတ်ရန် ဆုံးဖြတ်ချက်ချရာတွင် အရေးပါသည်။

          ထရမ့်နှင့် ကလင်တန်တို့သည် စစ်ဆေးလွှာတွင် အမှတ်များစွာ ရရှိခဲ့သည်။ ထရမ့်သည် ဂျူးလူမျိုးသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် နာဇီဂျာမနီ ခေါင်းဆောင် ဟစ်တလာနှင့် ကိုယ့်နိုင်ငံသားများစွာကို သတ်ဖြတ်ခဲ့သည့် ယူဂန္ဓာအာဏာရှင် အီဒီအာမင်နှင့် ရမှတ်တူညီနေသည်။ ထရမ့်သည် အတ္တဗဟိုပြု စိတ်ခံစားချက် ဦးစားပေးမှုတွင် အမှတ်များစွာ ရရှိခဲ့သည်။

          ကလင်တန်မှာမူ မက်ခီယာ ဗယ်လီဆန်ဆန် ကိုယ်ကျိုးကြည့်မှုတွင် အမှတ်အများဆုံး ရရှိခဲ့သည်။ ယင်းကဲ့သို့ လူပုဂ်္ဂိုလ်များသည် ကိုယ့်ရည်မှန်းချက် ပြည့်မြောက်စေရေး အတွက် အခြားလူများအပေါ် အညှာအတာ ကင်းမဲ့စွာ လုပ်ဆောင်တတ်သူများ ဖြစ်ကြသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Messenger
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top