Property Expo
×





၎ - အရပ်ရှည်ရှည် ကောင်မလေးထက် အရပ်ပုပုကောင်မလေးတွေက ပွေ့ချီပြီး ချစ်ကလူကျီစယ်ဖို့ ပိုလို့ကောင်း။








Credit:Momolay

Unicode Version

သင်ဟာ အရပ်ပုပုကောင်မလေး တစ်ယောက်နဲ့ ချစ်သူဖြစ်နေတယ်၊ ဒါမှမဟုတ် ချစ်သူဖြစ်တော့မယ်ဆိုရင်တော့ သင့်ကောင်မလေးကို ဒီဟာလေး ပေးဖတ်လိုက်ပါ။ သူတကယ်ကို သဘောကျသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါဟာသူမကို ပိုင်ဆိုင်ရခြင်းက သင့်အတွက် ကံကောင်းခြင်းတစ်ခု ဖြစ်တယ်ဆိုတဲ့ သက်သေပြချက်ဆိုလည်း မမှားပါဘူး။ ပုပုနုနု ကောင်မလေးတွေကို ပိုင်ဆိုင်ရခြင်းရဲ့ ကောင်းကျိးလေးတွေက ...

၁ - စူပါမားကက်တွေနဲ့ နေအိမ်က စင်မြင့်တွေပေါ်က ပစ္စည်းတွေကို မမှီမကမ်းနဲ့ လှမ်းယူနေတဲ့ မြင်ကွင်းလောက် ချစ်ဖို့ကောင်းတာ မရှိဘူး။

၂ - တစ်ခါတစ်ရံ သင့်ကိုနမ်းချင်တဲ့အခါ ခြေဖျားလေး ထောက်ထောက်နေရတဲ့ သူမပုံစံလေးကလည်း အသည်းယားစရာ။

၃ - အရပ်ပုတဲ့ ကောင်မလေးတွေက ကလေးလေးနဲ့ ပိုတူပြီး ရုပ်ကလေးတွေကလည်း အမြဲနုနေတတ်ပြန်ရော။

၄ - အရပ်ရှည်ရှည် ကောင်မလေးထက် အရပ်ပုပုကောင်မလေးတွေက ပွေ့ချီပြီး ချစ်ကလူကျီစယ်ဖို့ ပိုလို့ကောင်း။

၅ - ခန္ဓာကိုယ်အလှနဲ့ ကြွကြွရွရွဖြစ်စေဖို့ ဒေါက်ဖိနပ် ထူထူကြီးတွေ ဝတ်တဲ့အခါ သင့်ထက်အရပ်ရှည်သွားမှာလည်း မပူရ။


၆ - မျက်နှာချင်းဆိုက် ပွေ့ဖက်တဲ့အခါ ကိုယ့်ရဲ့မေးစေ့လေးနဲ့ သူ့ခေါင်းလေးကို ပွတ်ပေးရင် အရမ်းသဘောကျ။

၇ - သူမစိတ်ဆိုးဒေါသထွက်ပုံလေးကလည်း ရယ်ချင်စရာလေး။

၈ - ကိုယ်တဲ့ မတော်တော့တဲ့ တီရှပ်လေးတွေလည်း သူမကို ပေးဝတ်ခိုင်းလို့ရ။

၉ - လူကောင်သေးတဲ့သူအများစုက စွာတတ်တော့ တော်ယုံတန်ယုံ ကိစ္စဆို သင့်အတွက် ရန်တွေ့ပေးဖို့ ဝန်မလေးဘူး။

၁၀ - နောက်ဆုံးအချက်ကတော့ အရပ်ရှည်ရှည် ကောင်မလေးတွေထက်၊ အရပ်ပုပုကောင်မလေးတွေက ချစ်ဖို့ကောင်းမှုမှာ သာလွန်တာပဲ။


ဖိုးသူတော် (www.phothutaw.com)
Credit:Momolay
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top