Property Expo
×

လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ ခဲ့ေသာ အဆုိေတာ္ နီနီခင္ေဇာ္၏ အိမ္ေထာင္ေရးႏွင့္ပတ္သက္ သည့္ သတင္းမ်ား ထြက္ေပၚလာ ၿပီးေနာက္ ေဆးတကၠသိုလ္ဘြဲ႕ယူစဥ္က ႐ိုက္ကူးခဲ့ေသာ ၎၏ မိသားစု ဓာတ္ပံုႏွင့္ပတ္သက္၍ နီနီခင္ေဇာ္က လူမႈကြန္ရက္စာ မ်က္ႏွာ၌ ပရိသတ္မ်ားကို Live ထုတ္လႊင့္ကာ ရွင္းလင္းခဲ့သည္။

‘‘ဒီကိစၥေလးကို ပရိသတ္ ေတြအားလံုးျမင္ဖို႔က နီနီရဲ႕ဘဝ ကုိ ခ်ခင္းၿပီး အမွန္အတိုင္း နီနီ ေျပာတဲ့စကားေလးျဖစ္ပါတယ္။ ဒါေပမဲ့ ဒီကိစၥေတြအားလံုးေျပာၿပီး သြားတဲ့အခ်ိန္မွာေတာ့ ဘဝမွာ နီနီ တန္ဖိုးအထားဆံုးအရာတစ္ခုရွိ တယ္။ အဲဒါ နီနီ႔ရဲ႕ မိသားစုပါ။ နီနီ အေဖ၊ အေမ၊ နီနီ႔အစ္ကို တန္ဖိုးထားရတဲ့ မိသားစုေလး နီနီဘြဲ႕ ယူတဲ့ေန႔တုန္းကပါ။ ရွားရွားပါး ပါး မိသားစုမဆံုျဖစ္ဘူး။ ႏွစ္ေပါင္းမ်ားစြာ မဆံုျဖစ္တဲ့မိသားစုပါ။ ျပန္လည္ဆံုစည္းတဲ့ေန႔မွာ အမွတ္ တရ ႐ိုက္ထားတဲ့ပံုေလးပါ။ နီနီ႔ အေဖရယ္၊ အေမရယ္၊ အစ္ကို ရယ္ ေလးေယာက္ ျမတ္ျမတ္ႏိုးႏိုး နဲ႔ ခက္ခက္ခဲခဲ ႐ိုက္ထားရတဲ့ ဓာတ္ပံုေလးကို မွားယြင္းစြာ ေဝ ဖန္ခံရတဲ့အတြက္ ေလာေလာ လတ္လတ္မွာ နီနီရဲ႕ မိဘႏွစ္ပါး စိတ္မေကာင္းျဖစ္ရတယ္။ အဲဒီ အတြက္ နီနီ အရင္ေန႔ေတြထက္ ေတာင္ ပိုၿပီးစိတ္ေၾကကြဲရတယ္။ ဒီမိသားစုေလးေယာက္ဆံုဖို႔ အ ရမ္းႀကိဳးစားၿပီး ႐ိုက္ခဲ့ရတဲ့ ပံုေလး ပါ’’ဟု နီနီခင္ေဇာ္က ေျပာသည္။

ယင္းဓာတ္ပံုတြင္ ပါရွိသည့္ ၎၏ ဖခင္ကို ခင္ပြန္းေဟာင္းအ ျဖစ္ လူမႈကြန္ရက္တြင္ ေဝဖန္ေရး သားခဲ့ၾကျခင္းျဖစ္သည္။

တစ္ဆက္တည္း နီနီခင္ေဇာ္ က ၎အတြက္ စိတ္ပူပန္စိုးရိမ္ ေပးခဲ့သည့္ အႏုပညာရွင္မ်ားႏွင့္ ပရိသတ္မ်ားအားလံုးကို ေက်းဇူး တင္ေၾကာင္းႏွင့္ ပရိသတ္ေပး ေသာ ေအးခ်မ္းသည့္ ေမတၱာ ေၾကာင့္ ခြန္အားမ်ားစြာရရွိခဲ့ၿပီး မၾကာမီ အနီေရာင္ စီးရီး၏ DVD ေခြထြက္ရွိရန္ အေကာင္းဆံုးႀကိဳးစား ျပင္ဆင္ေနေၾကာင္းလည္း ေျပာၾကားသည္။

ထုိ႔အျပင္ နီနီခင္ေဇာ္က ေတးေရးေဆာင္းဦးလိႈင္ လြန္ခဲ့သည့္ ေျခာက္လက ေရးသားေပးခဲ့သည့္ သီခ်င္းတစ္ပုဒ္ကိုလည္း သီဆိုျပခဲ့ သည္။

အဆိုပါ သီခ်င္းတြင္ ပါဝင္ ေသာ စာသားမ်ားအနက္ ‘ယူႏုိင္ ပါေစ သင္ခန္းစာမ်ား.. အ႐ႈံးေတြ ျပန္ၿပံဳးျပလိုက္တယ္.. အမုန္းေတြ ျပန္ၿပံဳးျပလိုက္မယ္ မယံုရင္စမ္း ၾကည့္ပါ.. ဒါဟာ ထာဝရေမတၱာ..အမုန္းေတြ အကုန္လံုးဥေပကၡာ.. အ႐ႈံးေတြ တုန္လႈပ္ဒူးမေထာက္ ပါ.. မယံုရင္ စမ္းၾကည့္ပါ.. ဒါဟာထာဝရ သစၥာတရား.. ’ဆုိသည့္ သီခ်င္းစာသားမွာ ပရိသတ္မ်ား အၾကား အားေပးမႈရရွိေနသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
လူမှုကွန်ရက်တွင် ပျံ့နှံ့ ခဲ့သော အဆိုတော် နီနီခင်ဇော်၏ အိမ်ထောင်ရေးနှင့်ပတ်သက် သည့် သတင်းများ ထွက်ပေါ်လာ ပြီးနောက် ဆေးတက္ကသိုလ်ဘွဲ့ယူစဉ်က ရိုက်ကူးခဲ့သော ၎င်း၏ မိသားစု ဓာတ်ပုံနှင့်ပတ်သက်၍ နီနီခင်ဇော်က လူမှုကွန်ရက်စာ မျက်နှာ၌ ပရိသတ်များကို Live ထုတ်လွှင့်ကာ ရှင်းလင်းခဲ့သည်။

‘‘ဒီကိစ္စလေးကို ပရိသတ် တွေအားလုံးမြင်ဖို့က နီနီရဲ့ဘဝ ကို ချခင်းပြီး အမှန်အတိုင်း နီနီ ပြောတဲ့စကားလေးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေအားလုံးပြောပြီး သွားတဲ့အချိန်မှာတော့ ဘဝမှာ နီနီ တန်ဖိုးအထားဆုံးအရာတစ်ခုရှိ တယ်။ အဲဒါ နီနီ့ရဲ့ မိသားစုပါ။ နီနီ အဖေ၊ အမေ၊ နီနီ့အစ်ကို တန်ဖိုးထားရတဲ့ မိသားစုလေး နီနီဘွဲ့ ယူတဲ့နေ့တုန်းကပါ။ ရှားရှားပါး ပါး မိသားစုမဆုံဖြစ်ဘူး။ နှစ်ပေါင်းများစွာ မဆုံဖြစ်တဲ့မိသားစုပါ။ ပြန်လည်ဆုံစည်းတဲ့နေ့မှာ အမှတ် တရ ရိုက်ထားတဲ့ပုံလေးပါ။ နီနီ့ အဖေရယ်၊ အမေရယ်၊ အစ်ကို ရယ် လေးယောက် မြတ်မြတ်နိုးနိုး နဲ့ ခက်ခက်ခဲခဲ ရိုက်ထားရတဲ့ ဓာတ်ပုံလေးကို မှားယွင်းစွာ ဝေ ဖန်ခံရတဲ့အတွက် လောလော လတ်လတ်မှာ နီနီရဲ့ မိဘနှစ်ပါး စိတ်မကောင်းဖြစ်ရတယ်။ အဲဒီ အတွက် နီနီ အရင်နေ့တွေထက် တောင် ပိုပြီးစိတ်ကြေကွဲရတယ်။ ဒီမိသားစုလေးယောက်ဆုံဖို့ အ ရမ်းကြိုးစားပြီး ရိုက်ခဲ့ရတဲ့ ပုံလေး ပါ’’ဟု နီနီခင်ဇော်က ပြောသည်။

ယင်းဓာတ်ပုံတွင် ပါရှိသည့် ၎င်း၏ ဖခင်ကို ခင်ပွန်းဟောင်းအ ဖြစ် လူမှုကွန်ရက်တွင် ဝေဖန်ရေး သားခဲ့ကြခြင်းဖြစ်သည်။

တစ်ဆက်တည်း နီနီခင်ဇော် က ၎င်းအတွက် စိတ်ပူပန်စိုးရိမ် ပေးခဲ့သည့် အနုပညာရှင်များနှင့် ပရိသတ်များအားလုံးကို ကျေးဇူး တင်ကြောင်းနှင့် ပရိသတ်ပေး သော အေးချမ်းသည့် မေတ္တာ ကြောင့် ခွန်အားများစွာရရှိခဲ့ပြီး မကြာမီ အနီရောင် စီးရီး၏ DVD ခွေထွက်ရှိရန် အကောင်းဆုံးကြိုးစား ပြင်ဆင်နေကြောင်းလည်း ပြောကြားသည်။

ထို့အပြင် နီနီခင်ဇော်က တေးရေးဆောင်းဦးလှိုင် လွန်ခဲ့သည့် ခြောက်လက ရေးသားပေးခဲ့သည့် သီချင်းတစ်ပုဒ်ကိုလည်း သီဆိုပြခဲ့ သည်။

အဆိုပါ သီချင်းတွင် ပါဝင် သော စာသားများအနက် ‘ယူနိုင် ပါစေ သင်ခန်းစာများ.. အရှုံးတွေ ပြန်ပြုံးပြလိုက်တယ်.. အမုန်းတွေ ပြန်ပြုံးပြလိုက်မယ် မယုံရင်စမ်း ကြည့်ပါ.. ဒါဟာ ထာဝရမေတ္တာ..အမုန်းတွေ အကုန်လုံးဥပေက္ခာ.. အရှုံးတွေ တုန်လှုပ်ဒူးမထောက် ပါ.. မယုံရင် စမ်းကြည့်ပါ.. ဒါဟာထာဝရ သစ္စာတရား.. ’ဆိုသည့် သီချင်းစာသားမှာ ပရိသတ်များ အကြား အားပေးမှုရရှိနေသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top