Kantharyar Centre
×

လူေတြအသက္အရြယ္ရလာတာနဲ႔အမွ် စြမ္းအင္ေတြေလွ်ာ့နည္းလာၾကပါတယ္။ အသက္ႀကီးတဲ့သူေတြဟာ အမ်ားအားျဖင့္အိမ္ထဲမွာပဲေနတဲ့ အခ်ိန္ေတြမ်ားလာတယ္။ အစားလည္းမ်ားမ်ားမစားႏိုင္ၾကေတာ့ဘဲ မိတ္ေဆြေတြနဲ႔ အခ်ိန္ကုန္ဆံုးတာလည္းနည္းလာပါတယ္။ ဒီလိုမ်ိဳးအေျပာင္းအလဲေတြက အသက္ႀကီးလာရင္ျဖစ္တတ္ၾကေပမယ့္ စိတ္က်ျခင္းရဲ႕လကၡဏာရပ္ေတြလည္း ျဖစ္ႏိုင္ပါတယ္။

 လူႀကီးမ်ားတြင္ ခံစားရေသာစိတ္က်ေရာဂါ ျဖစ္ေစေသာအေၾကာင္းအရင္းမ်ားႏွင့္ ေရာဂါလကၡဏာမ်ား

        ဘဝမွာၾကံဳေတြ႕ရတဲ့ အခ်ိဳ႕ေသာအေျပာင္းအလဲမ်ားကလည္း လူႀကီးေတြကိုစိတ္က်ေရာဂါပိုျဖစ္ေစပါတယ္။ အဲဒါေတြကေတာ့ -

1. နာတာရွည္ကိုက္ခဲျခင္း၊ မွတ္ဉာဏ္ယုတ္ေလ်ာ့ျခင္း စေသာေရာဂါမ်ားႏွင့္ က်န္းမာေရးျပႆနာမ်ားရွိျခင္း

2. အလုပ္မွအနားယူလိုက္တဲ့အခါမွာ ရည္ရြယ္ခ်က္မဲ့သြားျခင္းႏွင့္ ကိုယ္လက္လႈပ္ရွားမႈနည္းသြားျခင္း

3. တစ္ေယာက္တည္းေနရျခင္း (သို႔) သြားလာရခက္ခဲျခင္းေၾကာင့္ အထီးက်န္လာျခင္း။

        ဒီလိုအေျပာင္းအလဲေတြေၾကာင့္ ေသာကေတြ၊ ပူေဆြးမႈေတြကိုၾကံဳေတြ႔ရတတ္ၾကပါတယ္။ အခ်ိန္ေတာ္ေတာ္ၾကာ ဒီလိုေမ်ွာ္လင့္ခ်က္မဲ့သလို ခံစားလာရၿပီဆိုရင္ေတာ့ ပံုမွန္မဟုတ္ေတာ့ပါဘူး။ ကုသမႈခံယူသင့္ ပါတယ္။ ေအာက္ပါအခ်က္ေတြေၾကာင့္လည္း လူႀကီးတစ္ေယာက္မွာ စိတ္က်ေရာဂါျဖစ္ေနၿပီဆိုတာကို သိႏိုင္ပါတယ္။

1. တန္ဖိုးမဲ့သလိုခံစားရျခင္း၊ အၿမဲကိုယ့္ကိုယ္ကိုအျပစ္တင္ေနျခင္း

2. စကားေျပာျခင္းႏွင့္ လႈပ္ရွားျခင္းမ်ား ေႏွးေကြးလာျခင္း

3. ေန႔စဥ္လုပ္ငန္းမ်ားတြင္ လုပ္ႏိုင္စြမ္းရည္မ်ားက်ဆင္းလာျခင္း

4. ကိုယ့္ကိုယ္ကိုသတ္ေသခ်င္စိတ္ႏွင့္ ေသခ်င္စိတ္မ်ားရွိျခင္း

ကုထံုးမ်ား

        စိတ္က်ေရာဂါသက္သာေစဖို႔ အိမ္တြင္းမွာပဲေနထိုင္မႈပံုစံေျပာင္းလဲမႈေတြလုပ္ႏိုင္ပါတယ္။

1. တက္တက္ႂကြႂကြေနပါ။

ကိုယ္လက္လႈပ္ရွားျပဳလုပ္ျခင္းဟာ စိတ္ဓာတ္တက္ႂကြေစပါတယ္။ ေဆးဝါးေတြအျပင္ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းပါတြဲလုပ္မယ္ဆိုရင္ စိတ္က်ေရာဂါကုစားရာမွာ ပုိၿပီးထိေရာက္မႈရွိပါတယ္။ ဒါေၾကာင့္ လူႀကီးေတြကိုကုိယ္လက္လႈပ္ရွားေလ့က်င့္ခန္းလုပ္ဖို႔ တိုက္တြန္းသင့္ပါတယ္။ ေလွကားတက္ျခင္း၊ ပံုမွန္အိမ္အလုပ္ေလးေတြ လုပ္ျခင္းလုိမ်ိဳး လႈပ္ရွားမႈနည္းနည္းေလးရွိမယ္ဆိုရင္ေတာင္ စိတ္အေျပာင္းအလဲျဖစ္ေစပါတယ္။

2. လူႀကီးမ်ားကိုတစ္ေယာက္တည္းမထားပါနဲ႔။

လူႀကီးအခ်ိဳ႕ဟာ လူမႈေရးလုပ္ငန္းေတြကေန တျဖည္းျဖည္းေဝးကြာလာေလ့ရွိပါတယ္။ လူအမ်ားနဲ႔ေနမယ္ဆိုရင္ စိတ္က်ေရာဂါကိုသက္သာေစႏိုင္ပါတယ္။ ကိုယ္ခ်စ္တဲ့သူေတြ အသက္ႀကီးလာခ်ိန္မွာစိတ္က်ေရာဂါ မျဖစ္ဘဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနေစႏိုင္ဖို႔ မိသားစုနဲ႔မိတ္ေဆြေတြက ဝိုင္းဝန္းကူညီေပးၾကရပါမယ္။ ဒါေၾကာင့္ ဖုန္းနဲ႔ပဲျဖစ္ျဖစ္ စာပို႔တာပဲျဖစ္ျဖစ္ အသက္ႀကီးသူေတြကုိ ပတ္ဝန္းက်င္နဲ႔ဆက္သြယ္ႏိုင္မယ့္ နည္းလမ္းေလးေတြရွာေပးရပါမယ္။

3. အခ်ိန္မွန္မွန္စားပါ။ အခ်ိန္မွန္မွန္အိပ္ပါ။

အိပ္စက္မႈကင္းမဲ့ျခင္းဟာ အာဟာရကင္းမဲ့ၿပီး သၾကားေတြ၊ ကိုလက္စေရာေတြ အမ်ားႀကီးပါတဲ့ အစားအစာေတြကို အမ်ားႀကီးစားသံုးမိေစႏိုင္လို႔ စိတ္က်ေရာဂါလကၡဏာေတြကို ပိုဆိုးေစပါတယ္။ လူႀကီးေတြကိုတစ္ညကို 7 နာရီကေန 9 နာရီေလာက္ အိပ္စက္ေစၿပီး သစ္သီး၊ ဟင္းသီးဟင္းရြက္နဲ႔ ဂ်ံဳမ်ားစြာပါဝင္တဲ့ က်န္းမာတဲ့အစားအစာေတြ စားဖို႔တိုက္တြန္းေပးပါ။

ဒီလိုလူေနမႈပံုစံအေျပာင္းအလဲေတြက စိတ္က်ေရာဂါကိုမသက္သာေစဘူးဆိုရင္ ဆရာဝန္နဲ႔ေသခ်ာျပၿပီး ကုသမႈခံယူပါ။စိတ္က်ေရာဂါကိုကုသတဲ့ေဆးဝါးမ်ားေပးျခင္း၊ ႏွစ္သိမ့္ေဆြးေႏြးျခင္း နည္းလမ္းမ်ားနဲ႔ ေရာဂါ သက္သာေအာင္ကုသေပးပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: drmyanmar

#Unicode Version

လူတွေအသက်အရွယ်ရလာတာနဲ့အမျှ စွမ်းအင်တွေလျှော့နည်းလာကြပါတယ်။ အသက်ကြီးတဲ့သူတွေဟာ အများအားဖြင့်အိမ်ထဲမှာပဲနေတဲ့ အချိန်တွေများလာတယ်။ အစားလည်းများများမစားနိုင်ကြတော့ဘဲ မိတ်ဆွေတွေနဲ့ အချိန်ကုန်ဆုံးတာလည်းနည်းလာပါတယ်။ ဒီလိုမျိုးအပြောင်းအလဲတွေက အသက်ကြီးလာရင်ဖြစ်တတ်ကြပေမယ့် စိတ်ကျခြင်းရဲ့လက္ခဏာရပ်တွေလည်း ဖြစ်နိုင်ပါတယ်။

 လူကြီးများတွင် ခံစားရသောစိတ်ကျရောဂါ ဖြစ်စေသောအကြောင်းအရင်းများနှင့် ရောဂါလက္ခဏာများ

        ဘဝမှာကြုံတွေ့ရတဲ့ အချို့သောအပြောင်းအလဲများကလည်း လူကြီးတွေကိုစိတ်ကျရောဂါပိုဖြစ်စေပါတယ်။ အဲဒါတွေကတော့ -

1. နာတာရှည်ကိုက်ခဲခြင်း၊ မှတ်ဉာဏ်ယုတ်လျော့ခြင်း စသောရောဂါများနှင့် ကျန်းမာရေးပြဿနာများရှိခြင်း

2. အလုပ်မှအနားယူလိုက်တဲ့အခါမှာ ရည်ရွယ်ချက်မဲ့သွားခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုနည်းသွားခြင်း

3. တစ်ယောက်တည်းနေရခြင်း (သို့) သွားလာရခက်ခဲခြင်းကြောင့် အထီးကျန်လာခြင်း။

        ဒီလိုအပြောင်းအလဲတွေကြောင့် သောကတွေ၊ ပူဆွေးမှုတွေကိုကြုံတွေ့ရတတ်ကြပါတယ်။ အချိန်တော်တော်ကြာ ဒီလိုမျှော်လင့်ချက်မဲ့သလို ခံစားလာရပြီဆိုရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။ ကုသမှုခံယူသင့် ပါတယ်။ အောက်ပါအချက်တွေကြောင့်လည်း လူကြီးတစ်ယောက်မှာ စိတ်ကျရောဂါဖြစ်နေပြီဆိုတာကို သိနိုင်ပါတယ်။

1. တန်ဖိုးမဲ့သလိုခံစားရခြင်း၊ အမြဲကိုယ့်ကိုယ်ကိုအပြစ်တင်နေခြင်း

2. စကားပြောခြင်းနှင့် လှုပ်ရှားခြင်းများ နှေးကွေးလာခြင်း

3. နေ့စဉ်လုပ်ငန်းများတွင် လုပ်နိုင်စွမ်းရည်များကျဆင်းလာခြင်း

4. ကိုယ့်ကိုယ်ကိုသတ်သေချင်စိတ်နှင့် သေချင်စိတ်များရှိခြင်း

ကုထုံးများ

        စိတ်ကျရောဂါသက်သာစေဖို့ အိမ်တွင်းမှာပဲနေထိုင်မှုပုံစံပြောင်းလဲမှုတွေလုပ်နိုင်ပါတယ်။

1. တက်တက်ကြွကြွနေပါ။

ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းဟာ စိတ်ဓာတ်တက်ကြွစေပါတယ်။ ဆေးဝါးတွေအပြင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပါတွဲလုပ်မယ်ဆိုရင် စိတ်ကျရောဂါကုစားရာမှာ ပိုပြီးထိရောက်မှုရှိပါတယ်။ ဒါကြောင့် လူကြီးတွေကိုကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းသင့်ပါတယ်။ လှေကားတက်ခြင်း၊ ပုံမှန်အိမ်အလုပ်လေးတွေ လုပ်ခြင်းလိုမျိုး လှုပ်ရှားမှုနည်းနည်းလေးရှိမယ်ဆိုရင်တောင် စိတ်အပြောင်းအလဲဖြစ်စေပါတယ်။

2. လူကြီးများကိုတစ်ယောက်တည်းမထားပါနဲ့။

လူကြီးအချို့ဟာ လူမှုရေးလုပ်ငန်းတွေကနေ တဖြည်းဖြည်းဝေးကွာလာလေ့ရှိပါတယ်။ လူအများနဲ့နေမယ်ဆိုရင် စိတ်ကျရောဂါကိုသက်သာစေနိုင်ပါတယ်။ ကိုယ်ချစ်တဲ့သူတွေ အသက်ကြီးလာချိန်မှာစိတ်ကျရောဂါ မဖြစ်ဘဲ ပျော်ပျော်ရွှင်ရွှင်နေစေနိုင်ဖို့ မိသားစုနဲ့မိတ်ဆွေတွေက ဝိုင်းဝန်းကူညီပေးကြရပါမယ်။ ဒါကြောင့် ဖုန်းနဲ့ပဲဖြစ်ဖြစ် စာပို့တာပဲဖြစ်ဖြစ် အသက်ကြီးသူတွေကို ပတ်ဝန်းကျင်နဲ့ဆက်သွယ်နိုင်မယ့် နည်းလမ်းလေးတွေရှာပေးရပါမယ်။

3. အချိန်မှန်မှန်စားပါ။ အချိန်မှန်မှန်အိပ်ပါ။

အိပ်စက်မှုကင်းမဲ့ခြင်းဟာ အာဟာရကင်းမဲ့ပြီး သကြားတွေ၊ ကိုလက်စရောတွေ အများကြီးပါတဲ့ အစားအစာတွေကို အများကြီးစားသုံးမိစေနိုင်လို့ စိတ်ကျရောဂါလက္ခဏာတွေကို ပိုဆိုးစေပါတယ်။ လူကြီးတွေကိုတစ်ညကို 7 နာရီကနေ 9 နာရီလောက် အိပ်စက်စေပြီး သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ဂျုံများစွာပါဝင်တဲ့ ကျန်းမာတဲ့အစားအစာတွေ စားဖို့တိုက်တွန်းပေးပါ။

ဒီလိုလူနေမှုပုံစံအပြောင်းအလဲတွေက စိတ်ကျရောဂါကိုမသက်သာစေဘူးဆိုရင် ဆရာဝန်နဲ့သေချာပြပြီး ကုသမှုခံယူပါ။စိတ်ကျရောဂါကိုကုသတဲ့ဆေးဝါးများပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်း နည်းလမ်းများနဲ့ ရောဂါ သက်သာအောင်ကုသပေးပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: drmyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top