Property Expo
×

 ဗင္နီဇြဲလား ေဆး႐ံုတစ္ခုတြင္ ေမြးကင္းစ ကေလးငယ္မ်ားကို ကတ္ထူစကၠဴပံုးခြံမ်ားထဲ ထည့္ထားသည့္ ဓာတ္ပံုမ်ားေၾကာင့္ ႏုိင္ငံ၏ က်န္းမာေရး ေစာင့္ေရွာက္မႈ အရည္အေသြးေပၚ ေဝဖန္ ေမးခြန္းထုတ္မႈမ်ား ထြက္ေပၚလာသည္။

အဆိုပါ ဓာတ္ပံုမ်ားကို အတိုက္အခံ ႏုိင္ငံေရး အဖဲြ႕တစ္ခုက ထုတ္ျပန္ခဲ့ၿပီး အစိုးရ၏ က်န္းမာေရး ေစာင့္ေရွာက္မႈ အားနည္းခ်က္ကို မီးေမာင္းထိုးျပခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံုမ်ားထဲတြင္ ေမြးကင္းစ ကေလးငယ္ေလးမ်ားကို ကတ္ထူစကၠဴပံုး တစ္ပံုးစီတြင္ ထည့္ကာ ခံုတန္းရွည္ တစ္ခုေပၚ အစီအရီ တင္ထားသည္ကို ေတြ႕ျမင္ေနရသည္။

ေဆး႐ံု ဝန္ထမ္းတစ္ဦးက အဆုိပါ ဓာတ္ပံုမ်ားကို လွ်ိဳ႕ဝွက္႐ိုက္ယူခဲ့ၿပီး ထိုမွတဆင့္ တရားဝင္ လူသိရွင္ၾကား ထုတ္ျပန္သည့္ အဖြဲ႕အစည္းလက္သို႔ လႊဲေပးႏုိင္ခဲ့ျခင္း ျဖစ္သည္။ ဗင္နီဇြဲလား အတုိက္အခံ ႏုိင္ငံေရး အင္အားစုမ်ားက က်န္းမာေရး ေစာင့္ေရွာက္မႈ က႑တြင္ ကပ္ဆိုက္ေနေၾကာင္း ကာလရွည္ၾကာ ေဝဖန္ေနခဲ့ၿပီး ျဖစ္သည္။

အဆိုပါ ဓာတ္ပံုမ်ားကို အစိုးရပိုင္ ဂုဇ္မန္းလန္ဒါး ေဆး႐ံုတြင္ ႐ိုက္ယူခဲ့ျခင္းဟု ဆိုသည္။ အဆိုပါေဆး႐ံုသည္ ကာရာကက္စ္ ၿမိဳ႕ေတာ္ အေ႐ွ႕ဘက္ မုိင္ ၂၀၀ နီးပါးအကြာ ကမ္းေျခၿမိဳ႕ ဘာစီလိုနာ (စပိန္မွ ဘာစီလိုနာ မဟုတ္)တြင္ တည္ရွိသည္။ သို႔ေသာ္ ဓာတ္ပံုမ်ားကို မည္သည့္အခ်ိန္က ႐ိုက္ယူခဲ့ျခင္း ဆိုသည္ကိုမူ ကြဲကြဲျပားျပား ေဖာ္ျပမထားေခ်။

“ဒီလိုအေျခအေနဟာ လက္ခံႏုိင္စရာ မဟုတ္ပါဘူး။ ဘယ္လုိ အေရးယူ ကိုင္တြယ္ရမလဲ ဆိုတာကို စဉ္းစားေနပါတယ္”ဟု ဗင္နီဇြဲလား လူမႈလံုၿခံဳေရးဌာန ဥကၠ႒ ကားလို႔စ္ ႐ိုတြန္ဒါ႐ိုက Twitterတြင္ ေရးသားခဲ့သည္။ သို႔ေသာ္လည္း ၎က ႏုိင္ငံ၏ က်န္းမာေရး ေစာင့္ေရွာက္မႈ စနစ္တစ္ခုလံုးကို အျပစ္တင္ရန္ မျဖစ္ႏုိင္ဟု ကာကြယ္ ေျပာၾကားခဲ့သည္။

“ကၽြန္ေတာ္တုိ႔ရဲ႕ လက္ေအာက္ခံ ေဆး႐ံုေတြဟာ လူနာ ရာေပါင္းမ်ားစြာကို ေစာင့္ေရွာက္ ကုသေပးေနတာပါ။ ဒီအခ်က္ေတြကို မီဒီယာတခ်ိဳ႕က ဖံုးကြယ္ထားတာ ျဖစ္ပါတယ္။ အခုေတာ့ ပ်က္ကြက္မႈေတြနဲ႔ ပတ္သက္လုိ႔ ကၽြန္ေတာ္တုိ႔ ပိုသိလာပါၿပီ။ လုပ္စရာရွိတာကိုေတာ့ ဆက္လုပ္မွာပါ”ဟု ၎က ဆိုသည္။

အစိုးရေဆး႐ံုမ်ား စီမံကြပ္ကဲေရး ဌာနက လက္ရွိတြင္ အသံုးျပဳေနသည္ဆိုေသာ ပလပ္စတစ္ ကေလးပုခက္ငယ္မ်ားႏွင့္ ေဆး႐ံုတြင္ ဓာတ္ပံုကို ထုတ္ျပန္ခဲ့သည္။ ထို႔အျပင္ ယခုျပႆနာ ျဖစ္ခဲ့သည့္ ေဆး႐ံုသည္ ဇန္နဝါရီမွစ၍ ကေလးငယ္ ၄၀၀၀ ေက်ာ္ကို ေအာင္ျမင္စြာ ေမြးဖြားေပးႏိုင္ခဲ့ေၾကာင္းလည္း ဌာနက ေၾကညာထားသည္။

ဗင္နီဇြဲလားသည္ စီးပြားေရး အက်ပ္အတည္းမ်ားႏွင့္ ႀကံဳေတြ႕ေနရၿပီး ႏိုင္ငံသား အမ်ားအျပားသည္ အေျခခံ က်န္းမာေရး ေစာင့္ေရွာက္မႈႏွင့္ ေဆးဝါး အေထာက္အပံ့မ်ား မရရွိဘဲ အစိုးရ၏ တာဝန္ပ်က္ကြက္မႈမ်ား ျဖစ္ေပၚေနေၾကာင္း ေဝဖန္မႈမ်ားလည္း ထြက္ေပၚေနသည္။ သမၼတ နစ္ကိုလက္စ္ မာ႐ူဒိုသည္ ႏုိင္ငံ စီးပြားေရး ျပန္လည္ ဦးေမာ့လာရန္ ႀကိဳးစား ေဆာင္ရြက္ေနေသာ္လည္း ျပည္တြင္းတြင္ ေဆးႏွင့္ က်န္းမာေရး အေထာက္အပံ့ ပစၥည္း စက္႐ံု အမ်ားအျပား ပိတ္သိမ္းေနရဆဲ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:CNN

#Unicode Version
 ဗင်နီဇွဲလား ဆေးရုံတစ်ခုတွင် မွေးကင်းစ ကလေးငယ်များကို ကတ်ထူစက္ကူပုံးခွံများထဲ ထည့်ထားသည့် ဓာတ်ပုံများကြောင့် နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးပေါ် ဝေဖန် မေးခွန်းထုတ်မှုများ ထွက်ပေါ်လာသည်။


အဆိုပါ ဓာတ်ပုံများကို အတိုက်အခံ နိုင်ငံရေး အဖွဲ့တစ်ခုက ထုတ်ပြန်ခဲ့ပြီး အစိုးရ၏ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းချက်ကို မီးမောင်းထိုးပြခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံများထဲတွင် မွေးကင်းစ ကလေးငယ်လေးများကို ကတ်ထူစက္ကူပုံး တစ်ပုံးစီတွင် ထည့်ကာ ခုံတန်းရှည် တစ်ခုပေါ် အစီအရီ တင်ထားသည်ကို တွေ့မြင်နေရသည်။

ဆေးရုံ ဝန်ထမ်းတစ်ဦးက အဆိုပါ ဓာတ်ပုံများကို လျှို့ဝှက်ရိုက်ယူခဲ့ပြီး ထိုမှတဆင့် တရားဝင် လူသိရှင်ကြား ထုတ်ပြန်သည့် အဖွဲ့အစည်းလက်သို့ လွှဲပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဗင်နီဇွဲလား အတိုက်အခံ နိုင်ငံရေး အင်အားစုများက ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွင် ကပ်ဆိုက်နေကြောင်း ကာလရှည်ကြာ ဝေဖန်နေခဲ့ပြီး ဖြစ်သည်။

အဆိုပါ ဓာတ်ပုံများကို အစိုးရပိုင် ဂုဇ်မန်းလန်ဒါး ဆေးရုံတွင် ရိုက်ယူခဲ့ခြင်းဟု ဆိုသည်။ အဆိုပါဆေးရုံသည် ကာရာကက်စ် မြို့တော် အရှေ့ဘက် မိုင် ၂၀၀ နီးပါးအကွာ ကမ်းခြေမြို့ ဘာစီလိုနာ (စပိန်မှ ဘာစီလိုနာ မဟုတ်)တွင် တည်ရှိသည်။ သို့သော် ဓာတ်ပုံများကို မည်သည့်အချိန်က ရိုက်ယူခဲ့ခြင်း ဆိုသည်ကိုမူ ကွဲကွဲပြားပြား ဖော်ပြမထားချေ။

“ဒီလိုအခြေအနေဟာ လက်ခံနိုင်စရာ မဟုတ်ပါဘူး။ ဘယ်လို အရေးယူ ကိုင်တွယ်ရမလဲ ဆိုတာကို စဉ်းစားနေပါတယ်”ဟု ဗင်နီဇွဲလား လူမှုလုံခြုံရေးဌာန ဥက္ကဋ္ဌ ကားလို့စ် ရိုတွန်ဒါရိုက Twitterတွင် ရေးသားခဲ့သည်။ သို့သော်လည်း ၎င်းက နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တစ်ခုလုံးကို အပြစ်တင်ရန် မဖြစ်နိုင်ဟု ကာကွယ် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ လက်အောက်ခံ ဆေးရုံတွေဟာ လူနာ ရာပေါင်းများစွာကို စောင့်ရှောက် ကုသပေးနေတာပါ။ ဒီအချက်တွေကို မီဒီယာတချို့က ဖုံးကွယ်ထားတာ ဖြစ်ပါတယ်။ အခုတော့ ပျက်ကွက်မှုတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပိုသိလာပါပြီ။ လုပ်စရာရှိတာကိုတော့ ဆက်လုပ်မှာပါ”ဟု ၎င်းက ဆိုသည်။

အစိုးရဆေးရုံများ စီမံကွပ်ကဲရေး ဌာနက လက်ရှိတွင် အသုံးပြုနေသည်ဆိုသော ပလပ်စတစ် ကလေးပုခက်ငယ်များနှင့် ဆေးရုံတွင် ဓာတ်ပုံကို ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ယခုပြဿနာ ဖြစ်ခဲ့သည့် ဆေးရုံသည် ဇန်နဝါရီမှစ၍ ကလေးငယ် ၄၀၀၀ ကျော်ကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်းလည်း ဌာနက ကြေညာထားသည်။

ဗင်နီဇွဲလားသည် စီးပွားရေး အကျပ်အတည်းများနှင့် ကြုံတွေ့နေရပြီး နိုင်ငံသား အများအပြားသည် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးဝါး အထောက်အပံ့များ မရရှိဘဲ အစိုးရ၏ တာဝန်ပျက်ကွက်မှုများ ဖြစ်ပေါ်နေကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။ သမ္မတ နစ်ကိုလက်စ် မာရူဒိုသည် နိုင်ငံ စီးပွားရေး ပြန်လည် ဦးမော့လာရန် ကြိုးစား ဆောင်ရွက်နေသော်လည်း ပြည်တွင်းတွင် ဆေးနှင့် ကျန်းမာရေး အထောက်အပံ့ ပစ္စည်း စက်ရုံ အများအပြား ပိတ်သိမ်းနေရဆဲ ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:CNN
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top