Property Expo
×

ျပည္ၿမိဳ႕ ဆင္စုရပ္ကြက္ လႈိင္ဂတ္လမ္းရွိ ေနအိမ္တစ္အိမ္ ၌ ေန႔ခင္းေၾကာင္ေတာင္ အိမ္ပိတ္ ထားခ်ိန္တြင္ က်ပ္သိန္းတစ္ရာ ေက်ာ္တန္ဖုိးရွိ စိန္၊ ေရႊထည္ႏွင့္ ေငြသားမ်ား ေဖာက္ထြင္းခုိးယူခံရေၾကာင္း သတင္းရရွိသည္။

စက္တင္ဘာ ၇ ရက္ ေန႔လယ္က အဆုိပါေနအိမ္တြင္ေနထုိင္ သည့္ အိမ္ရွင္အမ်ဳိးသားသည္ ခရီးထြက္ေနၿပီး ဇနီးျဖစ္သူ အလယ္တန္းျပေက်ာင္းဆရာမ ေက်ာင္းသို႔ သြားေရာက္ေနစဥ္ စိန္ထည္၊ ေရႊထည္ႏွင့္ ေငြသားပစၥည္းမ်ား ေဖာက္ထြင္း ခိုးယူခံရျခင္းျဖစ္ ေၾကာင္း ျပည္ၿမိဳ႕မရဲစခန္းမွ သိရ သည္။

‘‘အရင္ကလည္း ေက်ာင္း သြားရင္ တံခါးေတြအကုန္ပိတ္ၿပီး ေသာ့ခတ္တယ္။ စိတ္ခ်လက္ခ် သြားလို႔ရတယ္။ အခုကေန႔ခင္း ေၾကာင္ေတာင္ အခ်ိန္ႀကီးမွာ ေဖာက္ထြင္းခိုးယူခံလုိက္ရတာပါ။ ဆရာမေက်ာင္းက ျပန္လာတဲ့အ ခ်ိန္မွာ အိမ္ေနာက္ဘက္တံခါးမ ႀကီးပြင့္ေနတယ္။ အိမ္ေပၚက ဗီ႐ိုတံခါးလည္း ဖ်က္ဆီးခံထားရတယ္။ဗီ႐ိုထဲက ပစၥည္းေတြလည္း ျပန္႔က်ဲေနၿပီး စိန္ထည္၊ ေရႊထည္ပစၥည္းနဲ႔ ေငြသားေတြ ေပ်ာက္ဆုံးေန တယ္’’ဟု ေဖာက္ထြင္းခိုးယူခံရ သည့္ ေနအိမ္ပိုင္ရွင္ အလယ္တန္း ျပေက်ာင္းဆရာမ ေဒၚနန္းေနာ္ ေနာ္က ေျပာၾကားသည္။

ခုိးယူခံရသည့္ပစၥည္းမ်ား တြင္ ႏွစ္က်ပ္သားရွစ္ပဲရွိ ဆဲြႀကိဳး တစ္ကုံး၊ တစ္က်ပ္သားရွစ္ပဲရွိ စူ ပါမက္ေဒါနားဆဲြႀကိဳးတစ္ကုံးအ ပါအ၀င္ ေရႊလက္ေကာက္ႏွင့္ စိန္ ဆဲြသီး၊ ေရႊဆဲြသီး၊ စိန္လက္စြပ္၊ ေရႊလက္စြပ္မ်ဳိးစုံ စုစုေပါင္းအထည္ ၁၇ မ်ဳိး (ကာလတန္ဖုိး က်ပ္တစ္ ရာ့ငါးသိန္းကိုးေသာင္းေက်ာ္) ႏွင့္ ေငြသား က်ပ္ေျခာက္သိန္းရွိေၾကာင္းႏွင့္ ေဖာက္ထြင္းခိုးယူမႈ ပုဒ္မ ၃၈၀ အရ အမႈဖြင့္ထား ေၾကာင္း ျပည္ၿမိဳ႕မရဲစခန္းမွ သိရ သည္။

ျပည္ၿမိဳ႕နယ္အတြင္း ယခု ႏွစ္ ဇန္န၀ါရီ ၁ ရက္မွ ၾသဂုတ္ ၃၁ ရက္အထိ ေဖာက္ထြင္းခိုးယူ မႈ၊ လုယက္ခိုးမႈစသည့္ ခိုးမႈေပါင္း ၄၈ မႈရွိခဲ့ၿပီး ၁၇ မႈသာ တရားစဲြဆိုႏုိင္ခဲ့ေၾကာင္း၊ တရားခံဖမ္း ဆီးရမိျခင္း မရွိသည့္ အမႈမေပၚ ေပါက္ေသးေသာ အမႈေပါင္း ၃၁မႈ ရွိေၾကာင္း ျပည္ၿမိဳ႕နယ္ရဲတပ္ဖဲြ႕ မွ သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ပြည်မြို့ ဆင်စုရပ်ကွက် လှိုင်ဂတ်လမ်းရှိ နေအိမ်တစ်အိမ် ၌ နေ့ခင်းကြောင်တောင် အိမ်ပိတ် ထားချိန်တွင် ကျပ်သိန်းတစ်ရာ ကျော်တန်ဖိုးရှိ စိန်၊ ရွှေထည်နှင့် ငွေသားများ ဖောက်ထွင်းခိုးယူခံရကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၇ ရက် နေ့လယ်က အဆိုပါနေအိမ်တွင်နေထိုင် သည့် အိမ်ရှင်အမျိုးသားသည် ခရီးထွက်နေပြီး ဇနီးဖြစ်သူ အလယ်တန်းပြကျောင်းဆရာမ ကျောင်းသို့ သွားရောက်နေစဉ် စိန်ထည်၊ ရွှေထည်နှင့် ငွေသားပစ္စည်းများ ဖောက်ထွင်း ခိုးယူခံရခြင်းဖြစ် ကြောင်း ပြည်မြို့မရဲစခန်းမှ သိရ သည်။

‘‘အရင်ကလည်း ကျောင်း သွားရင် တံခါးတွေအကုန်ပိတ်ပြီး သော့ခတ်တယ်။ စိတ်ချလက်ချ သွားလို့ရတယ်။ အခုကနေ့ခင်း ကြောင်တောင် အချိန်ကြီးမှာ ဖောက်ထွင်းခိုးယူခံလိုက်ရတာပါ။ ဆရာမကျောင်းက ပြန်လာတဲ့အ ချိန်မှာ အိမ်နောက်ဘက်တံခါးမ ကြီးပွင့်နေတယ်။ အိမ်ပေါ်က ဗီရိုတံခါးလည်း ဖျက်ဆီးခံထားရတယ်။ဗီရိုထဲက ပစ္စည်းတွေလည်း ပြန့်ကျဲနေပြီး စိန်ထည်၊ ရွှေထည်ပစ္စည်းနဲ့ ငွေသားတွေ ပျောက်ဆုံးနေ တယ်’’ဟု ဖောက်ထွင်းခိုးယူခံရ သည့် နေအိမ်ပိုင်ရှင် အလယ်တန်း ပြကျောင်းဆရာမ ဒေါ်နန်းနော် နော်က ပြောကြားသည်။

ခိုးယူခံရသည့်ပစ္စည်းများ တွင် နှစ်ကျပ်သားရှစ်ပဲရှိ ဆွဲကြိုး တစ်ကုံး၊ တစ်ကျပ်သားရှစ်ပဲရှိ စူ ပါမက်ဒေါနားဆွဲကြိုးတစ်ကုံးအ ပါအဝင် ရွှေလက်ကောက်နှင့် စိန် ဆွဲသီး၊ ရွှေဆွဲသီး၊ စိန်လက်စွပ်၊ ရွှေလက်စွပ်မျိုးစုံ စုစုပေါင်းအထည် ၁၇ မျိုး (ကာလတန်ဖိုး ကျပ်တစ် ရာ့ငါးသိန်းကိုးသောင်းကျော်) နှင့် ငွေသား ကျပ်ခြောက်သိန်းရှိကြောင်းနှင့် ဖောက်ထွင်းခိုးယူမှု ပုဒ်မ ၃၈၀ အရ အမှုဖွင့်ထား ကြောင်း ပြည်မြို့မရဲစခန်းမှ သိရ သည်။

ပြည်မြို့နယ်အတွင်း ယခု နှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ဖောက်ထွင်းခိုးယူ မှု၊ လုယက်ခိုးမှုစသည့် ခိုးမှုပေါင်း ၄၈ မှုရှိခဲ့ပြီး ၁၇ မှုသာ တရားစွဲဆိုနိုင်ခဲ့ကြောင်း၊ တရားခံဖမ်း ဆီးရမိခြင်း မရှိသည့် အမှုမပေါ် ပေါက်သေးသော အမှုပေါင်း ၃၁မှု ရှိကြောင်း ပြည်မြို့နယ်ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top