Property Expo
×

 ဩစေၾတးလ်တြင္ ခရီးသည္တင္ ေလယာဉ္တစ္စီး ကိုယ္ထည္ထဲ၌ မီးခိုးမ်ား ဖံုးလႊမ္းခဲ့ျခင္းေၾကာင့္ ေလယာဉ္မွဴးက အင္ဂ်င္တစ္လံုးကို စက္ရပ္ကာ လမ္းေၾကာင္းေျပာင္း ဆင္းသက္ခဲ့ရေၾကာင္း သိရသည္။
စက္တင္ဘာ ၂၂ ရက္က Jetstar ေလေၾကာင္းလုိင္း၏ Airbus A320 အမ်ိဳးအစား ေလယာဉ္သည္ ဆစ္ဒနီမွ စတင္ပ်ံတက္လာၿပီး ကြင္းစလန္းျပည္နယ္ ေျမာက္ပိုင္းရွိ ကဲန္စ္ၿမိဳ႕သို႔ ဦးတည္ပ်ံသန္းခဲ့သည္။ ေလယာဉ္ ခရီးစဉ္အတြင္း ကိုယ္ထည္ထဲ၌ မီးခိုးလံုးမ်ား ပ်ံ႕ႏွံ႔လာၿပီး ခရီးသည္မ်ား တုန္လႈပ္ ေခ်ာက္ခ်ားခဲ့သည့္ေနာက္ ေလယာဉ္မွဴးက အင္ဂ်င္တစ္လံုးကို စက္ရပ္ၿပီး ေလယာဉ္ကိုလည္း ဘရစၥဘိန္းသို႔ လမ္းေၾကာင္းေျပာင္း ဆင္းသက္ရန္ ဆံုးျဖတ္ခဲ့သည္။

ခရီးသည္တင္ ေလေၾကာင္းလုိင္းက ေလယာဉ္မွဴး၏ လုပ္ရပ္မွာ မွန္ကန္ခဲ့ၿပီး ယခုျဖစ္ရပ္သည္ အင္ဂ်င္တစ္လံုးတြင္ စက္ပုိင္းဆိုင္ရာ ခၽြတ္ယြင္းမႈေၾကာင့္ဟု ေၾကညာခဲ့သည္။ “ေလယာဉ္မွဴးက အင္ဂ်င္တစ္လံုးကို ရပ္လုိက္ပါတယ္။ ၿပီးေတာ့ အေျခအေနကို သတိထား ကိုင္တြယ္ဖုိ႔ ဆံုးျဖတ္ၿပီး ဘရစၥဘိန္းမွာ ဆင္းသက္ခဲ့တာ ျဖစ္ပါတယ္”ဟု ဩစေၾတးလ် အေျခစိုက္ ေလေၾကာင္းလုိင္း တာဝန္ရွိသူ တစ္ဦးက ဆိုသည္။ လတ္တေလာတြင္ ကုမၸဏီ၏ အင္ဂ်င္နီယာမ်ားက ယခုျဖစ္ရပ္ကို စစ္ေဆးေနဆဲဟု သိရသည္။

ခရီးသည္မ်ားက ေလယာဉ္ထဲတြင္ မီးခိုးလံုးမ်ား ျပည့္ေနသည့္ ဗီဒီယိုမ်ားကို မိုဘိုင္းဖုန္းမ်ားျဖင့္ ႐ိုက္ယူခဲ့ၾကသည္။ ထိုဗီဒီယိုမ်ားကို ABC သတင္းဌာနက ရရွိခဲ့ၿပီး ျပန္လည္ ထုတ္လႊင့္ ျပသခဲ့သည္။ “ဘဝမွာေတာ့ ေၾကာက္စရာ အေကာင္းဆံုး ႀကံဳခဲ့တဲ့ အခုိက္အတန္႔ပါပဲ”ဟု ခရီးသည္ တစ္ဦးက Facebookေပၚတြင္ ေရးသားထားသည္။ “ေလာေလာလတ္လတ္ပဲ ေလယာဉ္ေပၚမွာ မီးေလာင္ၿပီး မီးခိုးလံုးေတြ အူထြက္ေနတဲ့ ကိစၥနဲ႔ ႀကံဳခဲ့တာပါ”ဟု ၎က ဆိုသည္။

Jetstarသည္ Qantas ေလေၾကာင္း၏ လက္ေအာက္ခံ ကုမၸဏီ တစ္ခုျဖစ္သည္။ ကုမၸဏီက ခရီးသည္မ်ား အထိတ္တလန္႔ ျဖစ္ခဲ့ေသာ္လည္း ေလယာဉ္သည္ ေဘးအႏၱရာယ္ ကင္းကင္းျဖင့္ ဆင္းသက္ႏုိင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့သည္။ အဆိုပါ ေၾကညာခ်က္တြင္ မီးခိုးလံုးမ်ားသည္ ေလယာဉ္၏ ေလေအးေပးစက္ စနစ္မွတဆင့္ ခရီးသည္ အခန္းထဲ ဝင္ေရာက္လာျခင္း ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားသည္။ ေလယာဉ္ ဆင္းသက္ခ်ိန္တြင္ သူနာျပဳယာဉ္မ်ား အသင့္ေစာင့္ေနခဲ့ေသာ္လည္း မည္သည့္ ခရီးသည္ကိုမွ် ကုသေပးရန္ မလိုခဲ့သလို ထိုေန႔ညေနပိုင္းတြင္ အျခားေလယာဉ္ တစ္စီးေပၚ လႊဲေျပာင္းေပးကာ သတ္မွတ္ခရီးစဉ္အတိုင္း ဆက္လက္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:CNA

#Unicode Version
 ဩစတြေးလျတွင် ခရီးသည်တင် လေယာဉ်တစ်စီး ကိုယ်ထည်ထဲ၌ မီးခိုးများ ဖုံးလွှမ်းခဲ့ခြင်းကြောင့် လေယာဉ်မှူးက အင်ဂျင်တစ်လုံးကို စက်ရပ်ကာ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရကြောင်း သိရသည်။

စက်တင်ဘာ ၂၂ ရက်က Jetstar လေကြောင်းလိုင်း၏ Airbus A320 အမျိုးအစား လေယာဉ်သည် ဆစ်ဒနီမှ စတင်ပျံတက်လာပြီး ကွင်းစလန်းပြည်နယ် မြောက်ပိုင်းရှိ ကဲန်စ်မြို့သို့ ဦးတည်ပျံသန်းခဲ့သည်။ လေယာဉ် ခရီးစဉ်အတွင်း ကိုယ်ထည်ထဲ၌ မီးခိုးလုံးများ ပျံ့နှံ့လာပြီး ခရီးသည်များ တုန်လှုပ် ချောက်ချားခဲ့သည့်နောက် လေယာဉ်မှူးက အင်ဂျင်တစ်လုံးကို စက်ရပ်ပြီး လေယာဉ်ကိုလည်း ဘရစ္စဘိန်းသို့ လမ်းကြောင်းပြောင်း ဆင်းသက်ရန် ဆုံးဖြတ်ခဲ့သည်။

ခရီးသည်တင် လေကြောင်းလိုင်းက လေယာဉ်မှူး၏ လုပ်ရပ်မှာ မှန်ကန်ခဲ့ပြီး ယခုဖြစ်ရပ်သည် အင်ဂျင်တစ်လုံးတွင် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့်ဟု ကြေညာခဲ့သည်။ “လေယာဉ်မှူးက အင်ဂျင်တစ်လုံးကို ရပ်လိုက်ပါတယ်။ ပြီးတော့ အခြေအနေကို သတိထား ကိုင်တွယ်ဖို့ ဆုံးဖြတ်ပြီး ဘရစ္စဘိန်းမှာ ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်”ဟု ဩစတြေးလျ အခြေစိုက် လေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ လတ်တလောတွင် ကုမ္ပဏီ၏ အင်ဂျင်နီယာများက ယခုဖြစ်ရပ်ကို စစ်ဆေးနေဆဲဟု သိရသည်။

ခရီးသည်များက လေယာဉ်ထဲတွင် မီးခိုးလုံးများ ပြည့်နေသည့် ဗီဒီယိုများကို မိုဘိုင်းဖုန်းများဖြင့် ရိုက်ယူခဲ့ကြသည်။ ထိုဗီဒီယိုများကို ABC သတင်းဌာနက ရရှိခဲ့ပြီး ပြန်လည် ထုတ်လွှင့် ပြသခဲ့သည်။ “ဘဝမှာတော့ ကြောက်စရာ အကောင်းဆုံး ကြုံခဲ့တဲ့ အခိုက်အတန့်ပါပဲ”ဟု ခရီးသည် တစ်ဦးက Facebookပေါ်တွင် ရေးသားထားသည်။ “လောလောလတ်လတ်ပဲ လေယာဉ်ပေါ်မှာ မီးလောင်ပြီး မီးခိုးလုံးတွေ အူထွက်နေတဲ့ ကိစ္စနဲ့ ကြုံခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

Jetstarသည် Qantas လေကြောင်း၏ လက်အောက်ခံ ကုမ္ပဏီ တစ်ခုဖြစ်သည်။ ကုမ္ပဏီက ခရီးသည်များ အထိတ်တလန့် ဖြစ်ခဲ့သော်လည်း လေယာဉ်သည် ဘေးအန္တရာယ် ကင်းကင်းဖြင့် ဆင်းသက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် မီးခိုးလုံးများသည် လေယာဉ်၏ လေအေးပေးစက် စနစ်မှတဆင့် ခရီးသည် အခန်းထဲ ဝင်ရောက်လာခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ လေယာဉ် ဆင်းသက်ချိန်တွင် သူနာပြုယာဉ်များ အသင့်စောင့်နေခဲ့သော်လည်း မည်သည့် ခရီးသည်ကိုမျှ ကုသပေးရန် မလိုခဲ့သလို ထိုနေ့ညနေပိုင်းတွင် အခြားလေယာဉ် တစ်စီးပေါ် လွှဲပြောင်းပေးကာ သတ်မှတ်ခရီးစဉ်အတိုင်း ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:CNA
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top