Kantharyar Centre
×

႐ုတ္တရက္ သိႏုိင္ဖို႔ မလြယ္တဲ့ က်န္းမာေရးအေျခအေနေတြကို လွ်ာကိုၾကည့္ၿပီး သိႏိုင္တယ္ဆို ရင္ အံ့ၾသသြားမယ္ထင္ပါတယ္။ လွ်ာကိုၾကည့္တာနဲ႔ က်န္းမာေရး ဘာေတြ ခ်ိဳ႕ယြင္းလဲဆိုတာ သတိ ထားမိေအာင္လို႔ မွ်ေဝေပးလိုက္ ပါတယ္။

လွ်ာအေရာင္က စေတာ္ ဘယ္ရီအနီေရာင္လိုမ်ိဳးျဖစ္ေန ရင္ ဗီတာမင္လိုအပ္ေနတာ ေသ ခ်ာပါၿပီ။ အနီခပ္ေဖ်ာ့ေဖ်ာ့အ ေရာင္ျဖစ္ေနတာက ဗီတာမင္ဘီ -၁၂ (ဒါမွမဟုတ္) သံဓာတ္ခ်ိဳ႕တဲ့ ေနလို႔ပါပဲ။ ဒါေၾကာင့္မို႔ ဒီလိုအေျခ အေနကို ေတြ႕ၿပီဆိုတာနဲ႔ ဆရာ ဝန္နဲ႔တုိင္ပင္ၿပီး ဗီတာမင္ေဆးစား တာမ်ိဳး လုပ္သင့္ေနပါၿပီ။

လွ်ာအေရာင္က ညိဳညစ္ ညစ္ျဖစ္ေနရင္ေတာ့ ရွင္းပါတယ္။ ခံတြင္းသန္႔ရွင္းေရးမွာ အားနည္း လို႔ပါပဲ။ အဲဒီလိုအေရာင္ဟာ ေဆးလိပ္ေသာက္သူေတြ၊ ခံတြင္းသန္႔ ရွင္းေရးအားနည္းသူေတြ၊ ေကာ္ ဖီျပင္းျပင္းေသာက္တဲ့သူေတြမွာ ျဖစ္ေလ့ရွိပါတယ္။ ေဆးလိပ္ ေသာက္ၿပီးတိုင္းပဲျဖစ္ျဖစ္၊ အစာ စားၿပီးတုိင္းပဲျဖစ္ျဖစ္ သြားတုိက္ ရင္း လွ်ာပါတိုက္ေပးရင္ သက္ သာသြားမွာပါ။

ဒိန္ခဲလို လွ်ာအေရာင္ျဖစ္ ေနရင္ လွ်ာမွာ မွကၡ႐ုစြဲလို႔လည္း ျဖစ္ႏိုင္သလို တစ္ခါတစ္ရံမွာ ပဋိ ဇီဝေဆးေတြစားလို႔လည္း အဲဒီလို အေရာင္ျဖစ္တတ္ပါတယ္။ မွကၡ႐ုျဖစ္ရင္ လွ်ာရဲ႕အရသာခံႏိုင္စြမ္း ကို ထိခိုက္ႏုိင္သလို နာက်င္ၿပီး မသက္မသာျဖစ္တတ္ပါတယ္။ ေနာက္ၿပီး ကိုယ္ခံစြမ္းအားေလ်ာ့ နည္းေနရင္လည္း ဒီလိုလွ်ာအ ေရာင္ရွိတတ္ပါတယ္။

လွ်ာက ႐ႈံ႕႐ႈံ႕တြတြျဖစ္ေနၿပီ ဆိုရင္ အသက္အရြယ္ေၾကာင့္ ဆို တာ သေဘာေပါက္သင့္ပါၿပီ။ လွ်ာကြဲၿပီး ပပ္ၾကားအက္တာက သဘာဝအေလ်ာက္ျဖစ္တတ္ၿပီး အႏၲရာယ္မရွိေပမယ့္ ခံတြင္းသန္႔ ရွင္းမႈအားနည္းရင္ေတာ့ ခံတြင္း ေရာဂါေတြျဖစ္ဖို႔ လြယ္ကူပါ တယ္။

လွ်ာေပၚမွာ အျဖဴကြက္ ေတြ႕ၿပီဆိုရင္ေတာ့ ယားယံတာ ေတြပါျဖစ္တတ္ပါတယ္။ အကယ္၍ ေဆးလိပ္ေသာက္တတ္သူဆို ရင္ ဒီလိုလကၡဏာေတြက ကင္ ဆာျဖစ္ဖို႔ အႀကိဳအေျခအေနျဖစ္ လို႔ သတိျပဳရမွာပါ။ လွ်ာကို ပြတ္ တုိက္ေဆးေၾကာတာေတြ လုပ္ေပ မယ့္ တစ္ပတ္၊ ႏွစ္ပတ္ေနတာ ေတာင္ မေပ်ာက္ဘူးဆိုရင္ေတာ့ ဆရာဝန္နဲ႔ တုိင္ပင္ေဆြးေႏြးသင့္ ေနပါၿပီ။

လွ်ာမွာ အနီေရာင္အနာေတြ ခဏခဏေပါက္ၿပီဆိုရင္ေတာ့ လွ်ာကင္ဆာျဖစ္ဖို႔ ေသခ်ာသ ေလာက္ပါပဲ။ ဒီလိုမ်ိဳးအေျခအေန မွာ တံု႔ဆုိင္းမေနဘဲ အျမန္ဆံုးသာ တတ္ကြၽမ္းနားလည္သူနဲ႔ ကုသ လိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

ရုတ်တရက် သိနိုင်ဖို့ မလွယ်တဲ့ ကျန်းမာရေးအခြေအနေတွေကို လျှာကိုကြည့်ပြီး သိနိုင်တယ်ဆို ရင် အံ့သြသွားမယ်ထင်ပါတယ်။ လျှာကိုကြည့်တာနဲ့ ကျန်းမာရေး ဘာတွေ ချို့ယွင်းလဲဆိုတာ သတိ ထားမိအောင်လို့ မျှဝေပေးလိုက် ပါတယ်။

လျှာအရောင်က စတော် ဘယ်ရီအနီရောင်လိုမျိုးဖြစ်နေ ရင် ဗီတာမင်လိုအပ်နေတာ သေ ချာပါပြီ။ အနီခပ်ဖျော့ဖျော့အ ရောင်ဖြစ်နေတာက ဗီတာမင်ဘီ -၁၂ (ဒါမှမဟုတ်) သံဓာတ်ချို့တဲ့ နေလို့ပါပဲ။ ဒါကြောင့်မို့ ဒီလိုအခြေ အနေကို တွေ့ပြီဆိုတာနဲ့ ဆရာ ဝန်နဲ့တိုင်ပင်ပြီး ဗီတာမင်ဆေးစား တာမျိုး လုပ်သင့်နေပါပြီ။

လျှာအရောင်က ညိုညစ် ညစ်ဖြစ်နေရင်တော့ ရှင်းပါတယ်။ ခံတွင်းသန့်ရှင်းရေးမှာ အားနည်း လို့ပါပဲ။ အဲဒီလိုအရောင်ဟာ ဆေးလိပ်သောက်သူတွေ၊ ခံတွင်းသန့် ရှင်းရေးအားနည်းသူတွေ၊ ကော် ဖီပြင်းပြင်းသောက်တဲ့သူတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဆေးလိပ် သောက်ပြီးတိုင်းပဲဖြစ်ဖြစ်၊ အစာ စားပြီးတိုင်းပဲဖြစ်ဖြစ် သွားတိုက် ရင်း လျှာပါတိုက်ပေးရင် သက် သာသွားမှာပါ။

ဒိန်ခဲလို လျှာအရောင်ဖြစ် နေရင် လျှာမှာ မှက္ခရုစွဲလို့လည်း ဖြစ်နိုင်သလို တစ်ခါတစ်ရံမှာ ပဋိ ဇီဝဆေးတွေစားလို့လည်း အဲဒီလို အရောင်ဖြစ်တတ်ပါတယ်။ မှက္ခရုဖြစ်ရင် လျှာရဲ့အရသာခံနိုင်စွမ်း ကို ထိခိုက်နိုင်သလို နာကျင်ပြီး မသက်မသာဖြစ်တတ်ပါတယ်။ နောက်ပြီး ကိုယ်ခံစွမ်းအားလျော့ နည်းနေရင်လည်း ဒီလိုလျှာအ ရောင်ရှိတတ်ပါတယ်။

လျှာက ရှုံ့ရှုံ့တွတွဖြစ်နေပြီ ဆိုရင် အသက်အရွယ်ကြောင့် ဆို တာ သဘောပေါက်သင့်ပါပြီ။ လျှာကွဲပြီး ပပ်ကြားအက်တာက သဘာဝအလျောက်ဖြစ်တတ်ပြီး အန္တရာယ်မရှိပေမယ့် ခံတွင်းသန့် ရှင်းမှုအားနည်းရင်တော့ ခံတွင်း ရောဂါတွေဖြစ်ဖို့ လွယ်ကူပါ တယ်။

လျှာပေါ်မှာ အဖြူကွက် တွေ့ပြီဆိုရင်တော့ ယားယံတာ တွေပါဖြစ်တတ်ပါတယ်။ အကယ်၍ ဆေးလိပ်သောက်တတ်သူဆို ရင် ဒီလိုလက္ခဏာတွေက ကင် ဆာဖြစ်ဖို့ အကြိုအခြေအနေဖြစ် လို့ သတိပြုရမှာပါ။ လျှာကို ပွတ် တိုက်ဆေးကြောတာတွေ လုပ်ပေ မယ့် တစ်ပတ်၊ နှစ်ပတ်နေတာ တောင် မပျောက်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့် နေပါပြီ။

လျှာမှာ အနီရောင်အနာတွေ ခဏခဏပေါက်ပြီဆိုရင်တော့ လျှာကင်ဆာဖြစ်ဖို့ သေချာသ လောက်ပါပဲ။ ဒီလိုမျိုးအခြေအနေ မှာ တုံ့ဆိုင်းမနေဘဲ အမြန်ဆုံးသာ တတ်ကျွမ်းနားလည်သူနဲ့ ကုသ လိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top