Property Expo
×

 နယူးဇီလန္ အေ႐ွ႕ေျမာက္ပိုင္း ကမ္းလြန္ကို ဗဟိုျပဳၿပီး ရစ္ခ်္တာစေကး ၇.၁ အဆင့္ရွိ အင္အားျပင္းငလ်င္ တစ္ခု လႈပ္ခတ္ခဲ့သည့္ေနာက္ ဆူနာမီေရလိႈင္း အႏၱရာယ္ သတိေပးခ်က္မ်ား ထုတ္ျပန္ခဲ့ရေၾကာင္း သိရသည္။

စက္တင္ဘာ ၂ ရက္ နံနက္ပိုင္းက ငလ်င္လႈပ္ခတ္ခဲ့သည့္ေနာက္ အာဏာပိုင္မ်ား အေနျဖင့္ ကမ္းေျခေဒသမ်ားတြင္ ေနထုိင္သူမ်ားကို ကုန္းေျမအျမင့္ပိုင္းသို႔ ခ်က္ခ်င္း ေ႐ႊ႕ေျပာင္းေနၾကရန္ လုိက္လံ သတိေပး ေဆာ္ဩခဲ့ရသည္။ ေနာက္ပိုင္းတြင္မူ နယူးဇီလန္ ျပည္သူ႔ကာကြယ္ေရးႏွင့္ အေရးေပၚ အေျခအေန စီမံခန္႔ခြဲေရး ဌာနက ဆူနာမီ သတိေပးခ်က္ကို ျပန္လည္ ႐ုပ္သိမ္းခဲ့သည္။

ငလ်င္အၿပီးတြင္ ဆူနာမီ အႏၱရာယ္အျပင္ ေနာက္ဆက္တြဲ ေျမလႊာတုန္ခါမႈ ငလ်င္ငယ္မ်ား ေပၚေပါက္လာႏုိင္ေျခကိုလည္း စိုးရိမ္ရေၾကာင္း အဆုိပါ ဌာနက အေစာပိုင္းတြင္ သတင္းထုတ္ျပန္ခဲ့သည္။ အေမရိကန္ ဘူမိေဗဒ ဆန္းစစ္မႈအဖြဲ႕က ငလ်င္အၿပီး အခ်ိန္အနည္းငယ္အတြင္း နယူးဇီလန္ ကမ္းေျခကို မေျပာပေလာက္ေအာင္ အားနည္းသည့္ ဆူနာမီ ေရလိႈင္းငယ္အခ်ိဳ႕ ႐ိုက္ခတ္ခဲ့ေၾကာင္း ဆိုသည္။

ငလ်င္သည္ ဂစၥဘြန္း အေ႐ွ႕ေျမာက္ဘက္ ၁၀၅ မိုင္အကြာ၊ ေရမ်က္ႏွာျပင္ေအာက္ ၁၉.၁ မိုင္မွ်ကို ဦးတည္ၿပီး လႈပ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ယင္းမတိုင္မီ ၂၄ နာရီက ရစ္ခ်္တာစေကး ၅.၇ အဆင့္ရွိ ငလ်င္တစ္ခုလည္း နယူးဇီလန္ အေ႐ွ႕ေျမာက္ဘက္ ကမ္းေျခတြင္ လႈပ္ခတ္ခဲ့ေသးသည္။ ငလ်င္အၿပီး အေသအေပ်ာက္ႏွင့္ ထိခုိက္ဒဏ္ရာရမႈ စာရင္းကို အတိအက် မသိရေသးဟု တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

နယူးဇီလန္သည္ ကမာၻေပၚတြင္ အႏုိးၾကားဆံုး ေျမေအာက္ မီးေတာင္ရပ္ဝန္းျဖစ္သည့္ ပစိဖိတ္ မီးကြင္းေဒသႏွင့္ ဆက္စပ္ေနၿပီး ငလ်င္မ်ား လႈပ္ခတ္မႈကို မၾကာခဏ ႀကံဳရေလ့ ရွိသည္။ ၂၀၁၁ ခုႏွစ္က ခရစ္ခ်န္႔ခ်္တြင္ အားျပင္းသည့္ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့ရာ လူေပါင္း ၁၈၅ ဦးထက္မနည္း ေသဆံုးၿပီး အမ်ားအျပား ဒဏ္ရာရခဲ့သည္။ ယခုငလ်င္ေၾကာင့္မူ အလြန္ဆုိးရြားသည့္ ထိခုိက္ပ်က္စီးမႈမ်ိဳး မရွိႏုိင္ဟု တာဝန္ရွိသူမ်ားက ေမွ်ာ္လင့္ေနသည္။

ငလ်င္အၿပီးတြင္ ေနာက္ဆက္တြဲ ငလ်င္ငယ္မ်ား လႈပ္ခတ္မႈကို ခံစားေနရဆဲဟု သတင္းမ်ားက ေဖာ္ျပခဲ့ၿပီး ျပင္းအား အမ်ိဳးမ်ိဳး ေျပာင္းလဲေနသည့္ ေျမလႊာလႈပ္ရွားမႈ ၁၀၀ ေက်ာ္မွ်ထိ ရွိခဲ့ေၾကာင္း GNS Scienceမွ ငလ်င္ေလ့လာေရး ပညာရွင္ ကာ႐ိုလင္း ဟိုလ္ဒန္က ေျပာၾကားခဲ့သည္။ ယင္းတို႔အနက္ အင္အားအျပင္းဆံုး ႏွစ္ႀကိမ္သည္ ရစ္ခ်္တာစေကး ၆.၂ ႏွင့္ ၆.၀ အသီးသီး ရွိေၾကာင္းလည္း သိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 နယူးဇီလန် အရှေ့မြောက်ပိုင်း ကမ်းလွန်ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၇.၁ အဆင့်ရှိ အင်အားပြင်းငလျင် တစ်ခု လှုပ်ခတ်ခဲ့သည့်နောက် ဆူနာမီရေလှိုင်း အန္တရာယ် သတိပေးချက်များ ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။

စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက ငလျင်လှုပ်ခတ်ခဲ့သည့်နောက် အာဏာပိုင်များ အနေဖြင့် ကမ်းခြေဒေသများတွင် နေထိုင်သူများကို ကုန်းမြေအမြင့်ပိုင်းသို့ ချက်ချင်း ရွှေ့ပြောင်းနေကြရန် လိုက်လံ သတိပေး ဆော်ဩခဲ့ရသည်။ နောက်ပိုင်းတွင်မူ နယူးဇီလန် ပြည်သူ့ကာကွယ်ရေးနှင့် အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေး ဌာနက ဆူနာမီ သတိပေးချက်ကို ပြန်လည် ရုပ်သိမ်းခဲ့သည်။

ငလျင်အပြီးတွင် ဆူနာမီ အန္တရာယ်အပြင် နောက်ဆက်တွဲ မြေလွှာတုန်ခါမှု ငလျင်ငယ်များ ပေါ်ပေါက်လာနိုင်ခြေကိုလည်း စိုးရိမ်ရကြောင်း အဆိုပါ ဌာနက အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ အမေရိကန် ဘူမိဗေဒ ဆန်းစစ်မှုအဖွဲ့က ငလျင်အပြီး အချိန်အနည်းငယ်အတွင်း နယူးဇီလန် ကမ်းခြေကို မပြောပလောက်အောင် အားနည်းသည့် ဆူနာမီ ရေလှိုင်းငယ်အချို့ ရိုက်ခတ်ခဲ့ကြောင်း ဆိုသည်။

ငလျင်သည် ဂစ္စဘွန်း အရှေ့မြောက်ဘက် ၁၀၅ မိုင်အကွာ၊ ရေမျက်နှာပြင်အောက် ၁၉.၁ မိုင်မျှကို ဦးတည်ပြီး လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းမတိုင်မီ ၂၄ နာရီက ရစ်ချ်တာစကေး ၅.၇ အဆင့်ရှိ ငလျင်တစ်ခုလည်း နယူးဇီလန် အရှေ့မြောက်ဘက် ကမ်းခြေတွင် လှုပ်ခတ်ခဲ့သေးသည်။ ငလျင်အပြီး အသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရမှု စာရင်းကို အတိအကျ မသိရသေးဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နယူးဇီလန်သည် ကမ္ဘာပေါ်တွင် အနိုးကြားဆုံး မြေအောက် မီးတောင်ရပ်ဝန်းဖြစ်သည့် ပစိဖိတ် မီးကွင်းဒေသနှင့် ဆက်စပ်နေပြီး ငလျင်များ လှုပ်ခတ်မှုကို မကြာခဏ ကြုံရလေ့ ရှိသည်။ ၂၀၁၁ ခုနှစ်က ခရစ်ချန့်ချ်တွင် အားပြင်းသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူပေါင်း ၁၈၅ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။ ယခုငလျင်ကြောင့်မူ အလွန်ဆိုးရွားသည့် ထိခိုက်ပျက်စီးမှုမျိုး မရှိနိုင်ဟု တာဝန်ရှိသူများက မျှော်လင့်နေသည်။

ငလျင်အပြီးတွင် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်မှုကို ခံစားနေရဆဲဟု သတင်းများက ဖော်ပြခဲ့ပြီး ပြင်းအား အမျိုးမျိုး ပြောင်းလဲနေသည့် မြေလွှာလှုပ်ရှားမှု ၁၀၀ ကျော်မျှထိ ရှိခဲ့ကြောင်း GNS Scienceမှ ငလျင်လေ့လာရေး ပညာရှင် ကာရိုလင်း ဟိုလ်ဒန်က ပြောကြားခဲ့သည်။ ယင်းတို့အနက် အင်အားအပြင်းဆုံး နှစ်ကြိမ်သည် ရစ်ချ်တာစကေး ၆.၂ နှင့် ၆.၀ အသီးသီး ရှိကြောင်းလည်း သိရသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top