Kantharyar Centre
×




Credit : Duwun

#Unicode Version

အမျိုးသမီးတစ်ဦးကို အလိုမတူဘဲ အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တဲ့ ကလေးတက္ကသိုလ် အဝေးသင်ကျောင်းသား ၂ ဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ သိရပါတယ်။

DVB သတင်းဌာနရဲ့ ဖော်ပြချက်အရ အမျိုးသမီးငယ်တစ်ဦးကို လူသူပြတ်တဲ့နေရာကို ခေါ်သွားပြီး  အလိုမတူ အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တဲ့ ကလေးတက္ကသိုလ် အဝေးသင်ကျောင်းသား ၂ ဦးကို ရပ်ကွက်လူထုရဲ့ ဝိုင်းဝန်းကူညီမှုနဲ့ ကလေးမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ကလေးမြို့ ရဲစခန်း တာဝန်ရှိ ရဲအရာရှိတဦးက ပြောထားပါတယ်။

ကောင်မလေးက အတင်းအော်တာကြောင့် အနားမှာရှိတဲ့ တောရဘုန်းကြီးကျောင်းက သံဃာတော်တွေကြားပြီး ဝိုင်းဝန်းဖမ်းဆီးရာမှာ တစ်ယောက်ကို မိကာ နောက်တစ်ယောက်ကို အိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဓမ္မပြုဖို့ ကြိုးစားခဲ့တဲ့ လူငယ် ၂ ဦးဟာ တမူးမြို့နေ လွန်ခန့်ပေါင်နဲ့ တမူးနယ် ကနန်ရွာနေ ခုတ်လင်မန်တို့ ဖြစ်ပြီး ကလေးတက္ကသိုလ် အဝေးသင် ပထမနှစ်နဲ့  ဒုတိယနှစ် ကျောင်းသားတွေ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top