Kantharyar Centre
×

ျမန္ျမန္ႏွင့္ၾကာၾကာ လမ္းေလွ်ာက္ေသာ သက္ႀကီးရြယ္အိုမ်ားသည္ ႏွလံုးေသြးေၾကာဆုိင္ရာေရာဂါ(CVD)ျဖစ္ပြားႏုိင္သည့္ အႏၲရာယ္ နည္းပါးေၾကာင္း အေမရိကန္ႏိုင္ငံသား သက္ႀကီးရြယ္အိုမ်ားကို ေလ့လာမႈတစ္ခုအရ သိရသည္။

ကိုယ္လက္လႈပ္ရွားမႈပိုမ်ားသူမ်ားသည္ အနာဂတ္တြင္ ႏွလံုး ေရာဂါျဖစ္ပြားႏုိင္သည့္အႏၲရာယ္မ်ားႏွင့္ ေလျဖတ္ႏုိင္သည့္ အႏၲရာယ္ သိသိသာသာေလ်ာ့နည္းသြားေၾကာင္း ယင္းေလ့လာမႈအရ သိရသည္။ ေလ့လာမႈရလဒ္မွာ အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားအ တြက္ႏွင့္ အသက္(၇၀)ေက်ာ္အရြယ္မ်ားအတြက္ မွန္ကန္ေၾကာင္း သိရသည္။ ယခုေလ့လာမႈတြင္ အသက္(၇၃)ႏွစ္အရြယ္ အေမရိ ကန္ႏုိင္ငံသားမ်ားအား ဆယ္ႏွစ္ၾကာေလ့လာထားျခင္းျဖစ္သည္။

သုေတသီမ်ားက ယင္းဆယ္ႏွစ္တာအတြင္း အမ်ိဳးသားမ်ားႏွင့္ အမ်ိဳးသမီးမ်ား၏ ကိုယ္လက္လႈပ္ရွားမႈပံုစံ ကြာျခားပံုမ်ား လမ္း ေလွ်ာက္ႏႈန္း၊ လမ္းေလွ်ာက္သည့္အကြာအေဝးႏွင့္ ဗာဟီရလုပ္ခ်ိန္ တို႔ကို ေလ့လာၿပီး ႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါအႏၲရာယ္ႏွင့္ဆက္ စပ္ပံုကို ေလ့လာထားျခင္းျဖစ္သည္။

တစ္နာရီ ၅ ကီလိုမီတာထက္ပိုေသာ အျမန္ႏႈန္းျဖင့္ လမ္း ေလွ်ာက္ေသာအရြယ္ေရာက္ၿပီးသူမ်ားသည္ တစ္နာရီ ၃ ကီလိုမီတာ ႏႈန္းေအာက္ အျမန္ႏႈန္းျဖင့္ လမ္းေလွ်ာက္သူမ်ားထက္ ႏွလံုးေရာဂါ ျဖစ္ပြားႏုိင္သည့္အႏၲရာယ္ ၅၀ ရာခုိင္ႏႈန္းေလ်ာ့နည္းၿပီး ေလျဖတ္ အႏၲရာယ္ ၅၃ ရာခိုင္ႏႈန္း ေလ်ာ့နည္းေၾကာင္း သုေတသီမ်ားက ေျပာသည္။

တစ္ေန႔လွ်င္ ခုနစ္ဘေလာက္(သို႔မဟုတ္)ယင္းထက္ပို၍ လမ္း ေလွ်ာက္သူမ်ားသည္ သီတင္းတစ္ပတ္လွ်င္ ဘေလာက္ငါးခုစာ အ ကြာအေဝးေလွ်ာက္သူမ်ားထက္ ႏွလံုးေရာဂါျဖစ္ပြားႏုိင္သည့္ အႏၲ ရာယ္ ၃၆ ရာခိုင္ႏႈန္းေလ်ာ့နည္းၿပီး ေလျဖတ္ႏိုင္သည့္ အႏၲရာယ္ ၅၄ ရာခုိင္ႏႈန္းေလ်ာ့နည္းေၾကာင္း သုေတသီမ်ား ေလ့လာေတြ႕ရွိခဲ့ သည္။

ျမက္ရိတ္ျခင္း၊ ဥယ်ာဥ္ထိန္းသိမ္းျခင္း၊ ေရကူးျခင္း၊ စက္ဘီးစီး ျခင္းႏွင့္ ေတာင္တက္ျခင္းတို႔ ျပဳလုပ္သူမ်ားသည္လည္း ယင္းကဲ့သို႔ မလုပ္သူမ်ားထက္ ႏွလံုးေရာဂါႏွင့္ ေလျဖတ္ႏုိင္သည့္ အႏၲရာယ္မ်ား ေလ်ာ့နည္းသည္။ 

လမ္းေလွ်ာက္သည့္အျမန္ႏႈန္း(သို႔မဟုတ္)အကြာအေဝးပိုမ်ား သူမ်ားသည္ ႏွလံုးေရာဂါျဖစ္ႏုိင္သည့္အႏၲရာယ္ေလ်ာ့နည္းၿပီး လမ္း ေလွ်ာက္ျခင္းမွာ လူတုိင္းလုပ္ေဆာင္ႏုိင္ေသာ ေလ့က်င့္ခန္းျဖစ္ ေၾကာင္း သုေတသီမ်ားက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

မြန်မြန်နှင့်ကြာကြာ လမ်းလျှောက်သော သက်ကြီးရွယ်အိုများသည် နှလုံးသွေးကြောဆိုင်ရာရောဂါ(CVD)ဖြစ်ပွားနိုင်သည့် အန္တရာယ် နည်းပါးကြောင်း အမေရိကန်နိုင်ငံသား သက်ကြီးရွယ်အိုများကို လေ့လာမှုတစ်ခုအရ သိရသည်။

ကိုယ်လက်လှုပ်ရှားမှုပိုများသူများသည် အနာဂတ်တွင် နှလုံး ရောဂါဖြစ်ပွားနိုင်သည့်အန္တရာယ်များနှင့် လေဖြတ်နိုင်သည့် အန္တရာယ် သိသိသာသာလျော့နည်းသွားကြောင်း ယင်းလေ့လာမှုအရ သိရသည်။ လေ့လာမှုရလဒ်မှာ အမျိုးသား၊ အမျိုးသမီးများအ တွက်နှင့် အသက်(၇၀)ကျော်အရွယ်များအတွက် မှန်ကန်ကြောင်း သိရသည်။ ယခုလေ့လာမှုတွင် အသက်(၇၃)နှစ်အရွယ် အမေရိ ကန်နိုင်ငံသားများအား ဆယ်နှစ်ကြာလေ့လာထားခြင်းဖြစ်သည်။

သုတေသီများက ယင်းဆယ်နှစ်တာအတွင်း အမျိုးသားများနှင့် အမျိုးသမီးများ၏ ကိုယ်လက်လှုပ်ရှားမှုပုံစံ ကွာခြားပုံများ လမ်း လျှောက်နှုန်း၊ လမ်းလျှောက်သည့်အကွာအဝေးနှင့် ဗာဟီရလုပ်ချိန် တို့ကို လေ့လာပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါအန္တရာယ်နှင့်ဆက် စပ်ပုံကို လေ့လာထားခြင်းဖြစ်သည်။

တစ်နာရီ ၅ ကီလိုမီတာထက်ပိုသော အမြန်နှုန်းဖြင့် လမ်း လျှောက်သောအရွယ်ရောက်ပြီးသူများသည် တစ်နာရီ ၃ ကီလိုမီတာ နှုန်းအောက် အမြန်နှုန်းဖြင့် လမ်းလျှောက်သူများထက် နှလုံးရောဂါ ဖြစ်ပွားနိုင်သည့်အန္တရာယ် ၅၀ ရာခိုင်နှုန်းလျော့နည်းပြီး လေဖြတ် အန္တရာယ် ၅၃ ရာခိုင်နှုန်း လျော့နည်းကြောင်း သုတေသီများက ပြောသည်။

တစ်နေ့လျှင် ခုနစ်ဘလောက်(သို့မဟုတ်)ယင်းထက်ပို၍ လမ်း လျှောက်သူများသည် သီတင်းတစ်ပတ်လျှင် ဘလောက်ငါးခုစာ အ ကွာအဝေးလျှောက်သူများထက် နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တ ရာယ် ၃၆ ရာခိုင်နှုန်းလျော့နည်းပြီး လေဖြတ်နိုင်သည့် အန္တရာယ် ၅၄ ရာခိုင်နှုန်းလျော့နည်းကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့ သည်။

မြက်ရိတ်ခြင်း၊ ဥယျာဉ်ထိန်းသိမ်းခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီး ခြင်းနှင့် တောင်တက်ခြင်းတို့ ပြုလုပ်သူများသည်လည်း ယင်းကဲ့သို့ မလုပ်သူများထက် နှလုံးရောဂါနှင့် လေဖြတ်နိုင်သည့် အန္တရာယ်များ လျော့နည်းသည်။

လမ်းလျှောက်သည့်အမြန်နှုန်း(သို့မဟုတ်)အကွာအဝေးပိုများ သူများသည် နှလုံးရောဂါဖြစ်နိုင်သည့်အန္တရာယ်လျော့နည်းပြီး လမ်း လျှောက်ခြင်းမှာ လူတိုင်းလုပ်ဆောင်နိုင်သော လေ့ကျင့်ခန်းဖြစ် ကြောင်း သုတေသီများက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top