Kantharyar Centre
×

အိပ္မက္ဆံုရာ (ရာသက္ပန္) Season-1 ၏ Winner Alblum ျဖစ္ေသာ ‘မ်က္ရည္ႏွင့္ ပြင့္ေသာပန္း’ သီခ်င္းအေခြကို စက္တင္ဘာ ၁၀ ရက္တြင္ စတင္ျဖန္႔ခ်ိေပးမည္ျဖစ္သည္။

‘‘မ်က္ရည္ႏွင့္ပြင့္ေသာပန္း သီခ်င္းက ကြၽန္ေတာ္တုိ႔ ႀကိဳးစား ခဲ့ရတဲ့၊ အဆင္မေျပခဲ့တဲ့ အခက္ အခဲေတြကို မ်က္ရည္တစ္စက္လို တင္စားၿပီးေတာ့ ဆရာက ေရး ေပးခဲ့တဲ့ သီခ်င္းပါ။ အေၾကာင္း အရာကလည္း ကြၽန္ေတာ္တုိ႔အ တြက္ အရမ္းကို အဓိပၸာယ္ရွိပါ တယ္။ ကြၽန္ေတာ္ကိုယ္တုိင္ ဆုိ ခြင့္ရလုိ႔လည္း အရမ္းပီတိျဖစ္ပါ တယ္။ ဆုိခြင့္ရတဲ့ သီခ်င္းေတြက လည္း မတူတဲ့ပံုစံေလးေတြနဲ႔ပါ’’ ဟု အဆိုပါ ေတးသီခ်င္းကို သီဆို ေပးထားသည့္ အိပ္မက္ဆံုရာ (ရာသက္ပန္) Season-1 ၏ Winner ဆုရွင္ ေအာင္ထက္က ေျပာၾကားသည္။

‘မ်က္ရည္ႏွင့္ပြင့္ေသာပန္း’ အေခြတြင္ အိပ္မက္ဆံုရာ (ရာ သက္ပန္)မွ အဆိုေတာ္မ်ားျဖစ္ သည့္ ေအာင္ထက္၊ သားဂန္းႏွင့္ Jenevy တုိ႔ သံုးဦးက သီဆိုေပး ထားၿပီး ေတးသီခ်င္း စုစုေပါင္း ၁၃ ပုဒ္ ပါဝင္ကာ ေအာင္ထက္ ႏွင့္ Jenevy တုိ႔၏ စံုတြဲသီခ်င္းတစ္ ပုဒ္လည္း ပါဝင္သည္။ အဆိုပါအေခြတြင္ ေစာခူဆဲလ္၊ ျမင့္မိုးေအာင္၊ေနာင္ေနာင္(Sun Flower)၊ ညီညီသြင္၊ ရယ္ဂ်ီ၊ ဆလိုင္းႏွင့္ ေအာင္ထက္တုိ႔က ေတးသီခ်င္းမ်ား ေရး သားေပးထားသည္။

‘‘ဒီအေခြထဲမွာ သံုးေယာက္ စလံုးအတြက္ သီခ်င္းတစ္ပုဒ္စီ ေရးေပးျဖစ္ပါတယ္။ သံုးပုဒ္စလံုး က ကိုယ္ပိုင္သံစဥ္ေတြခ်ည္းပါပဲ။ ဒီသီခ်င္းေတြမွာ အခက္ခဲဆံုးအ ရာကေတာ့ သူတုိ႔ကို အရမ္းေမွ်ာ္ မွန္းၿပီး ေကာင္းေစခ်င္သေလာက္ မေကာင္းသြားမွာကို ကိုယ့္စိတ္ ကိုယ္ယွဥ္ၿပိဳင္မိတာက အခက္ ခဲဆံုးပါ’’ဟု ေတးေရးဆရာ ညီညီ သြင္က ေျပာသည္။

‘မ်က္ရည္ႏွင့္ပြင့္ေသာပန္း’ သီခ်င္းအေခြ စတင္ျဖန္႔ခ်ိမည့္ စက္တင္ဘာ ၁၀ ရက္တြင္ Junction Square ရွိ ပ႐ိုမိုးရွင္း ဧရိယာ၌ အဆိုေတာ္မ်ားက ေဖ်ာ္ ေျဖေပးမည္ျဖစ္သည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အိပ်မက်ဆုံရာ (ရာသက်ပန်) Season-1 ၏ Winner Alblum ဖြစ်သော ‘မျက်ရည်နှင့် ပွင့်သောပန်း’ သီချင်းအခွေကို စက်တင်ဘာ ၁၀ ရက်တွင် စတင်ဖြန့်ချိပေးမည်ဖြစ်သည်။

‘‘မျက်ရည်နှင့်ပွင့်သောပန်း သီချင်းက ကျွန်တော်တို့ ကြိုးစား ခဲ့ရတဲ့၊ အဆင်မပြေခဲ့တဲ့ အခက် အခဲတွေကို မျက်ရည်တစ်စက်လို တင်စားပြီးတော့ ဆရာက ရေး ပေးခဲ့တဲ့ သီချင်းပါ။ အကြောင်း အရာကလည်း ကျွန်တော်တို့အ တွက် အရမ်းကို အဓိပ္ပာယ်ရှိပါ တယ်။ ကျွန်တော်ကိုယ်တိုင် ဆို ခွင့်ရလို့လည်း အရမ်းပီတိဖြစ်ပါ တယ်။ ဆိုခွင့်ရတဲ့ သီချင်းတွေက လည်း မတူတဲ့ပုံစံလေးတွေနဲ့ပါ’’ ဟု အဆိုပါ တေးသီချင်းကို သီဆို ပေးထားသည့် အိပ်မက်ဆုံရာ (ရာသက်ပန်) Season-1 ၏ Winner ဆုရှင် အောင်ထက်က ပြောကြားသည်။

‘မျက်ရည်နှင့်ပွင့်သောပန်း’ အခွေတွင် အိပ်မက်ဆုံရာ (ရာ သက်ပန်)မှ အဆိုတော်များဖြစ် သည့် အောင်ထက်၊ သားဂန်းနှင့် Jenevy တို့ သုံးဦးက သီဆိုပေး ထားပြီး တေးသီချင်း စုစုပေါင်း ၁၃ ပုဒ် ပါဝင်ကာ အောင်ထက် နှင့် Jenevy တို့၏ စုံတွဲသီချင်းတစ် ပုဒ်လည်း ပါဝင်သည်။ အဆိုပါအခွေတွင် စောခူဆဲလ်၊ မြင့်မိုးအောင်၊နောင်နောင်(Sun Flower)၊ ညီညီသွင်၊ ရယ်ဂျီ၊ ဆလိုင်းနှင့် အောင်ထက်တို့က တေးသီချင်းများ ရေး သားပေးထားသည်။

‘‘ဒီအခွေထဲမှာ သုံးယောက် စလုံးအတွက် သီချင်းတစ်ပုဒ်စီ ရေးပေးဖြစ်ပါတယ်။ သုံးပုဒ်စလုံး က ကိုယ်ပိုင်သံစဉ်တွေချည်းပါပဲ။ ဒီသီချင်းတွေမှာ အခက်ခဲဆုံးအ ရာကတော့ သူတို့ကို အရမ်းမျှော် မှန်းပြီး ကောင်းစေချင်သလောက် မကောင်းသွားမှာကို ကိုယ့်စိတ် ကိုယ်ယှဉ်ပြိုင်မိတာက အခက် ခဲဆုံးပါ’’ဟု တေးရေးဆရာ ညီညီ သွင်က ပြောသည်။

‘မျက်ရည်နှင့်ပွင့်သောပန်း’ သီချင်းအခွေ စတင်ဖြန့်ချိမည့် စက်တင်ဘာ ၁၀ ရက်တွင် Junction Square ရှိ ပရိုမိုးရှင်း ဧရိယာ၌ အဆိုတော်များက ဖျော် ဖြေပေးမည်ဖြစ်သည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top