Property Expo
×

 ပိုင္နက္ အျငင္းပြားမႈမ်ား ရွိေနသည့္ ေတာင္တ႐ုတ္ပင္လယ္ ေရျပင္တြင္ တ႐ုတ္က ႐ုရွားႏွင့္ ပူးေပါင္းၿပီး ေရတပ္ စစ္ေရးေလ့က်င့္မႈတစ္ရပ္ စတင္ေနၿပီ ျဖစ္သည္။

စက္တင္ဘာ ၁၂ ရက္တြင္ အစျပဳသည့္ စစ္ေရးေလ့က်င့္မႈသည္ ေတာင္တ႐ုတ္ပင္လယ္ အေရးတြင္ တ႐ုတ္ဘက္မွ ေထာက္ခံ ရပ္တည္မည္ဟု ႐ုရွားသမၼတ ဗလာဒီမာ ပူတင္က လူသိရွင္ၾကား မွတ္ခ်က္ေပးခဲ့ၿပီး ရက္ပိုင္းအတြင္း ေပၚေပါက္လာျခင္း ျဖစ္သည္။ Joint Sea-2016ဟု အမည္ေပးထားသည့္ စစ္ေရးေလ့က်င့္မႈကို ၈ ရက္ၾကာ ျပဳလုပ္မည္ဟု တ႐ုတ္မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

တ႐ုတ္ေရတပ္ ေျပာေရးဆိုခြင့္ရ အရာရွိ ေလ်ာင္ယန္းက “ဒီစစ္ေရးေလ့က်င့္မႈမွာ ႏွစ္ႏုိင္ငံ ေရတပ္ဖြဲ႕ေတြရဲ႕ တိုက္သေဘၤာေတြ၊ ေရငုပ္သေဘၤာေတြ၊ ေလယာဉ္ေတြ၊ ေရယာဉ္အေျခစိုက္ ရဟတ္ယာဉ္ေတြနဲ႔ မရိန္း ကမ္းတပ္စစ္သည္ေတြ ပါဝင္ၾကမွာ ျဖစ္ပါတယ္”ဟု ေျပာၾကားခဲ့သည္။

“ဒီပူးေပါင္း စစ္ေရးေလ့က်င့္မႈဟာ ကာကြယ္ေရး၊ ကယ္ဆယ္ေရး၊ ေရငုပ္သေဘၤာ ၾကားျဖတ္ဟန္႔တားေရး က႑ေတြအတြက္ အဓိက ရည္ရြယ္ပါတယ္။ ၿပီးေတာ့ ကၽြန္းသိမ္း စစ္ဆင္ေရးေတြနဲ႔ တျခားလုပ္ငန္းစဉ္ေတြလည္း ပါဝင္ပါတယ္”ဟုလည္း ၎က ဆုိသည္။

ယခုစစ္ေရးေလ့က်င့္မႈတြင္ ပါဝင္သည့္ တ႐ုတ္ေရတပ္ဖြဲ႕ဝင္ အမ်ားစုသည္ ေတာင္တ႐ုတ္ပင္လယ္ ေရတပ္ဖြဲ႕မွျဖစ္ေၾကာင္းလည္း သိရသည္။ “အရင္စစ္ေရးေလ့က်င့္မႈေတြနဲ႔ ယွဉ္ၾကည့္ရင္ အခုတစ္ႀကိမ္က ပိုေလးနက္ၿပီး လုပ္ေဆာင္မႈလည္း ပိုက်ယ္ျပန္႔တယ္။ စီမံကြပ္ကဲမႈ၊ တပ္ျဖန္႔မႈေတြရဲ႕ ထိေရာက္ႏုိင္စြမ္းကို ျမႇင့္တင္ဖုိ႔ ရည္ရြယ္တယ္။ အထူးသျဖင့္ ေရတပ္ရဲ႕ စံႏႈန္းနဲ႔ ျပန္ၾကားေရး က႑ေတြကို ပိုၿပီး ခ်ဉ္းကပ္ ျပင္ဆင္ထားတယ္”ဟုလည္း ေလ်ာင္က မွတ္ခ်က္ေပးခဲ့သည္။

အဆိုပါ စစ္ေရးေလ့က်င့္မႈ အစီအစဉ္ကို ဇူလုိင္လက တရားဝင္ သတင္းထုတ္ျပန္ ေၾကညာခဲ့ျခင္း ျဖစ္သည္။ တ႐ုတ္သည္ ေတာင္တ႐ုတ္ပင္လယ္ ေရပိုင္နက္ ခြဲေဝေရး ကိစၥႏွင့္ ပတ္သက္၍ ေဒသတြင္း ႏုိင္ငံအခ်ိဳ႕ႏွင့္ သေဘာထား ကြဲလြဲမႈမ်ား ရွိေနရာ ယခုစစ္ေရးေလ့က်င့္မႈက အေျခအေနကို ပိုမို တင္းမာလာေစဖြယ္ ရွိေနေၾကာင္းလည္း သတင္းမ်ားက ေဖာ္ျပသြားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: New York Times

#Unicode Version
 ပိုင်နက် အငြင်းပွားမှုများ ရှိနေသည့် တောင်တရုတ်ပင်လယ် ရေပြင်တွင် တရုတ်က ရုရှားနှင့် ပူးပေါင်းပြီး ရေတပ် စစ်ရေးလေ့ကျင့်မှုတစ်ရပ် စတင်နေပြီ ဖြစ်သည်။


စက်တင်ဘာ ၁၂ ရက်တွင် အစပြုသည့် စစ်ရေးလေ့ကျင့်မှုသည် တောင်တရုတ်ပင်လယ် အရေးတွင် တရုတ်ဘက်မှ ထောက်ခံ ရပ်တည်မည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က လူသိရှင်ကြား မှတ်ချက်ပေးခဲ့ပြီး ရက်ပိုင်းအတွင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။ Joint Sea-2016ဟု အမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုကို ၈ ရက်ကြာ ပြုလုပ်မည်ဟု တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။

တရုတ်ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ လျောင်ယန်းက “ဒီစစ်ရေးလေ့ကျင့်မှုမှာ နှစ်နိုင်ငံ ရေတပ်ဖွဲ့တွေရဲ့ တိုက်သငေ်္ဘာတွေ၊ ရေငုပ်သငေ်္ဘာတွေ၊ လေယာဉ်တွေ၊ ရေယာဉ်အခြေစိုက် ရဟတ်ယာဉ်တွေနဲ့ မရိန်း ကမ်းတပ်စစ်သည်တွေ ပါဝင်ကြမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

“ဒီပူးပေါင်း စစ်ရေးလေ့ကျင့်မှုဟာ ကာကွယ်ရေး၊ ကယ်ဆယ်ရေး၊ ရေငုပ်သငေ်္ဘာ ကြားဖြတ်ဟန့်တားရေး ကဏ္ဍတွေအတွက် အဓိက ရည်ရွယ်ပါတယ်။ ပြီးတော့ ကျွန်းသိမ်း စစ်ဆင်ရေးတွေနဲ့ တခြားလုပ်ငန်းစဉ်တွေလည်း ပါဝင်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

ယခုစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် တရုတ်ရေတပ်ဖွဲ့ဝင် အများစုသည် တောင်တရုတ်ပင်လယ် ရေတပ်ဖွဲ့မှဖြစ်ကြောင်းလည်း သိရသည်။ “အရင်စစ်ရေးလေ့ကျင့်မှုတွေနဲ့ ယှဉ်ကြည့်ရင် အခုတစ်ကြိမ်က ပိုလေးနက်ပြီး လုပ်ဆောင်မှုလည်း ပိုကျယ်ပြန့်တယ်။ စီမံကွပ်ကဲမှု၊ တပ်ဖြန့်မှုတွေရဲ့ ထိရောက်နိုင်စွမ်းကို မြှင့်တင်ဖို့ ရည်ရွယ်တယ်။ အထူးသဖြင့် ရေတပ်ရဲ့ စံနှုန်းနဲ့ ပြန်ကြားရေး ကဏ္ဍတွေကို ပိုပြီး ချဉ်းကပ် ပြင်ဆင်ထားတယ်”ဟုလည်း လျောင်က မှတ်ချက်ပေးခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ဇူလိုင်လက တရားဝင် သတင်းထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။ တရုတ်သည် တောင်တရုတ်ပင်လယ် ရေပိုင်နက် ခွဲဝေရေး ကိစ္စနှင့် ပတ်သက်၍ ဒေသတွင်း နိုင်ငံအချို့နှင့် သဘောထား ကွဲလွဲမှုများ ရှိနေရာ ယခုစစ်ရေးလေ့ကျင့်မှုက အခြေအနေကို ပိုမို တင်းမာလာစေဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: New York Times
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top