Property Expo
×

၂၀၁၆-၁၇ ဘ႑ာႏွစ္ ဧၿပီမွ ၾသဂုတ္လကုန္အထိ ငါးလ အတြင္း ရန္ကုန္တိုင္းရွိ ကုန္သြယ္ လုပ္ငန္းခြန္တံဆိပ္ေခါင္းမကပ္ သည့္ စားေသာက္ဆိုင္ ၇၁ ဆိုင္ ကို ဒဏ္႐ိုက္အေရးယူခဲ့ၿပီး ဒဏ္ ေၾကးေငြက်ပ္သိန္း ၂၄၀ ေက်ာ္ ေကာက္ခံရရွိထားေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ သတင္းရရွိသည္။

 ‘‘ေလးႀကိမ္ေလာက္ ပါတဲ့ ဆိုင္ေတြရွိတယ္။ အခြန္အမွတ္တံ ဆိပ္မကပ္တဲ့ စားေသာက္ဆိုင္ ေတြက ေဟာ့ေပါ့ဆိုင္ေတြနဲ႔ ၾကက္ ေၾကာ္ဆိုင္ေတြမ်ားတယ္။ ေရွ႕ ဆက္ ပ်က္ကြက္ရင္ ကုန္သြယ္ လုပ္ငန္းခြန္ဥပေဒအတုိင္းအေရး ယူဖို႔ရွိတယ္’’ဟု ျပည္တြင္းအခြန္ မ်ားဦးစီးဌာန လက္ေထာက္ၫႊန္ ၾကားေရးမွဴးတစ္ဦးက ေျပာၾကားသည္။

အႀကိမ္ႀကိမ္ ဒဏ္႐ိုက္ခံရ သည့္ စားေသာက္ဆိုင္မ်ားသည္ က်သင့္ကုန္သြယ္လုပ္ငန္းခြန္အ တိုင္း တံဆိပ္ေခါင္းအျပည့္အ၀မ ကပ္ျခင္းႏွင့္ ေငြရွင္းေျပစာတြင္ ကုန္သြယ္ လုပ္ငန္းခြန္အတြက္ ေကာက္ခံထားေသာ္လည္း အခြန္ တံဆိပ္လံုး၀မကပ္ျခင္းမ်ားေၾကာင့္ ျဖစ္ေၾကာင္း ျပည္တြင္းအခြန္မ်ား ဦးစီးဌာနမွ သိရသည္။

ေငြရွင္းေျပစာတြင္ ကုန္သြယ္လုပ္ငန္းခြန္တံဆိပ္ေခါင္းကပ္ရန္ ပ်က္ကြက္သည့္ စားေသာက္ဆိုင္၊ဟိုတယ္ႏွင့္ တည္းခိုခန္းမ်ားကို ယခုဘ႑ာႏွစ္မွစ၍ ကုန္သြယ္ လုပ္ငန္းခြန္ဥပေဒပုဒ္မ ၃၂ အရ တရားစြဲဆိုမည္ျဖစ္ၿပီး ျပစ္မႈထင္ ရွားပါက ေထာင္ဒဏ္ သံုးႏွစ္မွ ခုနစ္ႏွစ္အထိ ခ်မွတ္မည္ဟု ျပည္ တြင္းအခြန္မ်ားဦးစီးဌာနက ထုတ္ ျပန္ခဲ့သည္။

စားေသာက္ဆိုင္၊ ဟိုတယ္ ႏွင့္ တည္းခိုခန္းမ်ား၏ ေငြရွင္းေျပ စာမ်ားတြင္ ကုန္သြယ္လုပ္ငန္းခြန္ အမွတ္တံဆိပ္ကပ္ႏွိပ္ရန္ ပညာ ေပးျခင္းလုပ္ငန္းမ်ားကို ၂၀၁၄ ႏွစ္ကုန္ကစတင္ခဲ့ၿပီး ကုန္သြယ္လုပ္ ငန္းခြန္အမွတ္တံဆိပ္မကပ္သည့္ စားေသာက္ဆိုင္မ်ားကို ၂၀၁၅ ေမလမွစ၍ ဒဏ္ေၾကးေငြ႐ုိက္ခဲ့ သည္။

အခြန္အမွတ္တံဆိပ္ကပ္ႏွိပ္ ရန္ ပ်က္ကြက္သည့္ ၀န္ေဆာင္မႈ လုပ္ငန္းမ်ားကို တစ္ႀကိမ္ပ်က္ ကြက္ပါက က်ပ္ႏွစ္သိန္း၊ ႏွစ္ႀကိမ္ပ်က္ကြက္ပါက က်ပ္ငါးသိန္း၊ သံုး ႀကိမ္ပ်က္ကြက္ပါက က်ပ္ခုနစ္ သိန္းႏွင့္ သံုးႀကိမ္ႏွင့္  အထက္ပ်က္ ကြက္ပါကက်ပ္ ၁၀ သိန္းအထိ ဒဏ္႐ိုက္ရန္ ကုန္သြယ္လုပ္ငန္းခြန္ ဥပေဒတြင္ ျပ႒ာန္းထားသည္။

၂၀၁၅-၁၆ ဘ႑ာႏွစ္တစ္ ႏွစ္လံုးတြင္ အခြန္အမွတ္တံဆိပ္ မကပ္သည့္ ရန္ကုန္တိုင္းရွိ စား ေသာက္ဆိုင္ ၂၆၄ ဆိုင္ကို ဒဏ္ ႐ိုက္ခဲ့ၿပီး ဒဏ္ေၾကးေငြက်ပ္သိန္း ၇၂၀ ေက်ာ္ရရွိခဲ့ေၾကာင္း သတင္း ရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဧပြီမှ သြဂုတ်လကုန်အထိ ငါးလ အတွင်း ရန်ကုန်တိုင်းရှိ ကုန်သွယ် လုပ်ငန်းခွန်တံဆိပ်ခေါင်းမကပ် သည့် စားသောက်ဆိုင် ၇၁ ဆိုင် ကို ဒဏ်ရိုက်အရေးယူခဲ့ပြီး ဒဏ် ကြေးငွေကျပ်သိန်း ၂၄၀ ကျော် ကောက်ခံရရှိထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိသည်။

 ‘‘လေးကြိမ်လောက် ပါတဲ့ ဆိုင်တွေရှိတယ်။ အခွန်အမှတ်တံ ဆိပ်မကပ်တဲ့ စားသောက်ဆိုင် တွေက ဟော့ပေါ့ဆိုင်တွေနဲ့ ကြက် ကြော်ဆိုင်တွေများတယ်။ ရှေ့ ဆက် ပျက်ကွက်ရင် ကုန်သွယ် လုပ်ငန်းခွန်ဥပဒေအတိုင်းအရေး ယူဖို့ရှိတယ်’’ဟု ပြည်တွင်းအခွန် များဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူးတစ်ဦးက ပြောကြားသည်။

အကြိမ်ကြိမ် ဒဏ်ရိုက်ခံရ သည့် စားသောက်ဆိုင်များသည် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်အ တိုင်း တံဆိပ်ခေါင်းအပြည့်အဝမ ကပ်ခြင်းနှင့် ငွေရှင်းပြေစာတွင် ကုန်သွယ် လုပ်ငန်းခွန်အတွက် ကောက်ခံထားသော်လည်း အခွန် တံဆိပ်လုံးဝမကပ်ခြင်းများကြောင့် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

ငွေရှင်းပြေစာတွင် ကုန်သွယ်လုပ်ငန်းခွန်တံဆိပ်ခေါင်းကပ်ရန် ပျက်ကွက်သည့် စားသောက်ဆိုင်၊ဟိုတယ်နှင့် တည်းခိုခန်းများကို ယခုဘဏ္ဍာနှစ်မှစ၍ ကုန်သွယ် လုပ်ငန်းခွန်ဥပဒေပုဒ်မ ၃၂ အရ တရားစွဲဆိုမည်ဖြစ်ပြီး ပြစ်မှုထင် ရှားပါက ထောင်ဒဏ် သုံးနှစ်မှ ခုနစ်နှစ်အထိ ချမှတ်မည်ဟု ပြည် တွင်းအခွန်များဦးစီးဌာနက ထုတ် ပြန်ခဲ့သည်။

စားသောက်ဆိုင်၊ ဟိုတယ် နှင့် တည်းခိုခန်းများ၏ ငွေရှင်းပြေ စာများတွင် ကုန်သွယ်လုပ်ငန်းခွန် အမှတ်တံဆိပ်ကပ်နှိပ်ရန် ပညာ ပေးခြင်းလုပ်ငန်းများကို ၂၀၁၄ နှစ်ကုန်ကစတင်ခဲ့ပြီး ကုန်သွယ်လုပ် ငန်းခွန်အမှတ်တံဆိပ်မကပ်သည့် စားသောက်ဆိုင်များကို ၂၀၁၅ မေလမှစ၍ ဒဏ်ကြေးငွေရိုက်ခဲ့ သည်။

အခွန်အမှတ်တံဆိပ်ကပ်နှိပ် ရန် ပျက်ကွက်သည့် ဝန်ဆောင်မှု လုပ်ငန်းများကို တစ်ကြိမ်ပျက် ကွက်ပါက ကျပ်နှစ်သိန်း၊ နှစ်ကြိမ်ပျက်ကွက်ပါက ကျပ်ငါးသိန်း၊ သုံး ကြိမ်ပျက်ကွက်ပါက ကျပ်ခုနစ် သိန်းနှင့် သုံးကြိမ်နှင့်  အထက်ပျက် ကွက်ပါကကျပ် ၁၀ သိန်းအထိ ဒဏ်ရိုက်ရန် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တစ် နှစ်လုံးတွင် အခွန်အမှတ်တံဆိပ် မကပ်သည့် ရန်ကုန်တိုင်းရှိ စား သောက်ဆိုင် ၂၆၄ ဆိုင်ကို ဒဏ် ရိုက်ခဲ့ပြီး ဒဏ်ကြေးငွေကျပ်သိန်း ၇၂၀ ကျော်ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top