Kantharyar Centre
×

ငါးႀကီးဆီဟာ Omega 3 ေတြ ၾကြယ္ဝစြာပါဝင္တဲ့ တစ္ခုတည္းေသာ အရာျဖစ္ပါတယ္။ Omega 3 ဟာ ငါးေတြရဲ႕ အဆီပိုင္းမွာပဲ ၾကြယ္ဝစြာ ပါဝင္တဲ့အရာတစ္ခုပါ။ လူေတြမွာဆိုရင္ေတာ့ မ်က္ၾကည္လႊာဟာ Omega 3 အၾကြယ္ဝဆံုးအပိုင္းျဖစ္ပါတယ္။

ငါးႀကီးဆီဟာ စိတ္ဖိစီးမႈေတြကိုလည္း အေကာင္းဆံုးေလွ်ာ့ခ်ေပးနိုင္ပါတယ္။ အဲ့လို စိတ္ပိုင္းဆိုင္ရာျပႆနာေတြကို အေကာင္းဆံုးေလွ်ာ့ခ်ေပးနိုင္လို႔ နွလံုးေရာဂါျဖစ္နိုင္ေခ်ကိုလည္း ေလ်ာ့ပါးသြားေစနိုင္တယ္လို႔ သိရပါတယ္။

အတက္ေရာဂါရွိတဲ့ လူေတြနဲ႔  ဝက္ရူးျပန္ေရာဂါရွိတဲ့သူေတြဟာ  ငါးၾကိီးဆီကိုပံုမွန္မွီဝဲရင္ အေကာင္းပကတိ အေျခအေနအထိ သက္သာလာနိုင္တယ္လို႔ ေလ့လာမႈေတြက ဆိုထားပါတယ္။

ငါးႀကီးဆီဟာ သက္ႀကိးရြယ္အိုေတြမွာ အျဖစ္မ်ားတတ္တဲ့ ဦးေနွာက္ထိန္းခ်ဳပ္မႈအားနည္းတဲ့ေရာဂါ (သူငယ္ျပန္ေရာဂါ) ကိုလည္း ကာကြယ္ေပးတယ္လို႔ သိရပါတယ္။ ကေလးေတြကို တိုက္ေကၽြးမယ္ဆိုရင္လည္း ဦးေႏွာက္ရဲ႕ တံု႔ျပန္မႈအားပိုေကာင္းလာၿပီး ပိုမိုၿပီး သြက္လက္လာတယ္လို႔ သိရပါတယ္။

ငါးႀကီးဆီဟာ ဦးေနွာက္အတြက္ အလြန္အက်ိဳးျပဳတဲ့အရာျဖစ္ၿပီး ဦးေနွာက္အေမွးေရာင္ေရာဂါ (Alzheimer's disease) ကိုလည္းကာကြယ္ေပးတယ္လို႕သိရပါတယ္။

ဒါ့အျပင္ အမ်ိဳးသားေတြမွာ  အျဖစ္မ်ားတဲ့ ဆီးက်ိတ္ကင္ဆာကိုလည္း ၇၂% ထိ ေလွ်ာ့ခ်ေပးနိုင္တာကို အံံၾသဖါယ္ေတြ႕ရွိခဲ့ရပါတယ္။

ဒါေၾကာင့္ အသက္အရြယ္ႀကီးလာတဲ့အထိ မွတ္ဥာဏ္ေကာင္းခ်င္ေသးရင္ေတာ့ ငါးၾကီးဆီကို ပံုမွန္မွီဝဲသင့္တယ္လို႔ဆိုထားပါတယ္။

ဒါ့အျပင္ ယခုေခတ္ကေလးေတြမွာ အျဖစ္မ်ားလာတဲ့  ေအာ္တစ္ဇင္ေရာဂါ (autism) ကို ကုသဖို႔အတြက္ ငါးႀကီးဆီကိုအေျခခံၿပီး ႀကိဳးစားေနတယ္လို႔ MNT သတင္းကေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thithtoolwin

Unicode Version


ငါးကြီးဆီဟာ Omega 3 တွေ ကြွယ်ဝစွာပါဝင်တဲ့ တစ်ခုတည်းသော အရာဖြစ်ပါတယ်။ Omega 3 ဟာ ငါးတွေရဲ့ အဆီပိုင်းမှာပဲ ကြွယ်ဝစွာ ပါဝင်တဲ့အရာတစ်ခုပါ။ လူတွေမှာဆိုရင်တော့ မျက်ကြည်လွှာဟာ Omega 3 အကြွယ်ဝဆုံးအပိုင်းဖြစ်ပါတယ်။

ငါးကြီးဆီဟာ စိတ်ဖိစီးမှုတွေကိုလည်း အကောင်းဆုံးလျှော့ချပေးနိုင်ပါတယ်။ အဲ့လို စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို အကောင်းဆုံးလျှော့ချပေးနိုင်လို့ နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျော့ပါးသွားစေနိုင်တယ်လို့ သိရပါတယ်။

အတက်ရောဂါရှိတဲ့ လူတွေနဲ့  ဝက်ရူးပြန်ရောဂါရှိတဲ့သူတွေဟာ  ငါးကြီးဆီကိုပုံမှန်မှီဝဲရင် အကောင်းပကတိ အခြေအနေအထိ သက်သာလာနိုင်တယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။

ငါးကြီးဆီဟာ သက်ကြိးရွယ်အိုတွေမှာ အဖြစ်များတတ်တဲ့ ဦးနှောက်ထိန်းချုပ်မှုအားနည်းတဲ့ရောဂါ (သူငယ်ပြန်ရောဂါ) ကိုလည်း ကာကွယ်ပေးတယ်လို့ သိရပါတယ်။ ကလေးတွေကို တိုက်ကျွေးမယ်ဆိုရင်လည်း ဦးနှောက်ရဲ့ တုံ့ပြန်မှုအားပိုကောင်းလာပြီး ပိုမိုပြီး သွက်လက်လာတယ်လို့ သိရပါတယ်။

ငါးကြီးဆီဟာ ဦးနှောက်အတွက် အလွန်အကျိုးပြုတဲ့အရာဖြစ်ပြီး ဦးနှောက်အမှေးရောင်ရောဂါ (Alzheimer's disease) ကိုလည်းကာကွယ်ပေးတယ်လို့သိရပါတယ်။

ဒါ့အပြင် အမျိုးသားတွေမှာ  အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာကိုလည်း ၇၂% ထိ လျှော့ချပေးနိုင်တာကို အံံသြဖါယ်တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် အသက်အရွယ်ကြီးလာတဲ့အထိ မှတ်ဉာဏ်ကောင်းချင်သေးရင်တော့ ငါးကြီးဆီကို ပုံမှန်မှီဝဲသင့်တယ်လို့ဆိုထားပါတယ်။

ဒါ့အပြင် ယခုခေတ်ကလေးတွေမှာ အဖြစ်များလာတဲ့  အော်တစ်ဇင်ရောဂါ (autism) ကို ကုသဖို့အတွက် ငါးကြီးဆီကိုအခြေခံပြီး ကြိုးစားနေတယ်လို့ MNT သတင်းကဖော်ပြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top