Property Expo
×

ဇီကာဗိုင္းရပ္စ္ႏွင့္ပတ္သက္၍ ရန္ကုန္ေလဆိပ္တြင္ စက္တင္ဘာ ၁၀ ရက္က က်န္းမာေရးဝန္ႀကီးဌာနႏွင့္ ေလေၾကာင္းလိုင္းမ်ားက အသိပညာေပးေနစဥ္ (ဓာတ္ပံု−ျမတ္သီဟေမာင္)

 ျမန္မာႏုိင္ငံသို႔ ဇီကာဗုိင္း ရပ္စ္ပ်ံ႕ႏွံ႔လာပါက ေရာဂါထိန္း ခ်ဳပ္ရန္ ခက္ခဲႏုိင္သျဖင့္ ေရာဂါ ကာကြယ္ေရးလုပ္ငန္းမ်ားကို အစုိးရပိုင္းသာမက ျပည္သူအပိုင္းကပါ ၀ိုင္း၀န္းေဆာင္ရြက္ရန္ လိုအပ္ ေၾကာင္း ကေလးအထူးကုဆရာ ၀န္ႀကီး ပါေမာကၡေဒါက္တာေစာ ၀င္းက ေျပာသည္။

‘‘ဇီကာဗုိင္းရပ္စ္ကလည္း ေအးဒိစ္ျခင္က်ား ကိုက္ခံရတာက တစ္ဆင့္ ကူးစက္ခံရတယ္။ ျမန္မာႏုိင္ငံမွာ ေအးဒိစ္ျခင္ေၾကာင့္ျဖစ္တဲ့ ေသြးလြန္တုပ္ေကြးကိုေတာင္ ထိန္းဖို႔ခက္ပါတယ္။ ဒီဥစၥာဇီကာလည္းထိန္းဖို႔ခက္မယ္။ ေအးဒိစ္ျခင္က တကယ့္ျပႆနာပါ။ အဓိက ျခင္ႏွိမ္နင္းေရးလုပ္ငန္းေတြကို ႀကိဳးစားလုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္’’ဟု ေဒါက္တာေစာ၀င္းက ဆုိသည္။

လက္ရွိတြင္ ျမန္မာႏုိင္ငံ၌ ဇီကာဗုိင္းရပ္စ္ကူးစက္ခံရမႈ မရွိ ေသးေသာ္လည္း အာဆီယံေဒသ တြင္း ႏုိင္ငံအခ်ဳိ႕ႏွင့္ ျမန္မာႏုိင္ငံႏွင့္ သြားလာဆက္ဆံမႈမ်ားသည့္ စင္ ကာပူႏွင့္ထုိင္းႏုိင္ငံတို႔တြင္ ကူး စက္ခံရမႈမ်ားရွိေနကာ စင္ကာပူ ႏုိင္ငံ၌ ေရာဂါကူးစက္ခံရသူ ၂၉၂ဦးရွိေနၿပီ ျဖစ္သည္။ ထုိ႔ေၾကာင့္ဇီကာဗုိင္းရပ္စ္ကူးစက္ျခင္းမွ ကာကြယ္ရန္ ေလဆိပ္ႏွင့္ နယ္စပ္ဂိတ္ေပါက္မ်ားတြင္ ေရာဂါေထာက္ လွမ္းရွာေဖြျခင္းမ်ား ျပဳလုပ္ေန ေၾကာင္း က်န္းမာေရးႏွင့္ အားက စား၀န္ႀကီးဌာနမွ သိရသည္။


‘‘ဇီကာဗုိင္းရပ္စ္၀င္ေရာက္မႈ ျမန္မာႏုိင္ငံမွာ ရွိေနၿပီလား၊ မရွိေန ဘူးလား ေသခ်ာမေျပာႏုိင္ဘူး။ နယ္စပ္ေတြမွာ ရွိႏုိင္တယ္။ ျမန္မာ ႏုိင္ငံမွာ ကူးစက္ျမန္ေရာဂါေတြ ၀င္လာရင္ ဘယ္လုိသိမလဲ။ ေရဆိပ္၊ ေလဆိပ္နဲ႔ ေျမျပင္ထက္ေက်ာ္တဲ့ လမ္းေတြ အမ်ားႀကီးပဲ။ နယ္စပ္ ၀င္ေပါက္ ၂၃ ခု ရွိတယ္။ တနသၤာ ရီတုိင္းမွာ ေကာ့ေသာင္း၊ ဘုရား သုံးဆူ၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္၊ ကခ်င္နဲ႔ ရခိုင္ျပည္ နယ္မွာ ေမာင္ေတာစသျဖင့္ နယ္ စပ္ဂိတ္ေတြရွိတယ္။ ဒီေနရာေတြ မွာ တျခားႏုိင္ငံက ျပန္လာသူေတြ ကို ဖ်ားနာျခင္းရွိ၊ မရွိ စစ္ေဆးတဲ့ စက္ေတြနဲ႔စစ္တယ္။ သို႔ေသာ္ လည္း တခ်ဳိ႕ေနရာေတြမွာ သိပ္ မ်ားမ်ား မစမ္းႏုိင္ဘူး။ ဖ်ားနာျခင္း တိုင္းတာတဲ့ စက္ေတြက WHO ရဲ႕ Rule အရ သိပ္ထိေရာက္တယ္လို႔ ေတာ့ မယူဆဘူူး’’ဟု WHO Myan-mar မွ တာ၀န္ရွိသူေဒါက္တာ မ်ဳိးလြင္က ဆုိသည္။

ယခုစက္တင္ဘာ ၁ ရက္အ ထိ ကမၻာ့ႏုိင္ငံေပါင္း ၇၂ ႏုိင္ငံတြင္ ဇီကာဗုိင္းရပ္စ္ေရာဂါကူးစက္ခဲ့ၿပီး က်န္းမာေရးဆုိင္ရာျပႆနာတစ္ ရပ္အျဖစ္ သတ္မွတ္ေဆာင္ရြက္ ရန္ ထုတ္ျပန္ေၾကညာခဲ့သည္။ အ ဆုိပါ ေရာဂါသည္ အသက္အရြယ္ မေရြး၊ က်ား၊ မ မေရြးျဖစ္ပြားႏုိင္ ၿပီး ကူးစက္ခံရသူ ငါးဦးတြင္ တစ္ ဦးသာ လကၡဏာျပတတ္သည္။

ေရာဂါလကၡဏာမ်ားအေန ျဖင့္ ႐ုတ္တရက္ဖ်ားနာျခင္း၊ အ ေရျပားတြင္ အနီေရာင္အကြက္၊ အစက္မ်ားထြက္ေပၚျခင္း၊ မ်က္ သားနီၿပီး ေရာင္ရမ္းျခင္း၊ ႂကြက္ သားႏွင့္ အဆစ္အျမစ္မ်ား နာ က်င္ကိုက္ခဲျခင္း၊ မအီမသာျဖစ္ျခင္းႏွင့္ ေခါင္းကိုက္ျခင္းစသည့္ လကၡ ဏာမ်ားကို ႏွစ္ရက္မွ ခုနစ္ရက္အ ထိ ခံစားရႏုိင္သည္။ ေနာက္ဆက္ တဲြဆုိးက်ဳိးအျဖစ္ ကိုယ္၀န္ေဆာင္ မိခင္မွတစ္ဆင့္ ကေလးကိုကူး စက္ကာ ေမြးရာပါဦးေခါင္းေသးေရာဂါႏွင့္ အျခားအာ႐ုံေၾကာဆုိင္ရာ ေရာဂါမ်ားျဖစ္ေစႏုိင္သည့္ အေျခအေနရွိေၾကာင္း ေဆးပညာရွင္သုေတသီမ်ားက သုံးသပ္ထားသည္။

 ဇီကာဗုိင္းရပ္စ္ကူးစက္ခံရ ျခင္းကို လက္ရွိအထိ ကာကြယ္ ေဆး၊ ကုသေဆးမရွိေသးေပ။ ျခင္ မွတစ္ဆင့္ ကူးစက္ေလ့ရွိေသာ ေၾကာင့္ ျခင္ႏိွမ္းနင္းေရးလုပ္ငန္း မ်ားကိုသာ အဓိကလုပ္ေဆာင္ရန္ လိုအပ္သည္။

‘‘ျခင္၊ ပိုးေလာက္လမ္း ႏွိမ္နင္းေရးလုပ္ငန္းေတြကို အိမ္တုိင္း၊ ေက်ာင္းတုိင္း၊ ဌာနတုိင္းက လုပ္ ေဆာင္ဖုိ႔လိုအပ္တယ္။ အစိုးရပိုင္း က လုပ္ေဆာင္ေပးေနတယ္။ ပိုး ေလာက္လမ္းမေပါက္ပြားေအာင္ အဘိတ္ေဆးေတြ ခတ္တယ္ဆို ေသာ္လည္း ျပည္သူေတြအေနနဲ႔ အိမ္တုိင္းအိမ္တုိင္းမွာ ျခင္၊ ေလာက္လမ္းမရွိဖို႔ တာ၀န္ယူရမယ္။ ပိုး ေလာက္လမ္းေတြ႕ခဲ့ရင္ ဒဏ္႐ုိက္ တာမ်ဳိးရွိသင့္တယ္။ အစိုးရပိုင္းက ျပည္သူကို အသိမေပးဘူး၊ ကိုယ့္ တာ၀န္ကိုယ္မယူႏိုင္ဘူးဆုိရင္ ဘယ္လိုမွမလုပ္ႏုိင္ပါဘူး’’ဟု ရန္ကုန္တုိင္းျပည္သူ႔က်န္းမာေရး ဦးစီးဌာနဒုဦးစီးမွဴး ေဒါက္တာခင္ နန္းလုံက ဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဇီကာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ရန်ကုန်လေဆိပ်တွင် စက်တင်ဘာ ၁၀ ရက်က ကျန်းမာရေးဝန်ကြီးဌာနနှင့် လေကြောင်းလိုင်းများက အသိပညာပေးနေစဉ် (ဓာတ်ပုံ−မြတ်သီဟမောင်)

 မြန်မာနိုင်ငံသို့ ဇီကာဗိုင်း ရပ်စ်ပျံ့နှံ့လာပါက ရောဂါထိန်း ချုပ်ရန် ခက်ခဲနိုင်သဖြင့် ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အစိုးရပိုင်းသာမက ပြည်သူအပိုင်းကပါ ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ် ကြောင်း ကလေးအထူးကုဆရာ ဝန်ကြီး ပါမောက္ခဒေါက်တာစော ဝင်းက ပြောသည်။

‘‘ဇီကာဗိုင်းရပ်စ်ကလည်း အေးဒိစ်ခြင်ကျား ကိုက်ခံရတာက တစ်ဆင့် ကူးစက်ခံရတယ်။ မြန်မာနိုင်ငံမှာ အေးဒိစ်ခြင်ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေးကိုတောင် ထိန်းဖို့ခက်ပါတယ်။ ဒီဥစ္စာဇီကာလည်းထိန်းဖို့ခက်မယ်။ အေးဒိစ်ခြင်က တကယ့်ပြဿနာပါ။ အဓိက ခြင်နှိမ်နင်းရေးလုပ်ငန်းတွေကို ကြိုးစားလုပ်ဆောင်ဖို့ လိုအပ်ပါတယ်’’ဟု ဒေါက်တာစောဝင်းက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရမှု မရှိ သေးသော်လည်း အာဆီယံဒေသ တွင်း နိုင်ငံအချို့နှင့် မြန်မာနိုင်ငံနှင့် သွားလာဆက်ဆံမှုများသည့် စင် ကာပူနှင့်ထိုင်းနိုင်ငံတို့တွင် ကူး စက်ခံရမှုများရှိနေကာ စင်ကာပူ နိုင်ငံ၌ ရောဂါကူးစက်ခံရသူ ၂၉၂ဦးရှိနေပြီ ဖြစ်သည်။ ထို့ကြောင့်ဇီကာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကာကွယ်ရန် လေဆိပ်နှင့် နယ်စပ်ဂိတ်ပေါက်များတွင် ရောဂါထောက် လှမ်းရှာဖွေခြင်းများ ပြုလုပ်နေ ကြောင်း ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနမှ သိရသည်။


‘‘ဇီကာဗိုင်းရပ်စ်ဝင်ရောက်မှု မြန်မာနိုင်ငံမှာ ရှိနေပြီလား၊ မရှိနေ ဘူးလား သေချာမပြောနိုင်ဘူး။ နယ်စပ်တွေမှာ ရှိနိုင်တယ်။ မြန်မာ နိုင်ငံမှာ ကူးစက်မြန်ရောဂါတွေ ဝင်လာရင် ဘယ်လိုသိမလဲ။ ရေဆိပ်၊ လေဆိပ်နဲ့ မြေပြင်ထက်ကျော်တဲ့ လမ်းတွေ အများကြီးပဲ။ နယ်စပ် ဝင်ပေါက် ၂၃ ခု ရှိတယ်။ တနင်္သာ ရီတိုင်းမှာ ကော့သောင်း၊ ဘုရား သုံးဆူ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်၊ ကချင်နဲ့ ရခိုင်ပြည် နယ်မှာ မောင်တောစသဖြင့် နယ် စပ်ဂိတ်တွေရှိတယ်။ ဒီနေရာတွေ မှာ တခြားနိုင်ငံက ပြန်လာသူတွေ ကို ဖျားနာခြင်းရှိ၊ မရှိ စစ်ဆေးတဲ့ စက်တွေနဲ့စစ်တယ်။ သို့သော် လည်း တချို့နေရာတွေမှာ သိပ် များများ မစမ်းနိုင်ဘူး။ ဖျားနာခြင်း တိုင်းတာတဲ့ စက်တွေက WHO ရဲ့ Rule အရ သိပ်ထိရောက်တယ်လို့ တော့ မယူဆဘူူး’’ဟု WHO Myan-mar မှ တာဝန်ရှိသူဒေါက်တာ မျိုးလွင်က ဆိုသည်။

ယခုစက်တင်ဘာ ၁ ရက်အ ထိ ကမ္ဘာ့နိုင်ငံပေါင်း ၇၂ နိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ရောဂါကူးစက်ခဲ့ပြီး ကျန်းမာရေးဆိုင်ရာပြဿနာတစ် ရပ်အဖြစ် သတ်မှတ်ဆောင်ရွက် ရန် ထုတ်ပြန်ကြေညာခဲ့သည်။ အ ဆိုပါ ရောဂါသည် အသက်အရွယ် မရွေး၊ ကျား၊ မ မရွေးဖြစ်ပွားနိုင် ပြီး ကူးစက်ခံရသူ ငါးဦးတွင် တစ် ဦးသာ လက္ခဏာပြတတ်သည်။

ရောဂါလက္ခဏာများအနေ ဖြင့် ရုတ်တရက်ဖျားနာခြင်း၊ အ ရေပြားတွင် အနီရောင်အကွက်၊ အစက်များထွက်ပေါ်ခြင်း၊ မျက် သားနီပြီး ရောင်ရမ်းခြင်း၊ ကြွက် သားနှင့် အဆစ်အမြစ်များ နာ ကျင်ကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်းနှင့် ခေါင်းကိုက်ခြင်းစသည့် လက္ခ ဏာများကို နှစ်ရက်မှ ခုနစ်ရက်အ ထိ ခံစားရနိုင်သည်။ နောက်ဆက် တွဲဆိုးကျိုးအဖြစ် ကိုယ်ဝန်ဆောင် မိခင်မှတစ်ဆင့် ကလေးကိုကူး စက်ကာ မွေးရာပါဦးခေါင်းသေးရောဂါနှင့် အခြားအာရုံကြောဆိုင်ရာ ရောဂါများဖြစ်စေနိုင်သည့် အခြေအနေရှိကြောင်း ဆေးပညာရှင်သုတေသီများက သုံးသပ်ထားသည်။

 ဇီကာဗိုင်းရပ်စ်ကူးစက်ခံရ ခြင်းကို လက်ရှိအထိ ကာကွယ် ဆေး၊ ကုသဆေးမရှိသေးပေ။ ခြင် မှတစ်ဆင့် ကူးစက်လေ့ရှိသော ကြောင့် ခြင်နှိမ်းနင်းရေးလုပ်ငန်း များကိုသာ အဓိကလုပ်ဆောင်ရန် လိုအပ်သည်။

‘‘ခြင်၊ ပိုးလောက်လမ်း နှိမ်နင်းရေးလုပ်ငန်းတွေကို အိမ်တိုင်း၊ ကျောင်းတိုင်း၊ ဌာနတိုင်းက လုပ် ဆောင်ဖို့လိုအပ်တယ်။ အစိုးရပိုင်း က လုပ်ဆောင်ပေးနေတယ်။ ပိုး လောက်လမ်းမပေါက်ပွားအောင် အဘိတ်ဆေးတွေ ခတ်တယ်ဆို သော်လည်း ပြည်သူတွေအနေနဲ့ အိမ်တိုင်းအိမ်တိုင်းမှာ ခြင်၊ လောက်လမ်းမရှိဖို့ တာဝန်ယူရမယ်။ ပိုး လောက်လမ်းတွေ့ခဲ့ရင် ဒဏ်ရိုက် တာမျိုးရှိသင့်တယ်။ အစိုးရပိုင်းက ပြည်သူကို အသိမပေးဘူး၊ ကိုယ့် တာဝန်ကိုယ်မယူနိုင်ဘူးဆိုရင် ဘယ်လိုမှမလုပ်နိုင်ပါဘူး’’ဟု ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနဒုဦးစီးမှူး ဒေါက်တာခင် နန်းလုံက ဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top