Kantharyar Centre
×

 ေျမာက္ကိုရီးယားက နည္းပညာသစ္ ဒံုးက်ည္အင္ဂ်င္တစ္ခုကို ေအာင္ျမင္စြာ စမ္းသပ္ႏုိင္ခဲ့ေၾကာင္း ေၾကညာခဲ့သည္။

အဆိုပါ ဒံုးက်ည္အင္ဂ်င္ကို ေျမျပင္စမ္းသပ္မႈမ်ား အျပည့္အဝ ေအာင္ျမင္မႈ ရရွိခဲ့ေၾကာင္း၊ ယင္းကို ၿဂိဳဟ္တုမ်ား လႊတ္တင္ရာတြင္ အသံုးျပဳရန္ ရည္ရြယ္ထားေၾကာင္း ေျမာက္ကိုရီးယား အစိုးရ၏ KCNA သတင္းဌာနက ဆိုသည္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ံဳအန္းက အဆိုပါ စမ္းသပ္မႈ အၿပီးတြင္ ၿဂိဳဟ္တု လက္ေတြ႕လႊတ္တင္ေရး အျမန္ဆံုး အေကာင္အထည္ေဖာ္ႏုိင္ေရး အားထုတ္ ႀကိဳးပမ္းၾကရန္ သိပၸံပညာရွင္မ်ားႏွင့္ အင္ဂ်င္နီယာမ်ားကို တိုက္တြန္း အားေပးခဲ့ေၾကာင္းလည္း ယင္းသတင္းဌာနက ေဖာ္ျပခဲ့သည္။

ယခုႏွစ္အတြင္း ဒံုးက်ည္စမ္းသပ္မႈမ်ား ဆက္တုိက္ ျပဳလုပ္ခဲ့သည့္ အထီးက်န္ ကြန္ျမဴနစ္ ႏုိင္ငံ၏ ဒံုးက်ည္လက္နက္ နည္းပညာႏွင့္ ပတ္သက္၍ ေနာက္ဆံုး ေအာင္ျမင္မႈ တစ္ခုအျဖစ္ ယင္းကို ယူဆႏုိင္သည္။ ေျမာက္ကိုရီးယားသည္ မၾကာေသးမီကလည္း ေအာင္ျမင္သည့္ ႏ်ဴကလီးယား စမ္းသပ္မႈ တစ္ခုကို ျပဳလုပ္ခဲ့ၿပီး မိမိတုိ႔သည္ ဒံုးက်ည္တြင္ ႏ်ဴကလီးယား ထိပ္ဖူးမ်ား တပ္ဆင္ ပစ္ခတ္ႏိုင္စြမ္း ရွိလာၿပီဟု သတင္းထုတ္ျပန္ခဲ့သည္။

ေျမာက္ကိုရီးယားသည္ ဒံုးက်ည္နည္းပညာႏွင့္ ပတ္သက္၍ ေအာင္ျမင္မႈ ရရွိေၾကာင္း ေၾကညာမႈမ်ား မၾကာခဏ ျပဳလုပ္ေလ့ ရွိေသာ္လည္း ႏိုင္ငံတကာ စစ္ေရးပညာရွင္မ်ားက ယင္းအဆိုမ်ားကို လြတ္လပ္စြာ အတည္ျပဳ၍ မရႏုိင္ဟု မွတ္ခ်က္ေပးခဲ့သည္။

KCNA၏ အဆိုအရ ယခုဒံုးက်ည္အင္ဂ်င္ စမ္းသပ္မႈကို ႏိုင္ငံ၏ ၿဂိဳဟ္တုလႊတ္တင္ေရးစခန္း ဆိုေဟးတြင္ ျပဳလုပ္ခဲ့ၿပီး ကင္မ္ကိုယ္တိုင္ ေစာင့္ၾကည့္ ႀကီးၾကပ္ခဲ့ေၾကာင္း သိရသည္။ ေဖေဖာ္ဝါရီလအတြင္းက ဆိုေဟးတြင္ ၿဂိဳဟ္တုတစ္လံုး တင္ေဆာင္သြားသည္ဆိုေသာ ဒံုးပ်ံတစ္စီးကို လႊတ္တင္ခဲ့ဖူးသည္။

ေျမာက္ကိုရီးယားက ဒံုးက်ည္နည္းပညာ အဆင့္ျမႇင့္တင္မႈမ်ားသည္ သိပၸံႏွင့္ အာကာသေရးရာ ေလ့လာေရး ရည္မွန္းခ်က္ အတြက္သာ ျဖစ္သည္ဟု ဆိုေသာ္လည္း အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔ကမူ လက္နက္က႑တြင္ အသံုးျပဳရန္ ျဖစ္သည္ဟု အစဉ္တစိုက္ စြပ္စြဲခဲ့ၾကသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version
 မြောက်ကိုရီးယားက နည်းပညာသစ် ဒုံးကျည်အင်ဂျင်တစ်ခုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

အဆိုပါ ဒုံးကျည်အင်ဂျင်ကို မြေပြင်စမ်းသပ်မှုများ အပြည့်အဝ အောင်မြင်မှု ရရှိခဲ့ကြောင်း၊ ယင်းကို ဂြိုဟ်တုများ လွှတ်တင်ရာတွင် အသုံးပြုရန် ရည်ရွယ်ထားကြောင်း မြောက်ကိုရီးယား အစိုးရ၏ KCNA သတင်းဌာနက ဆိုသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက အဆိုပါ စမ်းသပ်မှု အပြီးတွင် ဂြိုဟ်တု လက်တွေ့လွှတ်တင်ရေး အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး အားထုတ် ကြိုးပမ်းကြရန် သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများကို တိုက်တွန်း အားပေးခဲ့ကြောင်းလည်း ယင်းသတင်းဌာနက ဖော်ပြခဲ့သည်။

ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည့် အထီးကျန် ကွန်မြူနစ် နိုင်ငံ၏ ဒုံးကျည်လက်နက် နည်းပညာနှင့် ပတ်သက်၍ နောက်ဆုံး အောင်မြင်မှု တစ်ခုအဖြစ် ယင်းကို ယူဆနိုင်သည်။ မြောက်ကိုရီးယားသည် မကြာသေးမီကလည်း အောင်မြင်သည့် နျူကလီးယား စမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့ပြီး မိမိတို့သည် ဒုံးကျည်တွင် နျူကလီးယား ထိပ်ဖူးများ တပ်ဆင် ပစ်ခတ်နိုင်စွမ်း ရှိလာပြီဟု သတင်းထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် ဒုံးကျည်နည်းပညာနှင့် ပတ်သက်၍ အောင်မြင်မှု ရရှိကြောင်း ကြေညာမှုများ မကြာခဏ ပြုလုပ်လေ့ ရှိသော်လည်း နိုင်ငံတကာ စစ်ရေးပညာရှင်များက ယင်းအဆိုများကို လွတ်လပ်စွာ အတည်ပြု၍ မရနိုင်ဟု မှတ်ချက်ပေးခဲ့သည်။

KCNA၏ အဆိုအရ ယခုဒုံးကျည်အင်ဂျင် စမ်းသပ်မှုကို နိုင်ငံ၏ ဂြိုဟ်တုလွှတ်တင်ရေးစခန်း ဆိုဟေးတွင် ပြုလုပ်ခဲ့ပြီး ကင်မ်ကိုယ်တိုင် စောင့်ကြည့် ကြီးကြပ်ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလအတွင်းက ဆိုဟေးတွင် ဂြိုဟ်တုတစ်လုံး တင်ဆောင်သွားသည်ဆိုသော ဒုံးပျံတစ်စီးကို လွှတ်တင်ခဲ့ဖူးသည်။

မြောက်ကိုရီးယားက ဒုံးကျည်နည်းပညာ အဆင့်မြှင့်တင်မှုများသည် သိပ္ပံနှင့် အာကာသရေးရာ လေ့လာရေး ရည်မှန်းချက် အတွက်သာ ဖြစ်သည်ဟု ဆိုသော်လည်း အမေရိကန်နှင့် တောင်ကိုရီးယားတို့ကမူ လက်နက်ကဏ္ဍတွင် အသုံးပြုရန် ဖြစ်သည်ဟု အစဉ်တစိုက် စွပ်စွဲခဲ့ကြသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top