Kantharyar Centre
×

 အေသးစား ႏ်ဴကလီးယားလက္နက္ တစ္ခုကို စမ္းသပ္ေဖာက္ခြဲခဲ့ေၾကာင္း ေျမာက္ကိုရီးယားက သတင္းထုတ္ျပန္ ေၾကညာခဲ့သည္။

ေျမာက္ကိုရီးယား အစိုးရ မီဒီယာမ်ားက ျပင္ပႏုိင္ငံမ်ား၏ ၿခိမ္းေျခာက္မႈႏွင့္ ရန္လိုပိတ္ပင္မႈမ်ားကို တံု႔ျပန္ရန္အတြက္ မိမိတို႔၏ ႏ်ဴကလီးယားလက္နက္ နည္းပညာမွ အေသးစား အစိတ္အပိုင္း တစ္ရပ္ကို ေဖာက္ခြဲခဲ့ေၾကာင္း စက္တင္ဘာ ၉ ရက္တြင္ ေဖာ္ျပသြားသည္။

စက္တင္ဘာ ၉ ရက္ နံနက္အေစာပိုင္းက ေျမာက္ကိုရီးယားသည္ ပဉၥမေျမာက္ႏွင့္ အားအျပင္းဆံုး ႏ်ဴကလီးယားလက္နက္ တစ္ခုကို စမ္းသပ္ ေဖာက္ခြဲခဲ့သည္ဟု ယံုၾကည္ရေၾကာင္း၊ ေျမာက္ကိုရီးယား၏ ႏ်ဴကလီးယားလက္နက္ စမ္းသပ္ရာ ေနရာအနီးတြင္ ရစ္ခ်္တာစေကး ၅.၃ အဆင့္ရွိ ဓမၼတာအတုိင္း မဟုတ္သည့္ ငလ်င္တစ္ခု လႈပ္ခတ္သြားေၾကာင္း ေတာင္ကိုရီးယား အာဏာပိုင္မ်ားကလည္း အေစာပိုင္းက သတင္းထုတ္ျပန္သြားခဲ့သည္။

ေျမာက္ကိုရီးယားက မိမိတုိ႔၏ ႏ်ဴကလီးယားလက္နက္ စမ္းသပ္မႈသည္ သဘာဝ ပတ္ဝန္းက်င္ကို မည္သုိ႔မွ် ထိခုိက္မႈ မျဖစ္ေစေၾကာင္း၊ ေရဒီယိုသတၱိႂကြမႈမ်ား ယိုစိမ့္ျခင္းလည္း မရွိေၾကာင္း ဆိုသည္။ ထုိ႔အျပင္ ေနာက္ထပ္ ႏ်ဴကလီးယားလက္နက္ စီမံကိန္းမ်ားကို ဆက္လက္ ေဖာ္ေဆာင္သြားမည္ဟုလည္း KCNA သတင္းဌာနက ေၾကညာခဲ့သည္။ ေတာင္ကိုရီးယား သမၼတ ပါ့ခ္ဂြမ္ဟီးက ေျမာက္ကိုရီးယားသည္ မိမိကိုယ္ကို ဖ်က္ဆီးေနၿပီး ယခုလုပ္ရပ္သည္ ေျမာက္ကိုရီးယား အာဏာရွင္ ကင္မ္ဂ်ံဳအန္း၏ ထင္ရာစိုင္းေသာ လုပ္ရပ္တစ္ခုဟု စြပ္စြဲခဲ့သည္။

အဆိုပါလက္နက္ စမ္းသပ္မႈက အထီးက်န္ ကြန္ျမဴနစ္ ႏုိင္ငံ၏ ႏ်ဴကလီးယားလက္နက္ နည္းပညာပိုင္း တျဖည္းျဖည္း ပိုမိုအဆင့္ျမင့္လာသည္ကို စိုးရိမ္ဖြယ္ရာ ညႊန္ျပေနသည္။

ေတာင္ကိုရီးယား သမၼတ ပါ့ခ္က “ကင္မ္ဂ်ံဳအန္းရဲ႕ အစိုးရဟာ ဒီလုပ္ရပ္အတြက္ ႏုိင္ငံတကာ ပိတ္ဆို႔မႈေတြ၊ ခြဲျခားဆက္ဆံမႈေတြကိုပဲ ထပ္ၿပီး ရသြားလိမ့္မယ္။ အခုလို ရန္စလံႈ႕ေဆာ္တဲ့ အျပဳအမူဟာ ေျမာက္ကိုရီးယားရဲ႕ ကိုယ့္ကိုယ္ကိုယ္ ဖ်က္ဆီးေနမႈကို အရွိန္ပိုေကာင္းသြားေစလိမ့္မယ္”ဟု ေျပာၾကားခဲ့သည္။

ေတာင္ကိုရီးယား ပူးေပါင္းစစ္ဌာနခ်ဳပ္ကလည္း “ဒါဟာ ေျမာက္ကိုရီးယားရဲ႕ အႀကီးမားဆံုး ႏ်ဴကလီးယားလက္နက္ စမ္းသပ္မႈ ျဖစ္လိမ့္မယ္လုိ႔ ခန္႔မွန္းပါတယ္”ဟု ေၾကညာသည္။ အဆုိပါ ေပါက္ကြဲမႈသည္ ၁၀ ကီလိုတန္အားမွ် ရွိမည္ဟု ယံုၾကည္ရၿပီး ဇန္နဝါရီလက ေနာက္ဆံုးစမ္းသပ္ခဲ့သည့္ ႏ်ဴကလီးယား လက္နက္ထက္ ႏွစ္ဆမွ် ပိုျပင္းထန္သည္။ ထိုအခ်ိန္က ေျမာက္ကိုရီးယားသည္ မိမိတုိ႔ အေနျဖင့္ ဟိုက္ဒ႐ိုဂ်င္ ဗံုးတစ္လံုးကို ေအာင္ျမင္စြာ စမ္းသပ္ခဲ့သည္ဟု ေၾကညာေသာ္လည္း လက္နက္ေရးရာ ကၽြမ္းက်င္သူမ်ားက စမ္းသပ္မႈ ေအာင္ျမင္ေၾကာင္း အဆိုကို သံသယမ်ား ရွိခဲ့သည္။

အေမရိကန္ ငလ်င္တိုင္းတာေရး ေအဂ်င္စီကလည္း ေျမာက္ကိုရီးယား အေ႐ွ႕ေျမာက္ပိုင္းရွိ ပြန္ဂ်ီး ႏ်ဴကလီးယား စမ္းသပ္ဧရိယာတြင္ ေျမေအာက္ လႈပ္ရွားမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း အတည္ျပဳသည္။ အဆိုပါ ငလ်င္သည္ သဘာဝအတုိင္း မဟုတ္ဘဲ ေပါက္ကြဲမႈ တစ္ခုေၾကာင့္ဟု ေအဂ်င္စီက ေၾကညာေသာ္လည္း မည္သည့္ေပါက္ကြဲမႈ အမ်ိဳးအစား ဆိုသည္ကို အတည္မျပဳႏုိင္ဟု ဆိုသည္။

မၾကာေသးမီက ရရွိထားေသာ ၿဂိဳဟ္တု ပံုရိပ္မ်ားအရ ၿပီးခဲ့သည့္ ရက္ပိုင္းမ်ားအတြင္း အဆိုပါ ႏ်ဴကလီးယား စမ္းသပ္ဧရိယာတြင္ လႈပ္ရွားမႈမ်ားစြာ ရွိခဲ့ၿပီး လက္နက္စမ္းသပ္မႈတစ္ရပ္ ျပဳလုပ္လာႏုိင္သည္ကို ေတာင္ကိုရီးယားႏွင့္ အေမရိကန္တုိ႔က ႀကိဳတင္ ခန္႔မွန္းထားခဲ့ေၾကာင္းလည္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 အသေးစား နျူကလီးယားလက်နက် တစ်ခုကို စမ်းသပ်ဖောက်ခွဲခဲ့ကြောင်း မြောက်ကိုရီးယားက သတင်းထုတ်ပြန် ကြေညာခဲ့သည်။

မြောက်ကိုရီးယား အစိုးရ မီဒီယာများက ပြင်ပနိုင်ငံများ၏ ခြိမ်းခြောက်မှုနှင့် ရန်လိုပိတ်ပင်မှုများကို တုံ့ပြန်ရန်အတွက် မိမိတို့၏ နျူကလီးယားလက်နက် နည်းပညာမှ အသေးစား အစိတ်အပိုင်း တစ်ရပ်ကို ဖောက်ခွဲခဲ့ကြောင်း စက်တင်ဘာ ၉ ရက်တွင် ဖော်ပြသွားသည်။

စက်တင်ဘာ ၉ ရက် နံနက်အစောပိုင်းက မြောက်ကိုရီးယားသည် ပဉ္စမမြောက်နှင့် အားအပြင်းဆုံး နျူကလီးယားလက်နက် တစ်ခုကို စမ်းသပ် ဖောက်ခွဲခဲ့သည်ဟု ယုံကြည်ရကြောင်း၊ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စမ်းသပ်ရာ နေရာအနီးတွင် ရစ်ချ်တာစကေး ၅.၃ အဆင့်ရှိ ဓမ္မတာအတိုင်း မဟုတ်သည့် ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း တောင်ကိုရီးယား အာဏာပိုင်များကလည်း အစောပိုင်းက သတင်းထုတ်ပြန်သွားခဲ့သည်။

မြောက်ကိုရီးယားက မိမိတို့၏ နျူကလီးယားလက်နက် စမ်းသပ်မှုသည် သဘာဝ ပတ်ဝန်းကျင်ကို မည်သို့မျှ ထိခိုက်မှု မဖြစ်စေကြောင်း၊ ရေဒီယိုသတ္တိကြွမှုများ ယိုစိမ့်ခြင်းလည်း မရှိကြောင်း ဆိုသည်။ ထို့အပြင် နောက်ထပ် နျူကလီးယားလက်နက် စီမံကိန်းများကို ဆက်လက် ဖော်ဆောင်သွားမည်ဟုလည်း KCNA သတင်းဌာနက ကြေညာခဲ့သည်။ တောင်ကိုရီးယား သမ္မတ ပါ့ခ်ဂွမ်ဟီးက မြောက်ကိုရီးယားသည် မိမိကိုယ်ကို ဖျက်ဆီးနေပြီး ယခုလုပ်ရပ်သည် မြောက်ကိုရီးယား အာဏာရှင် ကင်မ်ဂျုံအန်း၏ ထင်ရာစိုင်းသော လုပ်ရပ်တစ်ခုဟု စွပ်စွဲခဲ့သည်။

အဆိုပါလက်နက် စမ်းသပ်မှုက အထီးကျန် ကွန်မြူနစ် နိုင်ငံ၏ နျူကလီးယားလက်နက် နည်းပညာပိုင်း တဖြည်းဖြည်း ပိုမိုအဆင့်မြင့်လာသည်ကို စိုးရိမ်ဖွယ်ရာ ညွှန်ပြနေသည်။

တောင်ကိုရီးယား သမ္မတ ပါ့ခ်က “ကင်မ်ဂျုံအန်းရဲ့ အစိုးရဟာ ဒီလုပ်ရပ်အတွက် နိုင်ငံတကာ ပိတ်ဆို့မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေကိုပဲ ထပ်ပြီး ရသွားလိမ့်မယ်။ အခုလို ရန်စလှုံ့ဆော်တဲ့ အပြုအမူဟာ မြောက်ကိုရီးယားရဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေမှုကို အရှိန်ပိုကောင်းသွားစေလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

တောင်ကိုရီးယား ပူးပေါင်းစစ်ဌာနချုပ်ကလည်း “ဒါဟာ မြောက်ကိုရီးယားရဲ့ အကြီးမားဆုံး နျူကလီးယားလက်နက် စမ်းသပ်မှု ဖြစ်လိမ့်မယ်လို့ ခန့်မှန်းပါတယ်”ဟု ကြေညာသည်။ အဆိုပါ ပေါက်ကွဲမှုသည် ၁၀ ကီလိုတန်အားမျှ ရှိမည်ဟု ယုံကြည်ရပြီး ဇန်နဝါရီလက နောက်ဆုံးစမ်းသပ်ခဲ့သည့် နျူကလီးယား လက်နက်ထက် နှစ်ဆမျှ ပိုပြင်းထန်သည်။ ထိုအချိန်က မြောက်ကိုရီးယားသည် မိမိတို့ အနေဖြင့် ဟိုက်ဒရိုဂျင် ဗုံးတစ်လုံးကို အောင်မြင်စွာ စမ်းသပ်ခဲ့သည်ဟု ကြေညာသော်လည်း လက်နက်ရေးရာ ကျွမ်းကျင်သူများက စမ်းသပ်မှု အောင်မြင်ကြောင်း အဆိုကို သံသယများ ရှိခဲ့သည်။

အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီကလည်း မြောက်ကိုရီးယား အရှေ့မြောက်ပိုင်းရှိ ပွန်ဂျီး နျူကလီးယား စမ်းသပ်ဧရိယာတွင် မြေအောက် လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အတည်ပြုသည်။ အဆိုပါ ငလျင်သည် သဘာဝအတိုင်း မဟုတ်ဘဲ ပေါက်ကွဲမှု တစ်ခုကြောင့်ဟု အေဂျင်စီက ကြေညာသော်လည်း မည်သည့်ပေါက်ကွဲမှု အမျိုးအစား ဆိုသည်ကို အတည်မပြုနိုင်ဟု ဆိုသည်။

မကြာသေးမီက ရရှိထားသော ဂြိုဟ်တု ပုံရိပ်များအရ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း အဆိုပါ နျူကလီးယား စမ်းသပ်ဧရိယာတွင် လှုပ်ရှားမှုများစွာ ရှိခဲ့ပြီး လက်နက်စမ်းသပ်မှုတစ်ရပ် ပြုလုပ်လာနိုင်သည်ကို တောင်ကိုရီးယားနှင့် အမေရိကန်တို့က ကြိုတင် ခန့်မှန်းထားခဲ့ကြောင်းလည်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top