Kantharyar Centre
×

ဆြဲေဆာင္မႈ ရွိတဲ့ အၿပံဳးတစ္ခုဟာ လူတစ္ေယာက္ကို အနည္းဆံုး စတာလင္ေပါင္ ၁ ေသာင္းေလာက္ ကုန္ဆံုးသြားေစတယ္လို႔ ေျပာစကားရွိခဲ့ပါတယ္။

ကၽြႏ္ုပ္တို႔အမ်ားစု ဟာ ကၽြႏ္ုပ္တို႔ရဲ႕ သြားေတြကို ထိုက္တန္တဲ့ စိတ္၀င္စားခံရမႈမ်ိဳးကို ေပးဖို႔ မေအာင္ျမင္ခဲ့ၾကပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြႏ္ုပ္တို႔ ရဲ႕ သြားေတြဟာ ဆြဲေဆာင္မႈရွိေလာက္ေအာင္ မလွပေတာ့ပဲ ထိခိုက္ ပ်က္စီးေနတဲ့အတြက္ ျဖစ္ပါတယ္။

လန္ဒန္ၿမိဳ႕က သြားဆရာ၀န္ တစ္ေယာက္ျဖစ္တဲ့ ေဒါက္တာ Uchenna Okoye ရဲ႕ ေျပာၾကားခ်က္အရေတာ့ လူေတြဟာ မ်ားေသာအားျဖင့္ ေန႔တစ္ေန႔ရဲ႕ မွားယြင္းတဲ့ အခ်ိန္ေတြမွာ သြားတိုက္ေနၾကၿပီး ၊ အခ်ိဳ႕ကေတာ့ ျမန္ဆန္စြာ သြားတိုက္ၾကသလို တစ္ခ်ိဳ႕ကေတာ့ ရက္လြန္ေနၿပီျဖစ္တဲ့ သြားတိုက္ေဆး ၊သြားတိုက္တံ ေတြကို အသံုးျပဳေနၾကပါတယ္တဲ့။

ေဒါက္တာ Uchenna Okoye ဟာ စစ္တမ္းေကာက္ယူမႈ တစ္ခုကို ျပဳလုပ္ခဲ့ၿပီး ထိုသုေတသန အရ လူ ၃ ေယာက္မွာ ၁ ေယာက္ဟာ မနက္ပိုင္းမွာ သြားတိုက္ဖို႔ ေမ့ေနတတ္ၾကတယ္လို႔ သိခဲ့ရပါတယ္။ အဲ့လို သြားတိုက္ဖို႔ေမ့တတ္သူေတြရဲ႕ ၃၅ ရာခိုင္ႏႈန္းခန္႔ဟာ သူတို႔ရဲ႕ လက္တြဲေဖာ္ေတြကို အျပစ္တင္တတ္ၾကပါတယ္။ အဲဒါကေတာ့ သူတို႔ရဲ႕ လက္တြဲေဖာ္ေတြဟာ မနက္ပိုင္းမွာ စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ လုပ္တတ္ၾကၿပီး ေရခ်ိဳးခန္းကို ေမာင္ပိုင္စီးထားတာေၾကာင့္ သူတို႔ေတြ သြားတိုက္ဖို႔ ေမ့ရတာ ျဖစ္တယ္ဆိုတာပါပဲ။

ေဒါက္တာ Okoye ဟာ သြားေတြကို က်န္းမာေရး နဲ႔ညီညြတ္ေအာင္ ဘယ္လို ထိန္းသိမ္းရမယ္ဆိုတာကိုပါ ေျပာျပခဲ့ပါတယ္။ သူမေျပာျပခဲ့တာကေတာ့ - သြားတိုက္တဲ့အခါ အေပၚ ၊ ေအာက္ မတိုက္ပါနဲ႔။ မျမင္ႏိုင္တဲ့ ဘက္တီးရီးယား ေတြဟာ သြားၾကား နဲ႔ သြားဖံုးေတြမွာ တြယ္ကပ္ေနတတ္ပါတယ္။ သြားပြတ္တံ ကို အေပၚ ၊ ေအာက္လႈပ္ရွားၿပီး သြားတိုက္တဲ့အခါမွာ ဘက္တီးရီးယား အားလံုးကို မဖယ္ရွားႏိုင္ပါဘူး။ အေကာင္းဆံုးနည္းလမ္းကေတာ့ စက္၀ိုင္းပံုစံ လႈပ္ရွားၿပီး တိုက္သင့္ပါတယ္။ တစ္ခ်ိဳ႕ကလည္း သြားတိုက္တဲ့အခါမွာ သြားၾကားနဲ႔ သြားဖံုးကေန ေသြးထြက္တာမ်ိဳးေတြရွိတတ္ၾကၿပီး ဒါကို ေျဖရွင္းဖို႔နည္းလမ္းကေတာ့ သြားတိုက္တံ Brush ေတြရဲ႕ မာေၾကာမႈကို ခ်ိန္ဆဖို႔ပဲ ျဖစ္ပါတယ္။

Chewing Gum ေတြကို ၁၀ မိနစ္ထက္ပိုမစားပါနဲ႔။ ပီေက (သို႔) Chewing Gum ေတြဟာ ခံတြင္း သန္႔ရွင္းေမႊးပ်ံ႕ေနေစဖို႔ ျပဳလုပ္ေပးႏိုင္တာ မွန္ေပမယ့္လည္း  Chewing Gum ရဲ႕ ၀ါးႏိုင္တဲ့ အေနအထား ေက်ာ္လြန္သြားတဲ့အခါမွာ ဆက္လက္၀ါးေနပါက သြားေတြဟာ တစ္ခုနဲ႔ တစ္ခု ကိုက္မိသြားၿပီး ထိခိုက္မႈေတြ ျဖစ္ေပၚလာေစႏိုင္ပါတယ္။ ဒါေၾကာင့္ ခံတြင္းေမႊးပ်ံ႕သြားၿပီဆိုရင္ေတာ့ Chewing Gum ကို ေထြးထုတ္လိုက္သင့္ပါတယ္။

ဒါ့အျပင္ စေတာ္ဘယ္ရီသီးေတြဟာ သြားမ်ားကို ပိုမို ျဖဴေဖြးေစႏိုင္တဲ့အတြက္ တစ္ေန႔ကို စေတာ္ဘယ္ရီသီး ၈ လံုးခန္႔စားေပးသင့္တယ္လို႔ ေဒါက္တာ Okoye က ဆိုထားၿပီး bicarbonate ဆိုဒါကို လက္ဖက္ရည္ဇြန္းတစ္ခြက္ခန္႔ ပံုမွန္ေသာက္သံုးေပးသင့္တယ္လို႔လည္း သူမက အႀကံေပးထားပါတယ္။ bicarbonate ဆိုဒါာ ေကာ္ဖီ ၊ လက္ဖက္ရည္ နဲ႔ ေဆးလိပ္တို႔ေၾကာင့္ ရရွိလာတဲ့ သြား ရဲ႕ ညစ္ေပမႈေတြကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။

ဒါေတြ ဟာ ေဒါက္တာ Okoye အႀကံေပးထားတဲ့ သြား က်န္းမာေရးအတြက္ ေဆာင္ရြက္သင့္တာေတြပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thithtoolwin

Unicode Version

ဆွဲဆောင်မှု ရှိတဲ့ အပြုံးတစ်ခုဟာ လူတစ်ယောက်ကို အနည်းဆုံး စတာလင်ပေါင် ၁ သောင်းလောက် ကုန်ဆုံးသွားစေတယ်လို့ ပြောစကားရှိခဲ့ပါတယ်။

ကျွန်ုပ်တို့အများစု ဟာ ကျွန်ုပ်တို့ရဲ့ သွားတွေကို ထိုက်တန်တဲ့ စိတ်ဝင်စားခံရမှုမျိုးကို ပေးဖို့ မအောင်မြင်ခဲ့ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ ရဲ့ သွားတွေဟာ ဆွဲဆောင်မှုရှိလောက်အောင် မလှပတော့ပဲ ထိခိုက် ပျက်စီးနေတဲ့အတွက် ဖြစ်ပါတယ်။

လန်ဒန်မြို့က သွားဆရာဝန် တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Uchenna Okoye ရဲ့ ပြောကြားချက်အရတော့ လူတွေဟာ များသောအားဖြင့် နေ့တစ်နေ့ရဲ့ မှားယွင်းတဲ့ အချိန်တွေမှာ သွားတိုက်နေကြပြီး ၊ အချို့ကတော့ မြန်ဆန်စွာ သွားတိုက်ကြသလို တစ်ချို့ကတော့ ရက်လွန်နေပြီဖြစ်တဲ့ သွားတိုက်ဆေး ၊သွားတိုက်တံ တွေကို အသုံးပြုနေကြပါတယ်တဲ့။

ဒေါက်တာ Uchenna Okoye ဟာ စစ်တမ်းကောက်ယူမှု တစ်ခုကို ပြုလုပ်ခဲ့ပြီး ထိုသုတေသန အရ လူ ၃ ယောက်မှာ ၁ ယောက်ဟာ မနက်ပိုင်းမှာ သွားတိုက်ဖို့ မေ့နေတတ်ကြတယ်လို့ သိခဲ့ရပါတယ်။ အဲ့လို သွားတိုက်ဖို့မေ့တတ်သူတွေရဲ့ ၃၅ ရာခိုင်နှုန်းခန့်ဟာ သူတို့ရဲ့ လက်တွဲဖော်တွေကို အပြစ်တင်တတ်ကြပါတယ်။ အဲဒါကတော့ သူတို့ရဲ့ လက်တွဲဖော်တွေဟာ မနက်ပိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တတ်ကြပြီး ရေချိုးခန်းကို မောင်ပိုင်စီးထားတာကြောင့် သူတို့တွေ သွားတိုက်ဖို့ မေ့ရတာ ဖြစ်တယ်ဆိုတာပါပဲ။

ဒေါက်တာ Okoye ဟာ သွားတွေကို ကျန်းမာရေး နဲ့ညီညွတ်အောင် ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာကိုပါ ပြောပြခဲ့ပါတယ်။ သူမပြောပြခဲ့တာကတော့ - သွားတိုက်တဲ့အခါ အပေါ် ၊ အောက် မတိုက်ပါနဲ့။ မမြင်နိုင်တဲ့ ဘက်တီးရီးယား တွေဟာ သွားကြား နဲ့ သွားဖုံးတွေမှာ တွယ်ကပ်နေတတ်ပါတယ်။ သွားပွတ်တံ ကို အပေါ် ၊ အောက်လှုပ်ရှားပြီး သွားတိုက်တဲ့အခါမှာ ဘက်တီးရီးယား အားလုံးကို မဖယ်ရှားနိုင်ပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ စက်ဝိုင်းပုံစံ လှုပ်ရှားပြီး တိုက်သင့်ပါတယ်။ တစ်ချို့ကလည်း သွားတိုက်တဲ့အခါမှာ သွားကြားနဲ့ သွားဖုံးကနေ သွေးထွက်တာမျိုးတွေရှိတတ်ကြပြီး ဒါကို ဖြေရှင်းဖို့နည်းလမ်းကတော့ သွားတိုက်တံ Brush တွေရဲ့ မာကြောမှုကို ချိန်ဆဖို့ပဲ ဖြစ်ပါတယ်။

Chewing Gum တွေကို ၁၀ မိနစ်ထက်ပိုမစားပါနဲ့။ ပီကေ (သို့) Chewing Gum တွေဟာ ခံတွင်း သန့်ရှင်းမွှေးပျံ့နေစေဖို့ ပြုလုပ်ပေးနိုင်တာ မှန်ပေမယ့်လည်း  Chewing Gum ရဲ့ ဝါးနိုင်တဲ့ အနေအထား ကျော်လွန်သွားတဲ့အခါမှာ ဆက်လက်ဝါးနေပါက သွားတွေဟာ တစ်ခုနဲ့ တစ်ခု ကိုက်မိသွားပြီး ထိခိုက်မှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် ခံတွင်းမွှေးပျံ့သွားပြီဆိုရင်တော့ Chewing Gum ကို ထွေးထုတ်လိုက်သင့်ပါတယ်။

ဒါ့အပြင် စတော်ဘယ်ရီသီးတွေဟာ သွားများကို ပိုမို ဖြူဖွေးစေနိုင်တဲ့အတွက် တစ်နေ့ကို စတော်ဘယ်ရီသီး ၈ လုံးခန့်စားပေးသင့်တယ်လို့ ဒေါက်တာ Okoye က ဆိုထားပြီး bicarbonate ဆိုဒါကို လက်ဖက်ရည်ဇွန်းတစ်ခွက်ခန့် ပုံမှန်သောက်သုံးပေးသင့်တယ်လို့လည်း သူမက အကြံပေးထားပါတယ်။ bicarbonate ဆိုဒါာ ကော်ဖီ ၊ လက်ဖက်ရည် နဲ့ ဆေးလိပ်တို့ကြောင့် ရရှိလာတဲ့ သွား ရဲ့ ညစ်ပေမှုတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

ဒါတွေ ဟာ ဒေါက်တာ Okoye အကြံပေးထားတဲ့ သွား ကျန်းမာရေးအတွက် ဆောင်ရွက်သင့်တာတွေပဲ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top