Property Expo
×




Credit :  Duwun


#Unicode Version

အသက် ၁၈ နှစ်သာ ရှိသေးတဲ့ အန်နာ ဘာလီစတဲရိုးစ်ဟာ တစ်ပတ်ကို ၃ ရက်လောက် မြေတွင်းထဲမှာ ဝင်နေရပါတယ်။ တစ်ကြိမ်ဝင်နေရရင်လည်း အနည်းဆုံး ၄ နာရီလောက် ကြာပါတယ်။ သူမနဲ့ သူမရဲ့အမျိုးတွေကတော့ ဒါကို ကုသနည်းတစ်ခုလို့ယုံကြည်လက်ခံထားကြပါတယ်။

အန်နာဟာ သိပ်မကြာခင်က မိုးကြိုးထိမှန်ခဲ့ရာကနေ ကျောဘက်မှာ နာကျင်မှုကို ခံစားလာရပါတယ်။ သူမရဲ့ မိသားစုဝင်တွေက မြေတွင်းတစ်ခုတူးကို အန်နာကို တွင်းထဲဝင်စေပြီး လည်ပင်းမြုပ်အောင် မြေကြီးတွေနဲ့ဖုံးကာ ၄ နာရီလောက် နေစေပါတယ်။

မြေကြီးကပေးတဲ့ ခွန်အားကြောင့် နာကျင်မှုတွေ သက်သာစေကာ နောက်တစ်ကြိမ် မိုးကြိုးထပ်ပြီး မထိနိုင်တော့ဘူးလို့ ယူဆကာ တစ်ပတ်ကို ၃ ရက်လောက် အန်နာကို မြေမြှုပ်နေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit :  Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top