Kantharyar Centre
×








#Unicode Version

အစားအသောက်နဲ့အနေအထိုင် ပုံစံတွေ ပြောင်းလဲလာတဲ့ ယနေ့ ခေတ်ကြီးမှာ အမျိုးသား၊ အမျိုးသမီးတွေအားလုံးက သူတို့တွေရဲ့ ခန္ဓာကိုယ်နဲ့ အချိုးအစားပုံစံတွေကို ပိုပြီးတော့ကြည့်ကောင်း လှပ လာအောင် ပြုလုပ်လာကြပါတယ်။ ကျန်းမာရေးရှုထောင့် ကကြည့် ရင်လည်းကောင်းကျိုးတွေရှိဖို့အပြင်ကျစ်လစ်ပြီး ကြံ့ခိုင်လာအောင် အစားအသောက်တွေ၊ အနေအထိုင်တွေကိုလည်း အရင်ကထက် ပိုပြီးတော့ စနစ်တကျရှိလာကြပါတယ်။


ဒီလိုမျိုး ခန္ဓာကိုယ်တည်ဆောက်မှုပုံစံတွေကို အဓိကထားပြီး စနစ် တကျထိန်းသိမ်းလာတဲ့ အချိန်မှာ အမေရိကန်၊ တက္ကဆက်ပြည် နယ်က မိန်းကလေးတစ်ဦးကတော့ သူမရဲ့ဝလွန်းတဲ့ခန္ဓာကိုယ်ကို ထပ်ပြီးတော့ ကမ္ဘာ့အဝဆုံးမိန်းကလေးအဖြစ် ဂင်းနစ်စံချိန်တင်နိုင် အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

မွန်နီကာ ရေလီဆိုတဲ့ အဆိုပါ မိန်းကလေးက လက်ရှိ ၅၀ စတုန်( ပေါင် ၁၀၀၀) ရှိ တဲ့ ခန္ဓာကိုယ်အလေးချိန်ကို ၇၀ စတုန်ဖြစ်တဲ့ အထိ သူမလုံးဝကို မ ရွေ့လျား မသွားလာနိုင်တော့တဲ့အထိကို အဝဆုံးဖြစ်လာအောင် စားသောက်နေထိုင်နေတာပဲ ဖြစ်ပါတယ်။

သူမရဲ့ ချစ်သူကောင်လေး ဆစ်ရေလီကလည်း ချစ်သူမိန်းကလေး ရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက် အစားအသောက်တွေ၊ အလေး ချိန်တက်လာမယ့် အစားအစာတွေကို ချက်ပြုတ်ပြင်ဆင် ကျွေးမွေး ပြီး အနီးအနားက စောင့်ရှောက်ပေးနေတာလည်း ဖြစ်ပါတယ်။ နွား နို့၊ ဘီစကွတ်၊ ပေါင်မုန့်၊ အသားချောင်း၊ ကွေကာ အစရှိသဖြင့် အဆီ တက်စေတဲ့ အစားအသောက်တွေ၊ အစာပြေအစားအစာတွေ စသ  ဖြင့်တို့ကို တထိုင်တည်းမှာပဲ စံချိန်လွန်စားသောက်ပြီးတော့ ခန္ဓာ ကိုယ်ကို ပိုပြီးတော့ ကြီးထွားလာစေပြီး  ကမ္ဘာ့အလေးချိန်အများဆုံး ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တဲ့အထိ ကြိုးစားသွားဖို့ရှိတာ ဖြစ်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top