Kantharyar Centre
×

နဂါးေမာက္သီးကို ေတာ္ေတာ္မ်ားမ်ား စားဖူးၾကမွာပါ။ အတံုးေလးေတြ စိပ္ထားရင္ လွပတဲ့ ႏွမ္းေစ့ေလးေတြ ကပ္သလို အသြင္အျပင္ဟာ တျခား အသီးေတြနဲ႔ ျခားနားပါတယ္။ အရသာဟာ မခ်ိဳလြန္း မစိမ့္လြန္းတ့ဲ အရသာကို ေပးစြမ္းၿပီး က်န္းမာေရးနဲ႔ ညီညႊတ္ေစတဲ့ အသီးတစ္မ်ိဳးဆိုရင္ မမွားပါဘူး။ သူ႔မွာ အျဖဴနဲ႔ အနီဆိုၿပီး အေရာင္ ႏွစ္မ်ိဳး ရွိတယ္လို႔ လူသိမ်ားေပမယ့္ တကယ္တမ္း ရွိတာက သံုးမ်ိဳးပါ။ အျပင္ဘက္အခြံက ပန္းေရာင္ျဖစ္ၿပီး အတြင္းသားက အျဖဴနဲ႔ အနီ၊ ေနာက္တစ္မ်ိဳးက အခြံက အ၀ါေရာင္ ျဖစ္ၿပီး အတြင္းက အျဖဴေရာင္ ရွိတဲ့ အသီးေတြပါ။ အသီးတိုင္းမွာေတာ့ အေစ့အမည္းေလးေတြ ရွိပါတယ္။ ပံုသ႑န္အားလံုးကေတာ့ အတူတူပါပဲ။

နဂါးေမာက္သီးမွာ ဗီတာမင္စီနဲ႔ ဗီတာမင္ဘီ အုပ္စုေတြ ပါ၀င္ၿပီး သံဓာတ္ စုပ္ယူတဲ့ ေနရာမွာ အကူအညီေပးပါတယ္။ ကိုယ္၀န္ေဆာင္ မိခင္ေတြ အတြက္ စားသံုးဖို႔ သင့္ေတာ္သလို ကေလးႀကီးထြားေစဖို႔ လိုအပ္ေနတဲ့ ပရိုတိန္းဓာတ္ကို စုပ္ယူေပးပါတယ္။ ဆီးခ်ိဳသမားေတြ အတြက္ကေတာ့ အေကာင္းဆံုး အသီးပါပဲ။ ေသြးအတြင္းက သၾကားဓာတ္ကုိ ေလ်ာ့ခ်ႏုိင္စြမ္း ရွိတဲ့ အျပင္ ကင္ဆာျဖစ္ေစမယ့္ အႏၱာရာယ္ကေန ကာကြယ္ေပးပါတယ္။ အိုင္ယြန္းနဲ႔ ကယ္ဆီယမ္ဓာတ္ေတြပါ ၾကြယ္၀ၿပီး ပရိုတိန္း၊ အမွ်င္ဓာတ္နဲ႔ ေရဓာတ္ ၈၀% ပါ၀င္ပါတယ္။

ေရဓာတ္မ်ားစြာ ပါ၀င္တဲ့ အတြက္ အသားအေရေျခာက္ေသြ႔ျခင္းကို ကုသေပးမွာ ျဖစ္ၿပီး အရိုးနဲ႔သြားေတြကို ခိုင္မာေစပါတယ္။ အစာေျခဖ်က္အားကို ေကာင္းမြန္ေစတဲ့ အျပင္ ကိုလက္စထေရာေတြကို ေလ်ာ့ခ်ေပးႏုိင္ပါတယ္။ မွတ္ဥာဏ္အား ေကာင္းေစျခင္းက လူႀကီးမ်ား အတြက္ သင့္ေတာ္ၿပီး နလန္ထ လူမမာမ်ား အတြက္ သင့္ေတာ္တဲ့ အသီးတစ္မ်ိဳးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit :  today bago


#Unicode Version

နဂါးမောက်သီးကို တော်တော်များများ စားဖူးကြမှာပါ။ အတုံးလေးတွေ စိပ်ထားရင် လှပတဲ့ နှမ်းစေ့လေးတွေ ကပ်သလို အသွင်အပြင်ဟာ တခြား အသီးတွေနဲ့ ခြားနားပါတယ်။ အရသာဟာ မချိုလွန်း မစိမ့်လွန်းတဲ့ အရသာကို ပေးစွမ်းပြီး ကျန်းမာရေးနဲ့ ညီညွှတ်စေတဲ့ အသီးတစ်မျိုးဆိုရင် မမှားပါဘူး။ သူ့မှာ အဖြူနဲ့ အနီဆိုပြီး အရောင် နှစ်မျိုး ရှိတယ်လို့ လူသိများပေမယ့် တကယ်တမ်း ရှိတာက သုံးမျိုးပါ။ အပြင်ဘက်အခွံက ပန်းရောင်ဖြစ်ပြီး အတွင်းသားက အဖြူနဲ့ အနီ၊ နောက်တစ်မျိုးက အခွံက အဝါရောင် ဖြစ်ပြီး အတွင်းက အဖြူရောင် ရှိတဲ့ အသီးတွေပါ။ အသီးတိုင်းမှာတော့ အစေ့အမည်းလေးတွေ ရှိပါတယ်။ ပုံသဏ္ဍန်အားလုံးကတော့ အတူတူပါပဲ။

နဂါးမောက်သီးမှာ ဗီတာမင်စီနဲ့ ဗီတာမင်ဘီ အုပ်စုတွေ ပါဝင်ပြီး သံဓာတ် စုပ်ယူတဲ့ နေရာမှာ အကူအညီပေးပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ အတွက် စားသုံးဖို့ သင့်တော်သလို ကလေးကြီးထွားစေဖို့ လိုအပ်နေတဲ့ ပရိုတိန်းဓာတ်ကို စုပ်ယူပေးပါတယ်။ ဆီးချိုသမားတွေ အတွက်ကတော့ အကောင်းဆုံး အသီးပါပဲ။ သွေးအတွင်းက သကြားဓာတ်ကို လျော့ချနိုင်စွမ်း ရှိတဲ့ အပြင် ကင်ဆာဖြစ်စေမယ့် အန္တာရာယ်ကနေ ကာကွယ်ပေးပါတယ်။ အိုင်ယွန်းနဲ့ ကယ်ဆီယမ်ဓာတ်တွေပါ ကြွယ်ဝပြီး ပရိုတိန်း၊ အမျှင်ဓာတ်နဲ့ ရေဓာတ် ၈၀% ပါဝင်ပါတယ်။

ရေဓာတ်များစွာ ပါဝင်တဲ့ အတွက် အသားအရေခြောက်သွေ့ခြင်းကို ကုသပေးမှာ ဖြစ်ပြီး အရိုးနဲ့သွားတွေကို ခိုင်မာစေပါတယ်။ အစာခြေဖျက်အားကို ကောင်းမွန်စေတဲ့ အပြင် ကိုလက်စထရောတွေကို လျော့ချပေးနိုင်ပါတယ်။ မှတ်ဉာဏ်အား ကောင်းစေခြင်းက လူကြီးများ အတွက် သင့်တော်ပြီး နလန်ထ လူမမာများ အတွက် သင့်တော်တဲ့ အသီးတစ်မျိုးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit :  today bago
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top