Kantharyar Centre
×

လူမႈ မီဒီယာ ေတြဟာ ယေန႔ေခတ္ လူေနမႈ ဘ၀ေတြကို အႀကီးအက်ယ္ လႊမ္းမိုးထားပါတယ္။ လူေတြဟာ လူမႈ မီဒီယာကို စြဲလန္းမႈေၾကာင့္ ေန႔စဥ္ အခ်ိန္နာရီေတြထဲမွာ စမတ္ဖုန္းသံုးစြဲခ်ိန္ကို ပါ ထည့္သြင္းထားရပါတယ္။ အကယ္၍ ကၽြႏ္ုပ္တို႔သာ စမတ္ဖုန္းနဲ႔ တစ္ေနကုန္ ေ၀းကြာေနမယ္ဆိုရင္ ဘာေတြျဖစ္လာႏိုင္မလဲ။ ဒါကို Elite Daily ဆိုတဲ့ ၀က္ဘ္ဆိုက္က အခုလို အေကာင္းျမင္ ရႈေထာင့္ကေန ေဖာ္ျပေပးထားပါတယ္။

၁။ မနက္ပိုင္း ရံုး(သို႔) ေက်ာင္းကို နာရီ၀က္ခန္႔ ေနာက္က်ျခင္း ကင္းေ၀းသြားမယ္

လူေတြဟာ မနက္ အိပ္ရာႏိုးတာနဲ႔ ပထမဆံုးရွာေဖြတာ စမတ္ဖုန္းပါ။ အိပ္ရာကႏိုးတာနဲ႔ မ်က္ႏွာမသစ္ခင္မွာပဲ ဖုန္းကို ဖြင့္ၿပီး လူမႈမီဒီယာ နဲ႔ အီးေမးလ္က အသိေပးမႈ ေတြဖတ္ရႈေလ့ရွိပါတယ္။ ဒါေၾကာင့္ သင့္ထံ စမတ္ဖုန္းမရွိေတာ့တဲ့ ေန႔ဆိုရင္ မနက္ပိုင္းမွာ နာရီ၀က္ေလာက္ အခ်ိန္ပိုထြက္လာပါလိမ့္မယ္။

၂။ လမ္းေပၚမွာ (သို႔) ဓါတ္ေလွကားထဲမွာ ေတြ႕တဲ့လူေတြကို ေဖာ္ေရြစြာဆက္ဆံမိပါလိမ့္မယ္

အမွန္ က သင္ဟာ မခင္တတ္ မမင္တတ္တဲ့ လူတစ္ေယာက္ေတာ့မဟုတ္ပါဘူး။ အထိုက္အေလ်ာက္ေတာ့ ေဖာ္ေရြပါတယ္။ ဒါေပမယ့္ အၿမဲတမ္း စမတ္ဖုန္းနဲ႔ မ်က္လံုးနဲ႔ မခြဲခြာတဲ့အတြက္ လမ္းမွာ ေတြ႕ေနၾက လူေတြကို သတိ မမူမိသလို ရယ္ျပ ၊ ၿပံဳးျပခ်င္းလည္း မဲ့ေနပါလိမ့္မယ္။ ဖုန္းမရွိတဲ့ ေန႔မွသာ သင့္ရဲ႕ ေဖာ္ေရြမႈေတြကို သူတို႔ေတြ သိသြားမွာပါ။

၃။ အလုပ္ေတြ အခ်ိန္မီ ၿပီးေအာင္ လုပ္ႏိုင္တာသိလာလိမ့္မယ္

ေက်ာင္း မွာျဖစ္ေစ ၊ ရံုးမွာျဖစ္ေစ ပ်မ္းမွ်အားျဖင့္အခ်ိန္မီ ၿပီးစီးႏိုင္စြမ္းရွိေနတဲ့ အလုပ္ပမာဏ ထက္ ေလွ်ာ့ၿပီးေတာ့သာ သင္ဟာ ကိုယ့္အရည္အခ်င္းကို ေတြးထားမိေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အခ်ိန္မီ ဆိုတဲ့ အတိုင္းအတာ မွာ လူမႈမီဒီယာ သံုးခ်ိန္ပါ ပါ၀င္လာတာေၾကာင့္ပါ။ စမတ္ဖုန္းမရွိတဲ့ ေန႔ဟာ သင့္အတြက္ အလုပ္အၿပီးဆံုးေန႔ျဖစ္မွာပါ။

၄။ သင့္ရဲ႕ ရုပ္ရည္ အေျခအေနကို သင္ စတင္ေမ့လာမွာပါ

Selfie မရိုက္ရတဲ့ဘ၀ ဟာ တစ္ခ်ိဳ႕ လူငယ္ေတြအတြက္ ေတာ့ စိတ္ညစ္စရာေကာင္းမွာပါ။ ကိုယ့္ကိုကိုယ္ လွလား ၊ ရုပ္ဆိုးလားေတာင္ သတိမထားမိႏိုင္ေတာ့ပါဘူး။ တစ္ခုတည္းေသာ အားနည္းခ်က္ကေတာ့ Selfie မရိုက္ရရင္ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈ မဲ့သြားတတ္သူေတြအတြက္ မၾကာမၾကာ မွန္ထၾကည့္ေပးဖို႔ေတာ့ လိုပါလိမ့္မယ္။

၅။ ဘာ Beef မွ စိတ္၀င္စားစရာ မရွိေတာ့ပါဘူး

လူေတြ ေန႔စဥ္ လူမႈ မီဒီယာ ေပၚမွာ စိတ္၀င္တစား ဖတ္ရႈတဲ့အထဲမွာ ျပႆနာ(BEEF) ေတြက ထိပ္ဆံုးက ပါပါတယ္။ ေတလာဆြစ္ဖ္ နဲ႔ နစ္ကီမီနာ့ဂ်္ နဲ႔ ျပႆနာ တက္လည္း ပရိသတ္ေတြကပါ ၂ ျခမ္းခြဲၿပီး လူမႈမီဒီယာ ေပၚမွာ ရန္ဆက္ျဖစ္ၾကပါတယ္။ အဲဒီလို Beef ေတြကို မၾကားရတဲ့အတြက္ နားေအးပါးေအး ျဖစ္လာမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: TrendMyanmar

#Unicode Version

လူမှု မီဒီယာ တွေဟာ ယနေ့ခေတ် လူနေမှု ဘဝတွေကို အကြီးအကျယ် လွှမ်းမိုးထားပါတယ်။ လူတွေဟာ လူမှု မီဒီယာကို စွဲလန်းမှုကြောင့် နေ့စဉ် အချိန်နာရီတွေထဲမှာ စမတ်ဖုန်းသုံးစွဲချိန်ကို ပါ ထည့်သွင်းထားရပါတယ်။ အကယ်၍ ကျွန်ုပ်တို့သာ စမတ်ဖုန်းနဲ့ တစ်နေကုန် ဝေးကွာနေမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ။ ဒါကို Elite Daily ဆိုတဲ့ ဝက်ဘ်ဆိုက်က အခုလို အကောင်းမြင် ရှုထောင့်ကနေ ဖော်ပြပေးထားပါတယ်။

၁။ မနက်ပိုင်း ရုံး(သို့) ကျောင်းကို နာရီဝက်ခန့် နောက်ကျခြင်း ကင်းဝေးသွားမယ်

လူတွေဟာ မနက် အိပ်ရာနိုးတာနဲ့ ပထမဆုံးရှာဖွေတာ စမတ်ဖုန်းပါ။ အိပ်ရာကနိုးတာနဲ့ မျက်နှာမသစ်ခင်မှာပဲ ဖုန်းကို ဖွင့်ပြီး လူမှုမီဒီယာ နဲ့ အီးမေးလ်က အသိပေးမှု တွေဖတ်ရှုလေ့ရှိပါတယ်။ ဒါကြောင့် သင့်ထံ စမတ်ဖုန်းမရှိတော့တဲ့ နေ့ဆိုရင် မနက်ပိုင်းမှာ နာရီဝက်လောက် အချိန်ပိုထွက်လာပါလိမ့်မယ်။

၂။ လမ်းပေါ်မှာ (သို့) ဓါတ်လှေကားထဲမှာ တွေ့တဲ့လူတွေကို ဖော်ရွေစွာဆက်ဆံမိပါလိမ့်မယ်

အမှန် က သင်ဟာ မခင်တတ် မမင်တတ်တဲ့ လူတစ်ယောက်တော့မဟုတ်ပါဘူး။ အထိုက်အလျောက်တော့ ဖော်ရွေပါတယ်။ ဒါပေမယ့် အမြဲတမ်း စမတ်ဖုန်းနဲ့ မျက်လုံးနဲ့ မခွဲခွာတဲ့အတွက် လမ်းမှာ တွေ့နေကြ လူတွေကို သတိ မမူမိသလို ရယ်ပြ ၊ ပြုံးပြချင်းလည်း မဲ့နေပါလိမ့်မယ်။ ဖုန်းမရှိတဲ့ နေ့မှသာ သင့်ရဲ့ ဖော်ရွေမှုတွေကို သူတို့တွေ သိသွားမှာပါ။

၃။ အလုပ်တွေ အချိန်မီ ပြီးအောင် လုပ်နိုင်တာသိလာလိမ့်မယ်

ကျောင်း မှာဖြစ်စေ ၊ ရုံးမှာဖြစ်စေ ပျမ်းမျှအားဖြင့်အချိန်မီ ပြီးစီးနိုင်စွမ်းရှိနေတဲ့ အလုပ်ပမာဏ ထက် လျှော့ပြီးတော့သာ သင်ဟာ ကိုယ့်အရည်အချင်းကို တွေးထားမိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အချိန်မီ ဆိုတဲ့ အတိုင်းအတာ မှာ လူမှုမီဒီယာ သုံးချိန်ပါ ပါဝင်လာတာကြောင့်ပါ။ စမတ်ဖုန်းမရှိတဲ့ နေ့ဟာ သင့်အတွက် အလုပ်အပြီးဆုံးနေ့ဖြစ်မှာပါ။

၄။ သင့်ရဲ့ ရုပ်ရည် အခြေအနေကို သင် စတင်မေ့လာမှာပါ

Selfie မရိုက်ရတဲ့ဘ၀ ဟာ တစ်ချို့ လူငယ်တွေအတွက် တော့ စိတ်ညစ်စရာကောင်းမှာပါ။ ကိုယ့်ကိုကိုယ် လှလား ၊ ရုပ်ဆိုးလားတောင် သတိမထားမိနိုင်တော့ပါဘူး။ တစ်ခုတည်းသော အားနည်းချက်ကတော့ Selfie မရိုက်ရရင် ကိုယ့်ကိုကိုယ် ယုံကြည်မှု မဲ့သွားတတ်သူတွေအတွက် မကြာမကြာ မှန်ထကြည့်ပေးဖို့တော့ လိုပါလိမ့်မယ်။

၅။ ဘာ Beef မှ စိတ်ဝင်စားစရာ မရှိတော့ပါဘူး

လူတွေ နေ့စဉ် လူမှု မီဒီယာ ပေါ်မှာ စိတ်ဝင်တစား ဖတ်ရှုတဲ့အထဲမှာ ပြဿနာ(BEEF) တွေက ထိပ်ဆုံးက ပါပါတယ်။ တေလာဆွစ်ဖ် နဲ့ နစ်ကီမီနာ့ဂျ် နဲ့ ပြဿနာ တက်လည်း ပရိသတ်တွေကပါ ၂ ခြမ်းခွဲပြီး လူမှုမီဒီယာ ပေါ်မှာ ရန်ဆက်ဖြစ်ကြပါတယ်။ အဲဒီလို Beef တွေကို မကြားရတဲ့အတွက် နားအေးပါးအေး ဖြစ်လာမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: TrendMyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top