Kantharyar Centre
×

နံနက္ခင္းပ်ဳိ႕အန္ျခင္းဆုိတာ မိခင္ေလာင္းျဖစ္သူေတြ ခံစားရေလ့ရွိတဲ့ လကၡဏာတစ္ရပ္ပါ။ ဘာေၾကာင့္မ်ား သဘာဝတရားၾကီးက မိခင္တစ္ေယာက္ရဲ႕ဘဝအစကို အျပည့္အဝ စိတ္လႈပ္ရွားေပ်ာ္ရႊင္ေအာင္ မလုပ္ေပးဘဲ ခံစားရခက္တဲ့ ေဝဒနာမ်ဳိးကို ခံစားရေစတာလဲမသိ။ နံနက္ခင္းပ်ဳိ႕အန္ျခင္းလို႔သာ နာမည္ေပးထားေပမယ့္ တကယ္ေတာ့ တစ္ေန႔လုံး ေနရထိုင္ရတာ မအီမသာျဖစ္တတ္ပါတယ္။ ဒါေပမဲ့ ကုိယ္ဝန္ေဆာင္မိခင္ ေတြအတြက္ ကံေကာင္းတာက ဒီေဝဒနာကုိ ၾကိတ္မွိတ္ ခံစားႏုိင္ေအာင္ တြန္းအားေပးမယ့္ ေတြ႔ရွိမႈတစ္ခုကို ရွိလာပါတယ္။

သုေတသနအရ မနက္ခင္းပ်ဳိ႕အန္ျခင္းဆုိတာ သင့္ကေလးရဲ႕ က်န္းမာေရးေကာင္းျခင္းကုိ ျပတဲ့ လကၡဏာ တစ္ရပ္ျဖစ္ပါတယ္တဲ့။ ကေလးက်န္းမာေရးႏွင့္ လူသားဖြ႔ံျဖိဳးမႈဆုိင္ရာ အမ်ိဳးသားတကၠသိုလ္က သုေတသီေတြက ကုိယ္ဝန္ေဆာင္အမ်ဳိးသမီးေတြကို အုပ္စုခြဲျပီး ေစာင့္ၾကည့္ေလ့လာခဲ့ပါတယ္။ ဒီအုပ္စုေတြထဲ မွာ အက္စပရင္လို အကိုက္အခဲေပ်ာက္ေဆးစြဲေသာက္ေနရတဲ့ အမ်ဳိးသမီး၊ ကိုယ္ဝန္ပ်က္က်ႏုိင္ေခ်ရွိတဲ့ အမ်ဳိးသမီးစတဲ့ အုပ္စုအမ်ဳိးမ်ဳိး ပါဝင္ပါတယ္။ ဒီအမ်ဳိးသမီးအုပ္စုမ်ားစြာကို ကိုယ္ဝန္ေဆာင္ခ်ိန္ကေန ေမြးျပီးခ်ိန္အထိ စနစ္တက် မွတ္တမ္းတင္ခဲ့ၾကတာျဖစ္ပါတယ္။

ကုိယ္ဝန္ေဆာင္ အမ်ဳိးသမီးေပါင္း ၇၉၇ ေယာက္ကိုေစာင့္ၾကည့္ခဲ့ရာမွာ ၁၈၈ ေယာက္ ပ်က္က်ခဲ့ပါတယ္။ ကိုယ္ဝန္ရွစ္ပတ္အရမွာ အမ်ဳိးသမီး ၅၇.၃%က မူးေဝေၾကာင္း ေျပာခဲ့ျပီး ၂၆.၆% ကအန္ခ်င္သလိုျဖစ္တာ၊ ေအာ့အန္တာေတြျဖစ္ခဲ့တယ္လုိ႔ေျပာပါတယ္။ ဒီအုပ္စုႏွစ္စုမွာရွိတဲ့ အမ်ဳိးသမီးေတြက ကုိယ္ဝန္ပ်က္က်ႏုိင္ေခ် ၅၀%ကေန ၇၅%အထိေလ်ာ့နည္းပါတယ္။

မနက္ခင္းပ်ဳိ႕အန္ျခင္းနဲ႔ ကိုယ္ဝန္ပ်က္က်ႏုိင္ေခ်နည္းျခင္းတုိ႔ ဆက္စပ္ေနရတဲ့အေၾကာင္းရင္းကေတာ့ သေႏၶသားအတြက္အက်ဳိးျဖစ္ေစတဲ့ မိခင္ရဲ႕ခႏၶာကိုယ္တြင္းက ေဟာ္မုန္းေျပာင္းလဲမႈေၾကာင့္ ျဖစ္ႏုိင္သလုိ ပ်ဳိ႕အန္ခ်င္စိတ္ေၾကာင့္ အဆီနည္းျပီး ဗီတာမင္ဓာတ္မ်ားတဲ့ အသီးအႏွံေတြကို စားျဖစ္ေစတာေၾကာင့္ သေႏၶသားဖြံ႕ျဖိဳးမႈအေပၚ သက္ေရာက္မႈရွိေစတာ ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္း ပ်ဳိ႕အန္ျခင္းလုိ ခံစားမႈမ်ဳိးေတြ မခံစားရတဲ့အတြက္လည္း စိတ္ပူစရာမလုိပါဘူး။ ကိုယ္ဝန္တစ္ခုနဲ႔ တစ္ခု မတူညီတဲ့ အတြက္ မနက္ခင္းပ်ဳိ႕အန္ခ်င္တဲ့ လကၡဏာမရွိတာက ကိုယ္ဝန္ပ်က္က်မယ္ဆုိတဲ့ အဓိပၸါယ္ မဟုတ္တာကို သိထားဖို႔လုိပါတယ္လို႔ သုေတသီေတြက သတိေပးေျပာၾကားထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
နံနက်ခင်းပျို့အန်ခြင်းဆိုတာ မိခင်လောင်းဖြစ်သူတွေ ခံစားရလေ့ရှိတဲ့ လက္ခဏာတစ်ရပ်ပါ။ ဘာကြောင့်များ သဘာဝတရားကြီးက မိခင်တစ်ယောက်ရဲ့ဘဝအစကို အပြည့်အဝ စိတ်လှုပ်ရှားပျော်ရွှင်အောင် မလုပ်ပေးဘဲ ခံစားရခက်တဲ့ ဝေဒနာမျိုးကို ခံစားရစေတာလဲမသိ။ နံနက်ခင်းပျို့အန်ခြင်းလို့သာ နာမည်ပေးထားပေမယ့် တကယ်တော့ တစ်နေ့လုံး နေရထိုင်ရတာ မအီမသာဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မိခင် တွေအတွက် ကံကောင်းတာက ဒီဝေဒနာကို ကြိတ်မှိတ် ခံစားနိုင်အောင် တွန်းအားပေးမယ့် တွေ့ရှိမှုတစ်ခုကို ရှိလာပါတယ်။

သုတေသနအရ မနက်ခင်းပျို့အန်ခြင်းဆိုတာ သင့်ကလေးရဲ့ ကျန်းမာရေးကောင်းခြင်းကို ပြတဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်တဲ့။ ကလေးကျန်းမာရေးနှင့် လူသားဖွံ့ဖြိုးမှုဆိုင်ရာ အမျိုးသားတက္ကသိုလ်က သုတေသီတွေက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အုပ်စုခွဲပြီး စောင့်ကြည့်လေ့လာခဲ့ပါတယ်။ ဒီအုပ်စုတွေထဲ မှာ အက်စပရင်လို အကိုက်အခဲပျောက်ဆေးစွဲသောက်နေရတဲ့ အမျိုးသမီး၊ ကိုယ်ဝန်ပျက်ကျနိုင်ချေရှိတဲ့ အမျိုးသမီးစတဲ့ အုပ်စုအမျိုးမျိုး ပါဝင်ပါတယ်။ ဒီအမျိုးသမီးအုပ်စုများစွာကို ကိုယ်ဝန်ဆောင်ချိန်ကနေ မွေးပြီးချိန်အထိ စနစ်တကျ မှတ်တမ်းတင်ခဲ့ကြတာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးပေါင်း ၇၉၇ ယောက်ကိုစောင့်ကြည့်ခဲ့ရာမှာ ၁၈၈ ယောက် ပျက်ကျခဲ့ပါတယ်။ ကိုယ်ဝန်ရှစ်ပတ်အရမှာ အမျိုးသမီး ၅၇.၃%က မူးဝေကြောင်း ပြောခဲ့ပြီး ၂၆.၆% ကအန်ချင်သလိုဖြစ်တာ၊ အော့အန်တာတွေဖြစ်ခဲ့တယ်လို့ပြောပါတယ်။ ဒီအုပ်စုနှစ်စုမှာရှိတဲ့ အမျိုးသမီးတွေက ကိုယ်ဝန်ပျက်ကျနိုင်ချေ ၅၀%ကနေ ၇၅%အထိလျော့နည်းပါတယ်။

မနက်ခင်းပျို့အန်ခြင်းနဲ့ ကိုယ်ဝန်ပျက်ကျနိုင်ချေနည်းခြင်းတို့ ဆက်စပ်နေရတဲ့အကြောင်းရင်းကတော့ သန္ဓေသားအတွက်အကျိုးဖြစ်စေတဲ့ မိခင်ရဲ့ခန္ဓာကိုယ်တွင်းက ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်နိုင်သလို ပျို့အန်ချင်စိတ်ကြောင့် အဆီနည်းပြီး ဗီတာမင်ဓာတ်များတဲ့ အသီးအနှံတွေကို စားဖြစ်စေတာကြောင့် သန္ဓေသားဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိစေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်အတွင်း ပျို့အန်ခြင်းလို ခံစားမှုမျိုးတွေ မခံစားရတဲ့အတွက်လည်း စိတ်ပူစရာမလိုပါဘူး။ ကိုယ်ဝန်တစ်ခုနဲ့ တစ်ခု မတူညီတဲ့ အတွက် မနက်ခင်းပျို့အန်ချင်တဲ့ လက္ခဏာမရှိတာက ကိုယ်ဝန်ပျက်ကျမယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်တာကို သိထားဖို့လိုပါတယ်လို့ သုတေသီတွေက သတိပေးပြောကြားထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top