Property Expo
×

 ဗလာဒီမာပူတင္သည္ ဘာရတ္အိုဘားမားထက္ ပိုမိုထက္ျမက္ ထူးခၽြန္သည့္ ႏုိင္ငံ့ေခါင္းေဆာင္ တစ္ဦးျဖစ္ေၾကာင္း ေဒၚနယ္လ္ထရမ့္က ေျပာၾကားလုိက္သည္။


၎က မၾကာမီ ရာထူးသက္တမ္း ကုန္ဆံုးေတာ့မည့္ အိုဘားမားကို ေဝဖန္ထုိးႏွက္ၿပီး အေမရိကန္၏ အဓိကၿပိဳင္ဘက္ႀကီး ႐ုရွားကို ဦးေဆာင္ေနသည့္ ပူတင္ကို ခ်ီးက်ဴးခဲ့ျခင္း ျဖစ္သည္။ အိုဘားမားသည္ ဒီမိုကရက္ ကိုယ္စားျပဳ သမၼတေလာင္း ဟီလာရီ ကလင္တန္ကို အားေပး ေထာက္ခံထားၿပီး ရီပတ္ဘလစ္ကန္ဘက္မွ သမၼတေလာင္း ထရမ့္သည္ သမၼတ ရာထူးႏွင့္ ထိုက္တန္သူ မဟုတ္ဟု ပြင့္ပြင့္လင္းလင္း ေျပာဆိုထားခဲ့ဖူးသည္။

႐ုရွားက ကမာၻ႕ႏုိင္ငံေရး တည္ၿငိမ္မႈ ပ်က္ျပားေအာင္ ျပဳလုပ္ေနေၾကာင္း အေမရိကန္ ပင္တဂြန္ စစ္ဌာနခ်ဳပ္က စြပ္စြဲခဲ့သည့္ စက္တင္ဘာ ၇ ရက္တြင္ပင္ ထရမ့္က “တကယ္ေတာ့ ပူတင္ဟာ လက္ရွိ ကၽြန္ေတာ္တို႔ သမၼတထက္ ပိုၿပီး ေခါင္းေဆာင္မႈစြမ္းရည္ ျပည့္ဝသူပါ”ဟု မွတ္ခ်က္ေပးခဲ့ျခင္း ျဖစ္သည္။

ယခင္က ပူတင္ကလည္း ႏုိင္ငံေရး ေလာကထဲ ဝင္လာသည့္ မီဒီယာ လုပ္ငန္းရွင္ ဘီလီယံနာ သူေဌးႀကီး ထရမ့္ကို ခ်ီးက်ဴးစကား ေျပာဆိုခဲ့ဖူးသည္။ ယင္းႏွင့္ပတ္သက္၍ ထရမ့္က “ပူတင္က ျပည္သူ႔ေထာက္ခံမႈ ၈၂ ရာခိုင္ႏႈန္းေလာက္ ရထားတဲ့သူ။ သူက ကၽြန္ေတာ့္ကို ထက္ျမက္တယ္လုိ႔ ေျပာတာဟာ ဂုဏ္ယူစရာလုိ႔ ယူဆသင့္တယ္ မဟုတ္လား”ဟု တံု႔ျပန္ခဲ့ဖူးသည္။

ထရမ့္သည္ မဲဆြယ္စည္း႐ံုးမႈ ကာလမ်ားကတည္းက အျငင္းပြားဖြယ္ မွတ္ခ်က္စကားမ်ားေၾကာင့္ လူသိမ်ားခဲ့ၿပီး အိုဘားမားကိုလည္း ေျဗာင္က်က် ဆန္႔က်င္ခဲ့သူျဖစ္သည္။ ၎က အေ႐ွ႕အလယ္ပိုင္းတြင္ အိုင္အက္စ္ စစ္ေသြးႂကြမ်ား အင္အားႀကီးမားလာျခင္း အိုဘားမား၏ ႏိုင္ငံျခားေရး မူဝါဒ အားနည္းခ်က္ေၾကာင့္ျဖစ္ၿပီး အိုဘားမားကိုယ္တုိင္ အုိင္အက္စ္ကို ေမြးထုတ္ေပးခဲ့သည္ဟု ဆိုႏိုင္ေၾကာင္းလည္း စြပ္စြဲခဲ့ဖူးသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ဗလာဒီမာပူတင်သည် ဘာရတ်အိုဘားမားထက် ပိုမိုထက်မြက် ထူးချွန်သည့် နိုင်ငံ့ခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်သည်။


၎င်းက မကြာမီ ရာထူးသက်တမ်း ကုန်ဆုံးတော့မည့် အိုဘားမားကို ဝေဖန်ထိုးနှက်ပြီး အမေရိကန်၏ အဓိကပြိုင်ဘက်ကြီး ရုရှားကို ဦးဆောင်နေသည့် ပူတင်ကို ချီးကျူးခဲ့ခြင်း ဖြစ်သည်။ အိုဘားမားသည် ဒီမိုကရက် ကိုယ်စားပြု သမ္မတလောင်း ဟီလာရီ ကလင်တန်ကို အားပေး ထောက်ခံထားပြီး ရီပတ်ဘလစ်ကန်ဘက်မှ သမ္မတလောင်း ထရမ့်သည် သမ္မတ ရာထူးနှင့် ထိုက်တန်သူ မဟုတ်ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုထားခဲ့ဖူးသည်။

ရုရှားက ကမ္ဘာ့နိုင်ငံရေး တည်ငြိမ်မှု ပျက်ပြားအောင် ပြုလုပ်နေကြောင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က စွပ်စွဲခဲ့သည့် စက်တင်ဘာ ၇ ရက်တွင်ပင် ထရမ့်က “တကယ်တော့ ပူတင်ဟာ လက်ရှိ ကျွန်တော်တို့ သမ္မတထက် ပိုပြီး ခေါင်းဆောင်မှုစွမ်းရည် ပြည့်ဝသူပါ”ဟု မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

ယခင်က ပူတင်ကလည်း နိုင်ငံရေး လောကထဲ ဝင်လာသည့် မီဒီယာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး ထရမ့်ကို ချီးကျူးစကား ပြောဆိုခဲ့ဖူးသည်။ ယင်းနှင့်ပတ်သက်၍ ထရမ့်က “ပူတင်က ပြည်သူ့ထောက်ခံမှု ၈၂ ရာခိုင်နှုန်းလောက် ရထားတဲ့သူ။ သူက ကျွန်တော့်ကို ထက်မြက်တယ်လို့ ပြောတာဟာ ဂုဏ်ယူစရာလို့ ယူဆသင့်တယ် မဟုတ်လား”ဟု တုံ့ပြန်ခဲ့ဖူးသည်။

ထရမ့်သည် မဲဆွယ်စည်းရုံးမှု ကာလများကတည်းက အငြင်းပွားဖွယ် မှတ်ချက်စကားများကြောင့် လူသိများခဲ့ပြီး အိုဘားမားကိုလည်း ဗြောင်ကျကျ ဆန့်ကျင်ခဲ့သူဖြစ်သည်။ ၎င်းက အရှေ့အလယ်ပိုင်းတွင် အိုင်အက်စ် စစ်သွေးကြွများ အင်အားကြီးမားလာခြင်း အိုဘားမား၏ နိုင်ငံခြားရေး မူဝါဒ အားနည်းချက်ကြောင့်ဖြစ်ပြီး အိုဘားမားကိုယ်တိုင် အိုင်အက်စ်ကို မွေးထုတ်ပေးခဲ့သည်ဟု ဆိုနိုင်ကြောင်းလည်း စွပ်စွဲခဲ့ဖူးသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top