Property Expo
×







Credit : 7Day Daily


#Unicode Version

ဟာဗားနားရှိ အမေ ရိကန် ထိပ်တန်းသံအမတ် ဂျက် ဖရီဒီလောရန်တစ်အား သံအမတ် ကြီးအဖြစ် သမ္မတအိုဘားမားက ရာထူးတိုးမြှင့်ပေးပြီးနောက် ၎င်း သည် နှစ်ပေါင်း(၅၀)အတွင်း ပထမဆုံး ကျူးဘားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဖြစ်လာမည်ဖြစ်သည်။

‘‘သံအမတ်ကြီး ခန့်အပ်လိုက်တာဟာ ကျွန်တော်တို့ နှစ်နိုင်ငံကြား ပိုပြီးပုံမှန်ဖြစ်လာပြီး အကျိုးဖြစ်ထွန်းမယ့် ဆက်ဆံရေး ဖြစ်လာဖို့ ရှေ့တစ်လှမ်း တိုးလိုက် တာပါပဲ’’ ဟု အိုဘားမားက ထုတ် ပြန်ချက်တွင် ပြောကြားသည်။

အိုဘားမားနှင့် ကျူးဘား သမ္မတ ရာအူးလ်ကက်စထရိုတို့ က နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် ထူထောင်ရန် ၂၀၁၄ ဒီဇင်ဘာက ကြေညာခဲ့သည်။

ထိုအချိန်ကစ၍ နှစ်ပေါင်း ၅၀ ကျော် ရန်သူများဖြစ်ခဲ့သော နှစ်နိုင်ငံကြား ဆက်ဆံရေးတိုး တက်လာသည်။

သမ္မတ အိုဘားမားလည်း ကျူးဘားသို့ လည်ပတ်ခဲ့ကာ ၁၉၆၂ ကစ၍ ချထားခဲ့သော ပိတ် ဆို့တားဆီးမှုအချို့ကို ဖယ်ရှားခဲ့ သည်။

ဒီလော်ရန်တစ်အား သံအ မတ်ကြီး ခန့်အပ်မှုအပေါ် လွှတ် တော်က အတည်ပြုပေးရဦးမည် ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top