Property Expo
×

တာေမြၿမိဳ႕နယ္ ေမတၱာ ညြန္႔ရပ္ကြက္ ဒဂုံလြင္လမ္းႏွင့္ ရန္ ႀကီးေအာင္လမ္းေထာင့္တြင္ အငွားယာဥ္ေမာင္းတစ္ဦး ဓားေထာက္လုယက္ခံရၿပီး လက္မတစ္ဖက္ျပတ္၍ လည္ပင္း၌ ျပတ္ရွဒဏ္ရာမ်ားရရွိေၾကာင္း သတင္းရရွိသည္။

လုယက္ခံရသည့္ အငွားယာဥ္ေမာင္းသည္ စက္တင္ဘာ ၂၂ ရက္ ည ၇ နာရီခန္႔တြင္ ခရီးသည္အမ်ဳိးသားက လုယက္ျခင္းျဖစ္ေၾကာင္း မိသားစု၀င္တစ္ဦး ကေျပာသည္။

‘‘သူ႔ကိုကားငွားလုိ႔ လုိက္ပို႔ တာကို စီးလာတဲ့ ခရီးသည္က ေနာက္ကေန လည္ပင္းကို ဓားနဲ႔ ေထာက္တယ္။ လက္နဲ႔႐ုိက္ခ် လုိက္တာ လက္မထိၿပီး လက္တစ္ဆစ္ ျပတ္သြားတယ္။ လက္မွာ၀တ္ထားတဲ့ ေရႊလက္စြပ္ေတာ့ပါသြားတယ္။ အခုရန္ကုန္ေဆး႐ုံႀကီးမွာ တင္ထားပါတယ္’’ဟု မိ သားစု၀င္ကေျပာသည္။

 ဓားေထာက္လုယက္ခံရ သည့္ အမ်ဳိးသားမွာ အသက္(၂၄) ႏွစ္အရြယ္ ရဲသူေနာင္ျဖစ္ၿပီး ျပစ္မႈက်ဴးလြန္သူမွာ ထြက္ေျပးလြတ္ ေျမာက္ေနဆဲျဖစ္သည္။

‘‘ကြၽန္ေတာ္တို႔ မီးတန္းယာဥ္ နဲ႔ ကင္းပတ္ေနခ်ိန္မွာ ၁၉၉ က ဖုန္း လာတယ္။ လူတစ္ေယာက္ ကား တစ္စီးနဲ႔ လဲေနတယ္ဆိုတာ ၾကား လို႔သြားၾကည့္တယ္။ အငွားယာဥ္ ေမာင္းမွာ ဒဏ္ရာေတြနဲ႔ ေတြ႕ရလို႔ ေဆး႐ုံကို ပို႔ေပးခဲ့ပါတယ္။ က်န္ တာေတာ့ ဆက္လက္စစ္ေနတုန္း ပါ’’ဟု တာေမြၿမိဳ႕မရဲစခန္းမွ ရဲ အရာရွိတစ္ဦးကေျပာသည္။

 ဓားေထာက္လုယက္ၿပီး ထြက္ေျပးေနသူကို လုိက္လံရွာေဖြေနၿပီး တာေမြၿမိဳ႕မရဲစခန္းက အျပင္းအထန္နာက်င္ေစမႈ ရာဇ သတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သတင္း ရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
တာမွေမြို့နယ် မေတ္တာ ညွန့်ရပ်ကွက် ဒဂုံလွင်လမ်းနှင့် ရန် ကြီးအောင်လမ်းထောင့်တွင် အငှားယာဉ်မောင်းတစ်ဦး ဓားထောက်လုယက်ခံရပြီး လက်မတစ်ဖက်ပြတ်၍ လည်ပင်း၌ ပြတ်ရှဒဏ်ရာများရရှိကြောင်း သတင်းရရှိသည်။

လုယက်ခံရသည့် အငှားယာဉ်မောင်းသည် စက်တင်ဘာ ၂၂ ရက် ည ၇ နာရီခန့်တွင် ခရီးသည်အမျိုးသားက လုယက်ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦး ကပြောသည်။

‘‘သူ့ကိုကားငှားလို့ လိုက်ပို့ တာကို စီးလာတဲ့ ခရီးသည်က နောက်ကနေ လည်ပင်းကို ဓားနဲ့ ထောက်တယ်။ လက်နဲ့ရိုက်ချ လိုက်တာ လက်မထိပြီး လက်တစ်ဆစ် ပြတ်သွားတယ်။ လက်မှာဝတ်ထားတဲ့ ရွှေလက်စွပ်တော့ပါသွားတယ်။ အခုရန်ကုန်ဆေးရုံကြီးမှာ တင်ထားပါတယ်’’ဟု မိ သားစုဝင်ကပြောသည်။

 ဓားထောက်လုယက်ခံရ သည့် အမျိုးသားမှာ အသက်(၂၄) နှစ်အရွယ် ရဲသူနောင်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူမှာ ထွက်ပြေးလွတ် မြောက်နေဆဲဖြစ်သည်။

‘‘ကျွန်တော်တို့ မီးတန်းယာဉ် နဲ့ ကင်းပတ်နေချိန်မှာ ၁၉၉ က ဖုန်း လာတယ်။ လူတစ်ယောက် ကား တစ်စီးနဲ့ လဲနေတယ်ဆိုတာ ကြား လို့သွားကြည့်တယ်။ အငှားယာဉ် မောင်းမှာ ဒဏ်ရာတွေနဲ့ တွေ့ရလို့ ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ ကျန် တာတော့ ဆက်လက်စစ်နေတုန်း ပါ’’ဟု တာမွေမြို့မရဲစခန်းမှ ရဲ အရာရှိတစ်ဦးကပြောသည်။

 ဓားထောက်လုယက်ပြီး ထွက်ပြေးနေသူကို လိုက်လံရှာဖွေနေပြီး တာမွေမြို့မရဲစခန်းက အပြင်းအထန်နာကျင်စေမှု ရာဇ သတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top