Property Expo
×

ဘာမွမဟုတ္တဲ့အရာလုိ႕ ထင္တာေတြက တကယ္ေတာ့ အေရးၾကီးတဲ့အရာေတြပါ။ သင့္ခ်စ္သူက သင့္ကို ေဖ့စ္ဘြတ္ခ္မွာ ခ်စ္ေၾကာင္းၾကိုက္ေၾကာင္း စေတးတပ္စ္တင္တာ၊ သင့္ပို႕စ္တုိင္းမွာ ကြန္မန္႕ေတြ ၀င္ေပးတာ၊ သင့္ကို လြမ္းေၾကာင္း သတိရေၾကာင္း inbox ကေနေျပာတာမ်ိဳးေတြေၾကာင့္ သင္ေပ်ာ္ရႊင္ေကာင္း ေပ်ာ္ရႊင္ရ ပါလိမ့္မယ္။ တကယ့္လက္ေတြ႕မွာေရာ သင္တုိ႕ႏွစ္ဦး ဆက္ဆံေရးက ဘယ္လိုမ်ားလဲ။ ဒီအခ်က္က တကယ့္ကို အေရးၾကီးတာပါ။ ဆိုရွယ္မီဒီယာေတြကို ေက်ာ္ျပီး သင္တုိ႕ရဲ႕ လက္ေတြ႕ဘ၀အေနအထားကို ၾကည့္ရေအာင္။ သူသာ သင့္ကို တကယ္ခ်စ္တယ္ဆုိရင္ ခုေျပာျပေပးမယ္ အရာ (၆) မ်ိဳးကုိ သူခဏခဏ ဆုိသလိုလုပ္ေဆာင္ေနပါလိမ့္မယ္။

၁။သင့္ကိုမေျပာပဲ သင့္ကိုေတြ႕ဖုိ႕ ေရာက္လာတာမ်ိဳး

စဥ္းစားၾကည့္လုိက္ပါဦး။ သင္တစ္ေနရာသြားမယ္ဆုိတာ သင္ေျပာလုိ႕ သူသိေနပါလိမ့္မယ္။ ဒါကို သင့္ကို သူလာမယ္လို႕ မေျပာပဲ သင့္အိမ္ေရွ႕သူ႕ကို ရုတ္တရက္ေတြ႕လုိက္ရတဲ့အခါ သင္ဘယ္လိုခံစားရလိမ့္မလဲ။ သင့္ကိုမေျပာပဲ သင္ရံုးဆင္းခ်ိန္ သင့္ရံုးေအာက္မွာ လာၾကိဳေနတဲ့အခါ သင္ဘယ္လိုခံစားရလိမ့္မလဲ။ ဒီလို ခံစားမႈမ်ိဳးေတြကို သူက သင့္ကိုေပးခ်င္တာမ်ိဳး ဆုိရင္ေတာ့ သင့္ကို အေလးထားလို႕ပါပဲ။

၂။ သင့္ကို sms ေတြပို႕ေနတာထက္ ဖုန္းဆက္ျပီး သတင္းေကာင္းေတြ မ်ွေ၀တတ္တာမ်ိဳး

သင့္ခ်စ္သူဟာ သင့္အတြက္၊ ဒါမွမဟုတ္ သူ႕အတြက္ သတင္းေကာင္းတစ္ခုရွိတယ္ဆိုတာနဲ႕ ခ်က္ခ်င္း သင့္ဆီ ဖုန္းေကာက္ဆက္ျပီး ဒီလို ေပ်ာ္စရာသတင္းကို မ်ွေ၀တတ္သူမ်ိဳးလား။ သင္ေအာင္ျမင္ခ်ိန္တုိင္း သင့္အနားမရွိရင္ေတာင္ ဖုန္းဆက္ျပီး သူဘယ္လိုခံစားရေၾကာင္း ေျပာျပတတ္သူလား။ သင့္ခ်စ္သူက ဟုတ္ပါတယ္ အဲ့ဒီလို လူမ်ိဳးပါဆုိရင္ေတာ့ သင့္ကိုသူ ေရရွည္အတြက္ အေလးထား တြဲေနတာ ထင္ရွားပါတယ္။ အဲ့ဒီလို မဟုတ္ပဲ sms ေလးသာ ပို႕ျပီး သူ႕အသံကို တစ္ေန႕တစ္ခါ ၾကားဖုိ႕ေတာင္ မလြယ္ဘူးဆုိရင္ေတာ့ စဥ္းစားစရာပါပဲ။

၃။ ႏွစ္ဦးသား Road Trip ေလးေတြ သြားတတ္တာမ်ိဳး

ေလ့လာမႈေတြထဲမွာ အရြယ္ေရာက္ျပီးသူေတြထဲက ၅၂ရာခုိင္ႏႈန္းဟာ အစားထိုးလို႕မရတဲ့ အေတြ႕အၾကံဳအသစ္ေတြကို အျမဲရွာေဖြတတ္ၾကပါတယ္လို႕ ေဖာ္ျပထားပါတယ္။ ဘယ္သူမဆို ကိုယ့္ခ်စ္သူကို အိမ္ကိုေခၚ၊ အိမ္မွာထုိင္ျပီး မုန္႕ေတြမွာစား လို႕ရတာပါပဲ။ ပန္းျခံတစ္ခုသြား ခ်စ္စကားေျပာလုိ႕ရတာပါပဲ။ ဒါေပမယ့္ ႏွစ္ဦးသားအတူ road trip ေလးတစ္ခုအတူသြားျပီး မၾကံဳဖူးတဲ့ အေတြ႕အၾကံဳသစ္ေတြ အတူရွာေဖြတာမ်ိဳးကေတာ့ ရွားပါတယ္။ အနည္းဆံုး သူသူ႕ငယ္ခ်င္း၊ ကုိယ့္သူငယ္ခ်င္းေတြနဲ႕အတူ ခရီးတစ္ခုေတာ့ သြားဖူးသင့္ပါတယ္။

၄။ သင့္ကို အခ်ိန္ရတုိင္း ေတြ႕ႏိုင္ေအာင္ ၾကိဳးစားတာမ်ိဳး

သင့္ခ်စ္သူဟာ သူဘယ္ေလာက္အလုပ္ေတြ ရႈပ္ေနပါေစ၊ အခ်ိန္ရရင္ ရသလို သင့္ဆီကို အေျပးလာေတြ႕တတ္သူပါ။ ႏွစ္ဦးသားေတြ႕ဖုိ႕ အခ်ိန္ကိုလည္း အျမဲစီစဥ္တတ္သူ ဆုိရင္ သူသင့္ကို ေတာ္ေတ္ာေလးကို ခ်စ္မိေနလုိ႕ပါ။

၅။ သင့္ကို သူဘယ္ေလာက္ခ်စ္ေၾကာင္း ေျပာဆုိဖုိ႕ ဘယ္ေတာ့မွ မေမ့တတ္တာမ်ိဳး

သင့္ခ်စ္သူဟာ သင္နဲ႕စကားေတြေျပာျပီးတုိင္း သင့္မ်က္ႏွာကိုၾကည့္ျပီး သူသင့္ကို ဘယ္ေလက္တြယ္တာေၾကာင္း၊ ျမတ္ႏိုးေၾကာင္း ေျပာတတ္သူလား။ ႏွစ္ဦးသား အိပ္ခါနီး ဖုန္းေျပာလို႕ ဖုန္းခ်ေတာ့မယ္ ဆုိတာနဲ႕ သူ႕ဘ၀အတြက္ သင္ဟာ ဘယ္ေလာက္အေရးၾကီးေၾကာင္း အျမဲေျပာတတ္သူလား။ ဒီလို မေမ့မေလ်ာ့ ခ်စ္ေၾကာင္း ေျပာတတ္သူဟာ သူ႕စိတ္ထဲ သင္ရွိေနလို႕သာ ျဖစ္ပါတယ္။

၆။ သင္ပင္ပန္းခက္ခဲေနခ်ိန္ေတြမွာ သူ သင့္ေဘးနား ေရာက္လာတတ္တာမ်ိဳး

သင္ဟာ အလုပ္ေတြေၾကာင့္၊ မိသားစုေၾကာင့္ စိတ္ဖိစီးတာေတြ၊ နာက်င္တာေတြ၊ အခက္အခဲေတြ ရင္ဆုိင္ေနရခ်ိန္တုိင္း သင့္ေဘးမွာ သူအျမဲ ရွိေနတတ္တယ္။ သူတတ္ႏိုင္တဲ့ဘက္က ကူညီေပးသလို သင့္ကို စိတ္ဓာတ္ခြန္အား အျမဲေပးတတ္သူ ဆုိရင္ သူဟာ သင့္ကို တကယ္ကို ျမတ္ႏိုးလုိ႕သာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit :  Trend Myanmar

Unicode Version

ဘာမှမဟုတ်တဲ့အရာလို့ ထင်တာတွေက တကယ်တော့ အရေးကြီးတဲ့အရာတွေပါ။ သင့်ချစ်သူက သင့်ကို ဖေ့စ်ဘွတ်ခ်မှာ ချစ်ကြောင်းကြိုက်ကြောင်း စတေးတပ်စ်တင်တာ၊ သင့်ပို့စ်တိုင်းမှာ ကွန်မန့်တွေ ဝင်ပေးတာ၊ သင့်ကို လွမ်းကြောင်း သတိရကြောင်း inbox ကနေပြောတာမျိုးတွေကြောင့် သင်ပျော်ရွှင်ကောင်း ပျော်ရွှင်ရ ပါလိမ့်မယ်။ တကယ့်လက်တွေ့မှာရော သင်တို့နှစ်ဦး ဆက်ဆံရေးက ဘယ်လိုများလဲ။ ဒီအချက်က တကယ့်ကို အရေးကြီးတာပါ။ ဆိုရှယ်မီဒီယာတွေကို ကျော်ပြီး သင်တို့ရဲ့ လက်တွေ့ဘဝအနေအထားကို ကြည့်ရအောင်။ သူသာ သင့်ကို တကယ်ချစ်တယ်ဆိုရင် ခုပြောပြပေးမယ် အရာ (၆) မျိုးကို သူခဏခဏ ဆိုသလိုလုပ်ဆောင်နေပါလိမ့်မယ်။

၁။သင့်ကိုမပြောပဲ သင့်ကိုတွေ့ဖို့ ရောက်လာတာမျိုး

စဉ်းစားကြည့်လိုက်ပါဦး။ သင်တစ်နေရာသွားမယ်ဆိုတာ သင်ပြောလို့ သူသိနေပါလိမ့်မယ်။ ဒါကို သင့်ကို သူလာမယ်လို့ မပြောပဲ သင့်အိမ်ရှေ့သူ့ကို ရုတ်တရက်တွေ့လိုက်ရတဲ့အခါ သင်ဘယ်လိုခံစားရလိမ့်မလဲ။ သင့်ကိုမပြောပဲ သင်ရုံးဆင်းချိန် သင့်ရုံးအောက်မှာ လာကြိုနေတဲ့အခါ သင်ဘယ်လိုခံစားရလိမ့်မလဲ။ ဒီလို ခံစားမှုမျိုးတွေကို သူက သင့်ကိုပေးချင်တာမျိုး ဆိုရင်တော့ သင့်ကို အလေးထားလို့ပါပဲ။

၂။ သင့်ကို sms တွေပို့နေတာထက် ဖုန်းဆက်ပြီး သတင်းကောင်းတွေ မျှဝေတတ်တာမျိုး

သင့်ချစ်သူဟာ သင့်အတွက်၊ ဒါမှမဟုတ် သူ့အတွက် သတင်းကောင်းတစ်ခုရှိတယ်ဆိုတာနဲ့ ချက်ချင်း သင့်ဆီ ဖုန်းကောက်ဆက်ပြီး ဒီလို ပျော်စရာသတင်းကို မျှဝေတတ်သူမျိုးလား။ သင်အောင်မြင်ချိန်တိုင်း သင့်အနားမရှိရင်တောင် ဖုန်းဆက်ပြီး သူဘယ်လိုခံစားရကြောင်း ပြောပြတတ်သူလား။ သင့်ချစ်သူက ဟုတ်ပါတယ် အဲ့ဒီလို လူမျိုးပါဆိုရင်တော့ သင့်ကိုသူ ရေရှည်အတွက် အလေးထား တွဲနေတာ ထင်ရှားပါတယ်။ အဲ့ဒီလို မဟုတ်ပဲ sms လေးသာ ပို့ပြီး သူ့အသံကို တစ်နေ့တစ်ခါ ကြားဖို့တောင် မလွယ်ဘူးဆိုရင်တော့ စဉ်းစားစရာပါပဲ။

၃။ နှစ်ဦးသား Road Trip လေးတွေ သွားတတ်တာမျိုး

လေ့လာမှုတွေထဲမှာ အရွယ်ရောက်ပြီးသူတွေထဲက ၅၂ရာခိုင်နှုန်းဟာ အစားထိုးလို့မရတဲ့ အတွေ့အကြုံအသစ်တွေကို အမြဲရှာဖွေတတ်ကြပါတယ်လို့ ဖော်ပြထားပါတယ်။ ဘယ်သူမဆို ကိုယ့်ချစ်သူကို အိမ်ကိုခေါ်၊ အိမ်မှာထိုင်ပြီး မုန့်တွေမှာစား လို့ရတာပါပဲ။ ပန်းခြံတစ်ခုသွား ချစ်စကားပြောလို့ရတာပါပဲ။ ဒါပေမယ့် နှစ်ဦးသားအတူ road trip လေးတစ်ခုအတူသွားပြီး မကြုံဖူးတဲ့ အတွေ့အကြုံသစ်တွေ အတူရှာဖွေတာမျိုးကတော့ ရှားပါတယ်။ အနည်းဆုံး သူသူ့ငယ်ချင်း၊ ကိုယ့်သူငယ်ချင်းတွေနဲ့အတူ ခရီးတစ်ခုတော့ သွားဖူးသင့်ပါတယ်။

၄။ သင့်ကို အချိန်ရတိုင်း တွေ့နိုင်အောင် ကြိုးစားတာမျိုး

သင့်ချစ်သူဟာ သူဘယ်လောက်အလုပ်တွေ ရှုပ်နေပါစေ၊ အချိန်ရရင် ရသလို သင့်ဆီကို အပြေးလာတွေ့တတ်သူပါ။ နှစ်ဦးသားတွေ့ဖို့ အချိန်ကိုလည်း အမြဲစီစဉ်တတ်သူ ဆိုရင် သူသင့်ကို တော်တေ်ာလေးကို ချစ်မိနေလို့ပါ။

၅။ သင့်ကို သူဘယ်လောက်ချစ်ကြောင်း ပြောဆိုဖို့ ဘယ်တော့မှ မမေ့တတ်တာမျိုး

သင့်ချစ်သူဟာ သင်နဲ့စကားတွေပြောပြီးတိုင်း သင့်မျက်နှာကိုကြည့်ပြီး သူသင့်ကို ဘယ်လေက်တွယ်တာကြောင်း၊ မြတ်နိုးကြောင်း ပြောတတ်သူလား။ နှစ်ဦးသား အိပ်ခါနီး ဖုန်းပြောလို့ ဖုန်းချတော့မယ် ဆိုတာနဲ့ သူ့ဘဝအတွက် သင်ဟာ ဘယ်လောက်အရေးကြီးကြောင်း အမြဲပြောတတ်သူလား။ ဒီလို မမေ့မလျော့ ချစ်ကြောင်း ပြောတတ်သူဟာ သူ့စိတ်ထဲ သင်ရှိနေလို့သာ ဖြစ်ပါတယ်။

၆။ သင်ပင်ပန်းခက်ခဲနေချိန်တွေမှာ သူ သင့်ဘေးနား ရောက်လာတတ်တာမျိုး

သင်ဟာ အလုပ်တွေကြောင့်၊ မိသားစုကြောင့် စိတ်ဖိစီးတာတွေ၊ နာကျင်တာတွေ၊ အခက်အခဲတွေ ရင်ဆိုင်နေရချိန်တိုင်း သင့်ဘေးမှာ သူအမြဲ ရှိနေတတ်တယ်။ သူတတ်နိုင်တဲ့ဘက်က ကူညီပေးသလို သင့်ကို စိတ်ဓာတ်ခွန်အား အမြဲပေးတတ်သူ ဆိုရင် သူဟာ သင့်ကို တကယ်ကို မြတ်နိုးလို့သာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)

Credit :  Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top