Property Expo
×

ဂ်ပန္ဦးေႏွာက္ေရာင္၊ တုပ္ေကြးႏွင့္ ျပင္းထန္အဆုတ္ ေရာင္ အေအးမိေရာဂါကာကြယ္ ေဆးမ်ားကို ကေလးမ်ားအျပင္ လူႀကီးမ်ားပါ မျဖစ္မေနထိုးႏွံေပး  ထားရန္လိုအပ္ေၾကာင္း ဆရာ၀န္ ႀကီးမ်ားကေျပာသည္။

‘‘ဂ်ပန္ဦးေႏွာက္ေရာင္က ေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံအေနနဲ႔ မျဖစ္မေန ထိုးသင့္တယ္။ ျခင္ ကိုက္လို႔ကူးတာဆိုေတာ့။ တုပ္ ေကြးကလည္း ထိုးဖို႔လိုတယ္။ ထိုး သင့္တယ္။ ႏ်ဴမို ၂၃ လို႔ေခၚတဲ့ ျပင္းထန္အဆုတ္အေအးမိေရာဂါ ကာကြယ္ေဆးကလည္း အစိုးရ က ထိုးေပးတာက ကေလးေတြပဲ ထုိးေပးႏိုင္ေသးတယ္။ ဒါေၾကာင့္ လူႀကီးေတြအေနနဲ႔ ထိုးထားသင့္ တယ္။ ၿပီးေတာ့ကူးစက္ျမန္ ဦးေႏွာက္ေရာင္တို႔၊ တိုက္ဖြိဳက္တို႔၊ အသည္းေရာင္အသား၀ါ ေအတို႔၊ ဘီတို႔လည္း ထိုးထားသင့္တယ္’’ ဟု ကေလးအထူးကုဆရာ၀န္ႀကီး ပါေမာကၡေဒါက္တာေစာ၀င္းက ေျပာၾကားသည္။

ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါ သည္ က်ဴးလစ္ျခင္ကိုက္ရာမွတစ္ ဆင့္ ကူးစက္ျပန္႔ပြားကာ အသက္ ဆံုး႐ံႈးသည္အထိ အႏၲရာယ္ျဖစ္ ေစႏိုင္သျဖင့္ အသက္ ကိုးလစ၍ ထိုးႏွံႏိုင္သည္။ အသက္(၁၈) ႏွစ္ အထက္ လူႀကီးမ်ားတြင္ကာကြယ္ေဆးတစ္လံုးသာ ထိုးရမည္ျဖစ္ၿပီး ပုဂၢလိကေဆး႐ံုႀကီးမ်ား၌ ေငြက်ပ္ သံုးေသာင္းေက်ာ္ကုန္က်ႏိုင္သည္။

ျပင္းထုန္အဆုတ္ အေအးမိ ေရာဂါမွာ Streptococcus Pneumoniae ဟုေခၚေသာ ပိုး ေၾကာင့္ျဖစ္ကာ ယင္းမွာျမန္မာ ႏိုင္ငံတြင္အျဖစ္မ်ားၿပီး ေနာက္ ဆက္တြဲဆိုးက်ိဳးအျဖစ္ ဦးေႏွာက္ အေျမႇးေရာင္ေရာဂါျဖစ္ေစသည္။ ယင္းကို အသက္(၂) ႏွစ္ကစ၍ ထုိးႏွံႏိုင္ကာ ပံုမွန္အားျဖင့္ တစ္ ႀကိမ္ထိုးႏွံလွ်င္ လံုေလာက္ၿပီး ေငြက်ပ္ သံုးေသာင္း ေက်ာ္ကုန္က်ႏိုင္သည္။

‘‘ျပင္းထန္အဆုတ္အေအးမိ ကက်ေတာ့ သာမန္လူေတြမွာျဖစ္ရင္ ကိုယ္ခံအားကရွိတဲ့ အတြက္ သိပ္အႏၱရာယ္မရွိႏိုင္ေပမယ့္ အသက္(၆၅) ႏွစ္အထက္လူႀကီးေတြ၊ ေဘလံုးထုတ္ထားတဲ့ လူေတြ၊ HIV လူနာေတြနဲ႔ ေသြးကင္ဆာလူနာေတြမွာေတာ့ ျဖစ္ရင္ပိုျပင္းထန္ႏိုင္တဲ့အတြက္ ထိုးထားသင့္တယ္’’ဟု ေဒါက္တာေစာ၀င္းက တိုက္တြန္းသည္။

တုပ္ေကြး(႐ိုး႐ိုး) ေရာဂါသည္ မုိးႏွင့္ေဆာင္းရာသီတြင္ အျဖစ္ မ်ားကာ မုိးရာသီအစ၌ ယင္းကာ ကြယ္ေဆးထိုးႏွံထားျခင္းျဖင့္ အ ျဖစ္မ်ားေသာ မုိးႏွင့္ေဆာင္းရာသီ မ်ား၌ ျဖစ္ပြားမႈကို ကာကြယ္ႏိုင္ၿပီး အသက္ ေျခာက္လႏွင့္အထက္ ကေလးလူႀကီးအားလံုး ထိုးႏွံရန္ လိုအပ္သည္္။သို႔ေသာ္ ဗိုင္းရပ္စ္ပိုး ၏ဗီဇမွာ ႏွစ္စဥ္ေျပာင္းလဲမႈရွိေန ျခင္းေၾကာင့္ ႏွစ္စဥ္ထိုးေပးရန္လို အပ္ၿပီး ကေလးတြင္ထိုးႏွံေပးပါက ေငြ က်ပ္တစ္ေသာင္းႏွင့္ လူႀကီးတြင္တစ္ေသာင္းေလး ေထာင္ခန္႔ ကုန္က်ႏိုင္သည္။

ထို႔အျပင္ ကူးစက္ျမန္ ဦး ေႏွာက္အေျမႇးေရာင္ ေရာဂါကာ ကြယ္ေဆးမွာ အသက္ (၂)ႏွစ္မွ (၅၅)ႏွစ္ၾကားအရြယ္မ်ားတြင္တစ္ လံုးသာထိုးရန္လိုအပ္ကာေငြက်ပ္ကိုးေသာင္းေက်ာ္ႏွင့္ အူေရာင္ငန္းဖ်ား (တိုက္ဖြိဳက္) ေရာဂါကာကြယ္ေဆးမွာ အသက္ (၂) ႏွစ္ကစတင္ထိုးႏွံႏိုင္ၿပီး ေငြက်ပ္သံုးေသာင္းခန္႔ ကုန္က်ႏိုင္ေၾကာင္း ပုဂၢလိကေဆး႐ံုမ်ားမွ စံုစမ္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

ဂျပန်ဦးနှောက်ရောင်၊ တုပ်ကွေးနှင့် ပြင်းထန်အဆုတ် ရောင် အအေးမိရောဂါကာကွယ် ဆေးများကို ကလေးများအပြင် လူကြီးများပါ မဖြစ်မနေထိုးနှံပေး  ထားရန်လိုအပ်ကြောင်း ဆရာဝန် ကြီးများကပြောသည်။

‘‘ဂျပန်ဦးနှောက်ရောင်က တော့ ကျွန်တော်တို့နိုင်ငံအနေနဲ့ မဖြစ်မနေ ထိုးသင့်တယ်။ ခြင် ကိုက်လို့ကူးတာဆိုတော့။ တုပ် ကွေးကလည်း ထိုးဖို့လိုတယ်။ ထိုး သင့်တယ်။ နျူမို ၂၃ လို့ခေါ်တဲ့ ပြင်းထန်အဆုတ်အအေးမိရောဂါ ကာကွယ်ဆေးကလည်း အစိုးရ က ထိုးပေးတာက ကလေးတွေပဲ ထိုးပေးနိုင်သေးတယ်။ ဒါကြောင့် လူကြီးတွေအနေနဲ့ ထိုးထားသင့် တယ်။ ပြီးတော့ကူးစက်မြန် ဦးနှောက်ရောင်တို့၊ တိုက်ဖွိုက်တို့၊ အသည်းရောင်အသားဝါ အေတို့၊ ဘီတို့လည်း ထိုးထားသင့်တယ်’’ ဟု ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းက ပြောကြားသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါ သည် ကျူးလစ်ခြင်ကိုက်ရာမှတစ် ဆင့် ကူးစက်ပြန့်ပွားကာ အသက် ဆုံးရှုံးသည်အထိ အန္တရာယ်ဖြစ် စေနိုင်သဖြင့် အသက် ကိုးလစ၍ ထိုးနှံနိုင်သည်။ အသက်(၁၈) နှစ် အထက် လူကြီးများတွင်ကာကွယ်ဆေးတစ်လုံးသာ ထိုးရမည်ဖြစ်ပြီး ပုဂ္ဂလိကဆေးရုံကြီးများ၌ ငွေကျပ် သုံးသောင်းကျော်ကုန်ကျနိုင်သည်။

ပြင်းထုန်အဆုတ် အအေးမိ ရောဂါမှာ Streptococcus Pneumoniae ဟုခေါ်သော ပိုး ကြောင့်ဖြစ်ကာ ယင်းမှာမြန်မာ နိုင်ငံတွင်အဖြစ်များပြီး နောက် ဆက်တွဲဆိုးကျိုးအဖြစ် ဦးနှောက် အမြှေးရောင်ရောဂါဖြစ်စေသည်။ ယင်းကို အသက်(၂) နှစ်ကစ၍ ထိုးနှံနိုင်ကာ ပုံမှန်အားဖြင့် တစ် ကြိမ်ထိုးနှံလျှင် လုံလောက်ပြီး ငွေကျပ် သုံးသောင်း ကျော်ကုန်ကျနိုင်သည်။

‘‘ပြင်းထန်အဆုတ်အအေးမိ ကကျတော့ သာမန်လူတွေမှာဖြစ်ရင် ကိုယ်ခံအားကရှိတဲ့ အတွက် သိပ်အန္တရာယ်မရှိနိုင်ပေမယ့် အသက်(၆၅) နှစ်အထက်လူကြီးတွေ၊ ဘေလုံးထုတ်ထားတဲ့ လူတွေ၊ HIV လူနာတွေနဲ့ သွေးကင်ဆာလူနာတွေမှာတော့ ဖြစ်ရင်ပိုပြင်းထန်နိုင်တဲ့အတွက် ထိုးထားသင့်တယ်’’ဟု ဒေါက်တာစောဝင်းက တိုက်တွန်းသည်။

တုပ်ကွေး(ရိုးရိုး) ရောဂါသည် မိုးနှင့်ဆောင်းရာသီတွင် အဖြစ် များကာ မိုးရာသီအစ၌ ယင်းကာ ကွယ်ဆေးထိုးနှံထားခြင်းဖြင့် အ ဖြစ်များသော မိုးနှင့်ဆောင်းရာသီ များ၌ ဖြစ်ပွားမှုကို ကာကွယ်နိုင်ပြီး အသက် ခြောက်လနှင့်အထက် ကလေးလူကြီးအားလုံး ထိုးနှံရန် လိုအပ်သည်။သို့သော် ဗိုင်းရပ်စ်ပိုး ၏ဗီဇမှာ နှစ်စဉ်ပြောင်းလဲမှုရှိနေ ခြင်းကြောင့် နှစ်စဉ်ထိုးပေးရန်လို အပ်ပြီး ကလေးတွင်ထိုးနှံပေးပါက ငွေ ကျပ်တစ်သောင်းနှင့် လူကြီးတွင်တစ်သောင်းလေး ထောင်ခန့် ကုန်ကျနိုင်သည်။

ထို့အပြင် ကူးစက်မြန် ဦး နှောက်အမြှေးရောင် ရောဂါကာ ကွယ်ဆေးမှာ အသက် (၂)နှစ်မှ (၅၅)နှစ်ကြားအရွယ်များတွင်တစ် လုံးသာထိုးရန်လိုအပ်ကာငွေကျပ်ကိုးသောင်းကျော်နှင့် အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါကာကွယ်ဆေးမှာ အသက် (၂) နှစ်ကစတင်ထိုးနှံနိုင်ပြီး ငွေကျပ်သုံးသောင်းခန့် ကုန်ကျနိုင်ကြောင်း ပုဂ္ဂလိကဆေးရုံများမှ စုံစမ်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top