Property Expo
×

ပဲခူးတိုင္း၊ ျပည္ၿမိဳ႕က ေတာင္ကုန္းေက်းရြာမွာ ေနထုိင္တဲ့ ကုိေအာင္ေအာင္ဆုိသူနဲ႔ တကၠသိုလ္ေက်ာင္းသူ/သား ႏွစ္ဦးတုိ႔ကုိ ေဆးေျခာက္ထုပ္ေတြနဲ႔အတူ ဖမ္းမိခဲ့ပါတယ္။
ေဒသခံတဦးရဲ႕ သတင္းေပးတိုင္ၾကားခ်က္အရ စက္တင္ဘာလ ၂၀ ရက္ေန႔က ပဲခူးတိုင္း၊ ျပည္ၿမိဳ႕၊ ငါးရြာအုပ္စု၊ ေတာင္ကုန္းေက်းရြာမွာ ေနထိုင္တဲ႔ ကိုေအာင္ေအာင္ (ခ) ေအာင္ေအာင္ခ်စ္ရဲ႕ ေနအိမ္ကို ျပည္ခ႐ိုင္ ရဲတပ္ဖြဲ႔မႉး႐ံုးက ဒုရဲအုပ္လွမင္းနဲ႔ တပ္ဖြဲ႔၀င္ေတြ ၀င္ေရာက္ ရွာေဖြစဥ္မွာ ေဆးေျခာက္ေတြနဲ႔အတူ ဖမ္းမိခဲ့တာပါ၊

ေဆးေျခာက္ ၁၉၈၀ ဂရမ္နဲ႔အတူ သဲကုန္းၿမိဳ႕က လာေရာက္ေက်ာင္းတက္ေနတဲ့ တကၠသိုလ္ေက်ာင္းသူတဦးနဲ႔ ေက်ာင္းသားတဦးတုိ႔ဟာ ရဲတပ္ဖြဲ႔ေတြ ဖမ္းစဥ္မွာ အတူရွိေနတာေၾကာင့္ သူတို႔ ၃ ဦးကုိ ျပည္၊ အမွတ္ ၃ နယ္ေျမရဲစခန္းက မူး/စိတ္/ပုဒ္မ ၁၅/၁၉(က)/ ၂၀(က) နဲ႔ အမႈဖြင့္ အေရးယူေဆာင္ရြက္ေနတယ္လုိ႔ ရဲစခန္းက ေျပာပါတယ္။

ကိုေအာင္ေအာင္ခ်စ္ အိမ္က ဖမ္းမိရတဲ့ပစၥည္းေတြက ပလတ္စတစ္နဲ႔ ထုပ္ထားတဲ႔ အရြက္ အ႐ိုး အေစ့ပါ ေဆးေျခာက္ ၁၉၈၀ ဂရမ္ရွိေသာ အထုပ္ ၂ ထုပ္နဲ႔အတူ ေငြက်ပ္ ၁,၄၁၅,၀၀၀ က်ပ္၊ ေနာက္ ေဆးေျခာက္ခ်ိန္တြယ္ဖုိ႔ အသုံးျပဳတဲ့ ခ်ိန္စက္ ၁ လုံးတို႔ကို သိမ္းဆည္းရမိခဲ့တယ္လို႔ ဆုိပါတယ္။

ေဆးေျခာက္ေတြ လက္ဝယ္ထား႐ွိ သိုေလွာင္ေရာင္းခ်ခဲ့သူ ေအာင္ေအာင္ခ်စ္နဲ႔ အဆိုပါအိမ္မွာ ေရာက္ရွိေနတဲ့ တကၠသုိလ္ေက်ာင္းသား ၂ ဦးတုိ႔ကုိ အမွတ္ (၃) ရဲစခန္း အခ်ဳပ္ခန္းထဲမွာ အခုလက္ရွိ ခ်ဳပ္ေႏွာင္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ပဲခူးတိုင်း၊ ပြည်မြို့က တောင်ကုန်းကျေးရွာမှာ နေထိုင်တဲ့ ကိုအောင်အောင်ဆိုသူနဲ့ တက္ကသိုလ်ကျောင်းသူ/သား နှစ်ဦးတို့ကို ဆေးခြောက်ထုပ်တွေနဲ့အတူ ဖမ်းမိခဲ့ပါတယ်။
ဒေသခံတဦးရဲ့ သတင်းပေးတိုင်ကြားချက်အရ စက်တင်ဘာလ ၂၀ ရက်နေ့က ပဲခူးတိုင်း၊ ပြည်မြို့၊ ငါးရွာအုပ်စု၊ တောင်ကုန်းကျေးရွာမှာ နေထိုင်တဲ့ ကိုအောင်အောင် (ခ) အောင်အောင်ချစ်ရဲ့ နေအိမ်ကို ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲအုပ်လှမင်းနဲ့ တပ်ဖွဲ့ဝင်တွေ ဝင်ရောက် ရှာဖွေစဉ်မှာ ဆေးခြောက်တွေနဲ့အတူ ဖမ်းမိခဲ့တာပါ၊

ဆေးခြောက် ၁၉၈၀ ဂရမ်နဲ့အတူ သဲကုန်းမြို့က လာရောက်ကျောင်းတက်နေတဲ့ တက္ကသိုလ်ကျောင်းသူတဦးနဲ့ ကျောင်းသားတဦးတို့ဟာ ရဲတပ်ဖွဲ့တွေ ဖမ်းစဉ်မှာ အတူရှိနေတာကြောင့် သူတို့ ၃ ဦးကို ပြည်၊ အမှတ် ၃ နယ်မြေရဲစခန်းက မူး/စိတ်/ပုဒ်မ ၁၅/၁၉(က)/ ၂၀(က) နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ ရဲစခန်းက ပြောပါတယ်။

ကိုအောင်အောင်ချစ် အိမ်က ဖမ်းမိရတဲ့ပစ္စည်းတွေက ပလတ်စတစ်နဲ့ ထုပ်ထားတဲ့ အရွက် အရိုး အစေ့ပါ ဆေးခြောက် ၁၉၈၀ ဂရမ်ရှိသော အထုပ် ၂ ထုပ်နဲ့အတူ ငွေကျပ် ၁,၄၁၅,၀၀၀ ကျပ်၊ နောက် ဆေးခြောက်ချိန်တွယ်ဖို့ အသုံးပြုတဲ့ ချိန်စက် ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဆေးခြောက်တွေ လက်ဝယ်ထားရှိ သိုလှောင်ရောင်းချခဲ့သူ အောင်အောင်ချစ်နဲ့ အဆိုပါအိမ်မှာ ရောက်ရှိနေတဲ့ တက္ကသိုလ်ကျောင်းသား ၂ ဦးတို့ကို အမှတ် (၃) ရဲစခန်း အချုပ်ခန်းထဲမှာ အခုလက်ရှိ ချုပ်နှောင်ထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top