Kantharyar Centre
×

                                              ဓာတ္ပံု−စိုင္းေဇာ္

ပစိဖိတ္သမုဒၵရာရဲ႕ ဆန္းျပားတဲ့ ရာသီဥတု
ကမၻာႀကီးေပၚမွာရွိၾကတဲ့ သမုဒၵရာႀကီးငါးခုအနက္ ပစိဖိတ္ သမုဒၵရာဟာ အႀကီးဆံုးသမုဒၵရာ ႀကီးျဖစ္ပါတယ္။ အရြယ္အစား ႀကီးမားလြန္းတာနဲ႔အညီ ဒီသမုဒၵ ရာႀကီးရဲ႕ ရာသီဥတုေတြကလည္း ထူးျခားလွပါတယ္။ ကမၻာေပၚမွာ တစ္ႏွစ္ပတ္လံုး မုန္တုိင္းေတြျဖစ္ တဲ့ သမုဒၵရာ၊ ကမၻာေပၚမွာ မုန္ တိုင္းေတြ အမ်ားဆံုးျဖစ္တတ္တဲ့ သမုဒၵရာ၊ တစ္ႏွစ္တာပတ္လံုး တိုက္ခတ္ေနၿပီး ေလေၾကာင္းမွန္၊ ေလတိုက္ႏႈန္းမွန္တဲ့ ကုန္သည္ ေလေတြ တိုက္ခတ္ေနတဲ့ သမုဒၵ ရာ စသည္ စသည္ျဖင့္ ထူးျခားမႈ ေတြအျပင္ ကမၻာ့ရာသီဥတုေတြ ကို ကေျပာင္းကျပန္ျဖစ္ေအာင္ ျပဳလုပ္တတ္တဲ့ အယ္လ္နီညိဳ- လာနီညာဆိုတဲ့ ပင္လယ္ေပ်ာ္ ေမာင္ႏွမႏွစ္ေယာက္တို႔ အေဆာ့ သန္တဲ့ သမုဒၵရာႀကီးကလည္း ပစိဖိတ္သမုဒၵရာပဲ ျဖစ္ေနပါေတာ့ တယ္။


အေရွ႕အေနာက္ မညီၫြတ္တဲ့ သမုဒၵရာ (အေနာက္ဘက္ပိုင္း ရာသီဥတု)
ပစိဖိတ္သမုဒၵရာရဲ႕ မ်က္ႏွာ ျပင္ ပင္လယ္ေရဖြဲ႕စည္းပံုဟာ အေရွ႕အေနာက္ ထူးျခားေနပါ တယ္။ သမုဒၵရာႀကီး အီေကြတာ ရပ္ဝန္းရဲ႕ အေနာက္ပိုင္းမွာ ေရ ေႏြးေတြနဲ႔ ဖြဲ႕စည္းထားၿပီး အေရွ႕ ပိုင္းမွာေတာ့ ေရေအးေတြနဲ႔ဖြဲ႕ စည္းထားပါတယ္။ အေရွ႕ အ ေနာက္ ေရေအး ေရေႏြး သီးသန္႔ အကန္႔ျခား တည္ရွိေနၾကတယ္။ ဒါကိုအေၾကာင္းျပဳၿပီး ပစိဖိတ္သမုဒၵရာရဲ႕ ရာသီဥတုကလည္း ျဖစ္ေပၚေနရပါတယ္။ ပစိဖိတ္ အေနာက္ပိုင္းမွာ ေရေႏြးေတြက မ်က္ႏွာျပင္ေအာက္ အေတာ္နက္ တဲ့အထိ ရွိေနၾကတဲ့အျပင္ အ ေနာက္ဘက္မွာ မ်က္ႏွာျပင္ အ ျမင့္ ကလည္း အေရွ႕ဘက္ထက္ ႏွစ္ေပခန္႔ ပိုျမင့္ေနပါတယ္။ ဒါကို အေၾကာင္းျပဳၿပီး အေနာက္ဘက္ မွာ ျမင့္ရာမွနိမ့္ရာကို စီးဆင္းတဲ့ ေရေႏြးတန္ျပန္ ေရစီးေၾကာင္း တစ္ခုဟာ အီေကြတာတစ္ ေလွ်ာက္  ျဖစ္ေပၚလာေစပါတယ္။ ဒါေပမဲ့ သာမန္ႏွစ္ေတြမွာ ဒီတန္ ျပန္ ေရေႏြးစီးေၾကာင္းဟာ သမုဒၵရာရဲ႕ အေရွ႕ဘက္အထိ မသြား ႏိုင္ဘဲ အေနာက္ဘက္ကမ္းလြန္ ေလာက္မွာပဲ ကန္႔သတ္တည္ရွိ ေနေလ့ရွိပါတယ္။ အေပၚယံေရ ေႏြးအနက္ အေတာ္နက္တဲ့အထိ ရွိေနတဲ့ အေနာက္ဘက္ပိုင္းမွာ ေရေငြ႔ျပန္ႏႈန္းကလည္း ေကာင္း ေလေတာ့ တိမ္ေတြ၊ မုန္တုိင္းေတြ အျဖစ္မ်ားၿပီး မိုးလည္း သည္း ထန္စြာရြာသြန္းေလ့ရွိတဲ့ ေဒသ ျဖစ္လာပါတယ္။ တစ္ႏွစ္ကို မုန္ တိုင္း ပ်မ္းမွ် ၂၉ လံုးအထိ ျဖစ္တတ္တဲ့ ေဒသျဖစ္ၿပီး တစ္ႏွစ္လံုး လည္း မုန္တုိင္း ေတြမျပတ္တဲ့ ေရျပင္လည္းျဖစ္ လာပါတယ္။ ဒီရာသီဥတု အမ်ဳိးအစားကို အီ ေကြတာရဲ႕ ေတာင္ဘက္က် ႏိုင္ငံျဖစ္တဲ့  ၾသစေၾတးလ်ႏုိင္ငံနဲ႔ ေျမာက္ဘက္က်တဲ့ အေရွ႕ေတာင္ အာရွ ႏိုင္ငံေတြက ခံစားၾကရ တယ္။

အေရွ႕အေနာက္ မညီၫြတ္တဲ့ သမုဒၵရာ(အေရွ႕ဘက္ပိုင္း ရာသီ ဥတု)
ပစိတ္ဖိတ္သမုဒၵရာရဲ႕ အီ ေကြတာရပ္ဝန္း အေရွ႕ဘက္ပိုင္း ရာသီဥတုကေတာ့ အေနာက္ ဘက္ပုိင္းနဲ႕ ဆန္႔က်င္ဘက္ပါပဲ။ အေပၚယံ ေရေႏြးအလႊာအနက္ တိမ္တိမ္ပါးပါးေလးသာရွိလို႔ ေရ ေငြ႕ျပန္႔ႏႈန္းကလည္း နည္းေလ ေတာ့ တိမ္ေတြ၊ မုန္တုိင္းေတြ ကင္းစင္ၿပီး ရာသီဥတုကေအးၿပီး ေျခာက္ေသြ႕တဲ့ရာသီဥတု ရွိေနပါ တယ္။ အေပၚယံေရေႏြးက အေရွ႕ဘက္ပိုင္းမွာ ခပ္တိမ္တိမ္ ခပ္ပါးပါးသာ အနက္ရွိေလေတာ့ ပင္လယ္ေအာက္ အနက္ပိုင္းက ေရေအးေတြဟာ အေပၚပိုင္းက လစ္ဟာသြားတဲ့ ေရေႏြးမ်ားေနရာ ကို အစားထုိးတက္လာလို႔ အေရွ႕ ဘက္ပိုင္းမွာ ေအာက္မွအထက္ ကို ေဒါင္လိုက္ ေထာင္တက္လာ တဲ့ upwelling တစ္ခုကိုလည္း ျဖစ္ေပၚလာေနေစပါတယ္။ ဒီေန ရာမွာ ပင္လယ္ေအာက္အနက္ ပိုင္းက အထက္ကို တက္လာတဲ့ ေရေအးေတြဟာ သူတုိ႔နဲ႔အတူ ဓာတုေအာ္ဂဲနစ္ပစၥည္းေတြကို အထက္ကို သယ္ေဆာင္လာၾက ေလေတာ့ အဲဒီဓာတုပစၥည္းေတြ ဟာ အထက္မ်က္ႏွာျပင္နဲ႔ နီးရာ ကိုေရာက္ေလ ေနေရာင္ျခည္ရရွိ မႈမ်ားေလျဖစ္လာတဲ့အတြက္ ေနေရာင္ျခည္နဲ႔ ဓာတ္ျပဳၾကရာက ျဒပ္ေပါင္းအသစ္ေတြ ရရွိလာေစ ပါတယ္။ အဲဒီျဒပ္ေပါင္းေတြဟာ ငါးစာမ်ား ျဖစ္လာၾကတဲ့အတြက္ ပစိတ္ဖိတ္သမုဒၵရာရဲ႕ အေရွ႕ ဘက္ပိုင္း ေရျပင္ဟာ ငါးေတြ အလြန္ေပါမ်ားတဲ့ ေရျပင္ျဖစ္လာ ပါတယ္။ ျဖစ္ခ်င္ေတာ့ ငါးေတြက လည္း အဖိုးတန္ ငါးေသတၱာလုပ္ တဲ့ sardines ဆိုတဲ့ ငါးေတြျဖစ္ေန ေတာ့ စီးပြားေရးအတြက္ အလြန္ ကိုက္တဲ့ ငါးဖမ္းလုပ္ငန္းေတြ ျဖစ္ ထြန္းလာပါတယ္။ ဒီအက်ဳိးေက်း ဇူးကို အမ်ားဆံုး ခံစားရတဲ့ႏိုင္ငံ ေတြကေတာ့ ေတာင္အေမရိက တိုက္ရဲ႕ အေနာက္ဘက္ကမ္းေျခ ႏိုင္ငံမ်ားျဖစ္ၾကတဲ့ အီေကြေဒါနဲ႔ ပီ႐ူးႏိုင္ငံေတြ ျဖစ္ၾကပါတယ္။ ဒီ ႏိုင္ငံေတြမွာ ငါးဖမ္းလုပ္ငန္းမွ ရရွိတဲ့ဝင္ေငြဟာ ႏွစ္စဥ္ ႏိုင္ငံ့ဂ်ီဒီ ပီရဲ႕ ၂၆ ရာခိုင္ႏႈန္းအထိ အေရးပါ ေနပါတယ္။

ငါးႏွစ္တစ္ႀကိမ္ (သို႔မဟုတ္) ခုနစ္ႏွစ္တစ္ႀကိမ္ ေဖာက္ျပန္မႈ ေတြ ႀကံဳရတတ္တယ္
ပီ႐ူးနဲ႔ အီေကြေဒါေရလုပ္သား ေတြဟာ သူတို႔ရဲ႕ ငါးဖမ္းလုပ္ငန္း မွာ ငါးႏွစ္တစ္ႀကိမ္ (ဒါမွမဟုတ္)ခုနစ္ႏွစ္တစ္ႀကိမ္ဆိုသလို ငါး ေတြရွားသြားတတ္တာကို ေတြ႕ ႀကံဳလာရတတ္တယ္။ အဲဒီလို ႏွစ္ မ်ဳိးေတြဆိုရင္ ငါးေတြဖမ္းမရ ေတာ့တဲ့အတြက္ ဝင္ေငြေတြလည္း ထိခိုက္သြားၾကၿပီး စားဝတ္ေနေရး ေတြပါ က်ပ္တည္းလာၾကရတဲ့ အျပင္ ႏိုင္ငံရဲ႕ ဂ်ီဒီပီလည္း က် ဆင္းသြားတတ္ၾကပါတယ္။ အဲဒီ ျဖစ္စဥ္ေတြျဖစ္တဲ့ ႏွစ္ေတြမွာမ်ား ေသာအားျဖင့္ ခရစၥမတ္ကာလ ေလာက္မွာ ျဖစ္ေလ့ရွိတယ္။ အဲ ဒီလိုႏွစ္မ်ဳိးေတြမွာ ပင္လယ္ေရ ေတြဟာ အရင္တုန္းကလို ေအး မေနဘဲ ေႏြးေနတတ္တဲ့အျပင္ ရာသီဥတုကလည္း ပိုၿပီး စြတ္စို ပူေႏြးလာေလ့ရွိတယ္။ မုန္တုိင္း ေတြလည္း ပိုျဖစ္လာတတ္တယ္။ အဲဒီေရေႏြးေတြဟာ ခရစၥမတ္ ကာလေလာက္မွာ ေရာက္ေရာက္ လာတတ္လို႔ ေဒသခံေရလုပ္သား ေတြက ခရစၥမတ္ကို အစြဲျပဳၿပီး အဂၤလိပ္လို Christ Child ကို သူတို႔ဘာသာ စကား စပိန္ဘာသာ နဲ႔ EI Nino လို႔ အမည္ေပးခဲ့ၾက တယ္။ ပီ႐ူး၊ အီေကြေဒါ ေရလုပ္ သားႀကီးမ်ားက အယ္လ္နီညိဳျဖစ္ စဥ္ေတြကို မွတ္တမ္းတင္လာခဲ့ ၾကတာ ၁၅ ရာစုႏွစ္ကတည္းက ဆိုေတာ့ အခုဆုိ ႏွစ္ေပါင္း ၅၀၀ ေက်ာ္လာခဲ့ၿပီေပါ့။ ဒါေပမဲ့ အဲဒီ အယ္လ္နီညိဳနဲ႔ ရာသီဥတုေဖာက္ ျပန္မႈေတြ ဆက္စပ္မႈရွိေနတယ္ ဆိုတာကိုေတာ့ ၁၉၈၁ ခုႏွစ္ ေရာက္တဲ့အထိ မသိခဲ့ၾကေသးပါ ဘူး။

၁၉၈၂-၁၉၈၃ အယ္လ္နီညိဳ
၁၉၈၂ ခုႏွစ္ ဧၿပီလမွ ၁၉၈၃ ဇြန္လအထိ ၁၄ လတာ ၾကာျမင့္ တဲ့ အယ္လ္နီညိဳျဖစ္ခဲ့ေတာ့ အဲဒီ ေခတ္အခ်ိန္ကေတာ့ အား အေကာင္းဆံုး အယ္လ္နီညိဳျဖစ္ ခဲ့တယ္။ SSTA (Sea Surface Temperature Anomaly) -2.1 C အထိ ပင္လယ္ေရမ်က္ႏွာျပင္ အပူခ်ိန္ေတြ က်ဆင္းခဲ့တယ္။ ကမၻာ့ရာသီဥတုေတြ အဲဒီႏွစ္က ေဖာက္ျပန္လိုက္တာ အလြန္ပူ ျပင္းၿပီး ေျခာက္ေသြ႕တဲ့ ရာသီ ဥတုကို ႀကံဳေတြ႕ခဲ့ၾကရတယ္။ မိုး မရြာဘူးတ့ဲ ေနရာေတြေရႀကီး၊ မုိး မျပတ္ရြာေလ့ရွိတဲ့ ေနရာေတြ မိုး ေခါင္နဲ႔ ရာသီဥတု ကေမာက္ကမ ျဖစ္ခဲ့တဲ့အျပင္ ျဖစ္ေပၚရာေဒသ ေတြကလည္း အာရွ-ပစိဖိတ္ ေဒသေတြ အားလံုးလိုလိုပါပဲ။ အဲဒီမွာ ရာသီဥတုပညာရွင္ေတြက တရားခံ အယ္လ္နီညိဳကို သြားေတြ႕ခဲ့ၾကတယ္။ ေတာင္အေမရိကတိုက္ အေနာက္ဘက္ကမ္းေျခ ပီ႐ူး၊ အီေကြေဒါႏိုင္ငံ ကမ္းေျခေဒသကို ခရစၥမတ္ကာေလာက္မွာ တိုး ဝင္လာတဲ့ ေရေႏြးစီးေၾကာင္း ေတြေၾကာင့္ ကမၻာ့ရာသီဥတုေတြ ေဖာက္ျပန္ေျပာင္းလဲကုန္ရတယ္ ဆိုတာ တကယ္ေတာ့ အသစ္ အဆန္းေတြ႕ရွိမႈပါပဲ။ ဒီျဖစ္စဥ္ကုိ အေၾကာင္းျပဳၿပီး မိုးေလဝသပညာ ရပ္မွာ ဘာသာရပ္အသစ္ႏွစ္ခု ေတာင္ ေပၚထြန္းလာရပါတယ္။ အဲဒါေတြကေတာ့ Air-Sea Inte -raction နဲ႔ Teleconnection ဆိုတဲ့ ဘာသာရပ္ေတြျဖစ္ပါတယ္။

သမုိင္းသစ္တင္ခဲ့တဲ့ ၂၀၁၅-၁၆ အယ္လ္နီညိဳ
၂၀၁၄ ခုႏွစ္ ႏုိဝင္ဘာလမွာ ၂၀၁၆ ေမလအထိ ပစိဖိတ္သမုဒၵ ရာထဲမွာ ၁၉ လၾကာမွ် အယ္လ္နီ ညိဳျဖစ္ခဲ့ျပန္ပါတယ္။ ၂၀၁၅ ဒီဇင္ဘာမွာ အားအေကာင္းဆံုး ျဖစ္ခဲ့ၿပီး SSTA-2.9C အထိ ပင္ လယ္ေရမ်က္ႏွာျပင္အပူခ်ိန္ေတြ က်ဆင္းခဲ့လို႔ ၂၀၁၅-၁၆ အယ္လ္ နီညိဳဟာ အယ္လ္နီညိဳႏွစ္ ၅၀၀ ေက်ာ္ သက္တမ္းသမုိင္းမွာ အင္ အားအေကာင္းဆံုးအျဖစ္ စံခ်ိန္ သစ္ တင္သြားခဲ့ျပန္ပါတယ္။ အာရွ-ပစိဖိတ္ေဒသႏိုင္ငံေတြ အားလံုး ရာသီဥတု ေဖာက္ျပန္မႈ ေတြ ႀကံဳခဲ့ၾကရပါတယ္။ ျမန္မာ ႏိုင္ငံမွာလည္း ၂၀၁၅ ခုႏွစ္ မုိးရာ သီကအစျပဳၿပီး ၂၀၁၆ ခုႏွစ္ မုိးရာ သီအထိ လြန္ကဲေဖာက္ျပန္တဲ့ ရာသီဥတုေဘးေတြ ႀကံဳေတြ႕ခဲ့ရ ပါတယ္။

ေရႀကီးတဲ့ မုိးရာသီ
၂၀၁၅ မုိးရာသီကာလ အတြင္း ျပည္နယ္နဲ႔တုိင္း ၁၂ ခု ေရေဘးဒုကၡႀကံဳေတြ႕ခဲ့ရတယ္။ ႏိုင္ငံသမိုင္းမွာ ဆိုးဆိုးရြားရြား ေရ ႀကီးမႈ ေတြ႕ခဲ့ရတဲ့ ႏွစ္အျဖစ္ မွတ္ တမ္းဝင္သြားခဲ့ပါတယ္။ လူ ၁၀၃ ဦး အသက္ဆံုး႐ံႈးခဲ့ရၿပီး လူတစ္ သန္းခန္႔ ထိခိုက္ခံခဲ့ရပါတယ္။ ဇူလိုင္ ၁၆ ရက္မွ စတင္ကာ သြန္ ခ်သလို ရြာသြန္းခဲ့တဲ့ မုိးသည္း ထန္မႈေၾကာင့္ လယ္ယာစိုက္ကြင္း မ်ား၊ လမ္းမ်ား၊ ရထားလမ္းမ်ား၊ တံတားမ်ား၊ လူေနအိမ္မ်ား ေမ်ာ ပါပ်က္စီးခဲ့ရသျဖင့္ ဇူလိုင္ ၃၀ ရက္ေန႔တြင္ ခ်င္းျပည္နယ္၊ ရခိုင္ ျပည္နယ္၊ စစ္ကိုင္းတိုင္းနဲ႔ မေကြး တိုင္းတို႔ကို အေရးေပၚအေျခ အေန (State of Emergency) ကို ႏိုင္ငံေတာ္က ေၾကညာခဲ့ရပါ တယ္။ လယ္ယာေျမဧက ၁ ဒသမ ၂၉သန္းေက်ာ္ ေရနစ္ျမဳပ္ခံ ရၿပီး ဧက ၆၈၇,၂၀၀ ပ်က္စီးဆံုး ႐ံႈးခဲ့ရပါတယ္။ လူေနအိမ္ရာ ေပါင္း ၁၅,၂၃၉ လံုး ပ်က္စီးဆံုး႐ံႈး ခဲ့ရပါတယ္။

ေအးခဲတဲ့ေဆာင္းရာသီ
၂၀၁၅-၁၆ ေဆာင္းရာသီ ေရာက္ေတာ့ အာရွအေရွ႕ပိုင္းမွာ အလြန္ေအးခဲေနတဲ့ ေဆာင္းနဲ႔ ႀကံဳေတြ႕ရျပန္တယ္။ တိုင္ေပ၊ ေဟာင္ေကာင္၊ တ႐ုတ္၊ ကိုရီး ယား၊ ဂ်ပန္ စတဲ့ႏိုင္ငံေတြမွာ ျမစ္ ေတြ၊ ေခ်ာင္းေတြ ေအးခဲသြားရတဲ့ အထိ အေအးလြန္ကဲခဲ့တယ္။

ပူျပင္းတဲ့ေႏြရာသီ
၂၀၁၆ ေႏြေရာက္ေတာ့ အလြန္ပူျပင္းတဲ့  ေႏြရာသီကို အာရွတိုက္ေတာင္ပိုင္းတစ္ခုလံုး ႀကံဳေတြ႕ၾကရျပန္တယ္။ ျမန္မာ ႏိုင္ငံမွာ အျမင့္ဆံုးေန႔အပူခ်ိန္ စံခ်ိန္သစ္တင္ခဲ့တဲ့ ၿမိဳ႕ေပါင္း ၄၀ နီးပါး ရွိခဲ့တယ္။ ပူျပင္းတဲ့ေႏြရာသီ ေၾကာင့္ Heat Stroke ရၿပီး အသက္ဆံုး႐ံႈးသူေတြ ရွိခဲ့တယ္။ အလြန္ပူျပင္းတ့ဲအျပင္ မိုးရြာသြန္း မႈလည္း ေလ်ာ့နည္းခဲ့လို႔ ပူျပင္း ေျခာက္ေသြ႕တဲ့ ရာသီျဖစ္ေစခဲ့ တယ္။

စိုက္ပ်ဳိးေရ၊ ေသာက္သံုးေရ ရွားပါးတဲ့ေႏြ
အဲဒါေၾကာင့္ ၂၀၁၆ ေႏြရာ သီကာလမွာ ေရရွားပါးမႈနဲ႔ မီး ေလာင္မႈေတြ ေၾကာက္ခမန္းလိလိ ျမင့္တက္ခဲ့တယ္။ ေက်းလက္ဦး စီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ အယ္လ္နီညိဳေၾကာင့္ ေရျပတ္ လပ္ႏိုင္မယ့္ ေဒသ ၂၀၁၅ ထက္ သံုးဆေက်ာ္ ပိုမ်ားခဲ့ပါတယ္။ ၿမိဳ႕ နယ္ေပါင္း ၁၇၃ ၿမိဳ႕နယ္၊ ေက်း ရြာေပါင္း ၁၇၅၈ ရြာ ေရျပတ္လပ္ မႈအႏၲရာယ္ ႀကံဳေတြ႕ခဲ့ရပါတယ္။ ၂၀၁၆ အတြင္း ျဖစ္ေပၚခဲ့တဲ့ ေရ ရွားပါးမႈဟာ ေဆာင္းရာသီကာလ ျဖစ္တဲ့ ဇန္နဝါရီကတည္းက အေစာႀကီး စတင္ျဖစ္ခဲ့တဲ့အျပင္ ဧရာဝတီတိုင္း သာေပါင္းၿမိဳ႕နယ္ မွာ အဝီစိတြင္းတူးတာေတြ ေရ မထြက္ေတာ့တဲ့အျပင္ ေက်းရြာ အခ်ဳိ႕မွာ ေသာက္သံုးေရပါ ရွား ပါးလို႔ လယ္ကြင္းထဲက ေရကိုပင္ ခပ္ေသာက္ရတဲ့အထိ ျဖစ္ခဲ့တယ္။

ေန႔တိုင္း မီးေလာင္ေနတဲ့ေႏြ
မီးေလာင္တာလည္း ေႏြရာ သီတစ္ခုလံုး ေန႔တိုင္းလိုလုိ ေန ရာအႏွံ႔ ေလာင္ေနခဲ့တယ္။ အယ္လ္နီညိဳဟာ ပူျပင္းေျခာက္ ေသြ႕တဲ့ ရာသီဥတုကို ျဖစ္ေစ တတ္တဲ့အတြက္ မီးေလာင္ျခင္း ကို အားေပးတာေၾကာင့္ မီးေလာင္ မႈေတြ အလြယ္တကူ ျဖစ္ေစခဲ့ တယ္။ ထူးျခားတာက သဘာဝ အရ မီးေလာင္မႈေတြအျပင္ ႐ိႈ႕မီးေတြေၾကာင့္လည္း မီးေလာင္တာ ေတြလည္း မ်ားခဲ့တယ္။ မီးသတ္ ဦးစီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ၂၀၁၆ ဧၿပီ ၃၀ ရက္အတြင္း အႀကိမ္ေပါင္း ၈၀၀ ေက်ာ္ မီး ေလာင္ကြၽမ္းခံခဲ့ရၿပီး ဆံုး႐ံႈးမႈတန္ ဖိုိး က်ပ္ေငြ သန္းေပါင္း ၃၅,၀၀၀ ခန္႔ ရွိခဲ့ၿပီးျဖစ္ပါတယ္။

က်န္းမာေရးက႑ ထိခုိက္မႈေတြ
အယ္လ္နီညိဳရဲ႕ ပူျပင္း ေျခာက္ေသြ႕တဲ့ ရာသီဥတုေၾကာင့္ ၂၀၁၅ ေႏြရာသီကာလကတည္း က စတင္ကာ ပူျပင္းေျခာက္ေသြ႕ မႈဒဏ္ကို ဆိုးဆိုးရြားရြား ခံစားၾက ရတဲ့ ႏိုင္ငံေတြထဲမွာ ဘရာဇီးႏုိင္ငံ ဟာ အဆုိးဆံုးျဖစ္ခဲ့တယ္။ ဘရာဇီးႏိုင္ငံသမုိင္းမွာ ႏွစ္ ၅၀ အတြင္း အပူျပင္း အေျခာက္ေသြ႕ဆံုးျဖစ္ ခဲ့တယ္။  အဲဒါေၾကာင့္ ဘရာဇီးႏိုင္ငံမွအစျပဳၿပီး ကမၻာေပၚမွာ လံုးဝ မေပၚေပါက္ဖူးေသးတဲ့ ဗိုင္းရပ္စ္အသစ္တစ္မ်ဳိး စတင္ ေပါက္ဖြားလာခဲ့တယ္။ သူ႔ကို ဇီ ကာ (ZIKA Virus) လို႔ေခၚတယ္။ ကမၻာေပၚမွာ အရင္က မေပၚ ေပါက္ဖူးေသးတဲ့ ဗိုင္းရပ္စ္မို႔ ကုရာေဆးကလည္း မရွိေသး ဘူးေပါ့။ ဒီေရာဂါဗိုင္းရပ္စ္ ကူး စက္ခံရတဲ့သူဟာ သာမန္အား ျဖင့္ တုပ္ေကြးေရာဂါလကၡဏာ ေတြ ခံစားၾကရတယ္။ ဒါေပမဲ့ ကိုယ္ဝန္ေဆာင္ထားတဲ့ အမ်ဳိး သမီးေတြ ကူးစက္ခံရရင္ေတာ့ ေမြးဖြားလာတဲ့ ကေလးေတြဟာ ဉာဏ္ရည္မမီတဲ့ ဦးေခါင္းေသး ေရာဂါနဲ႔ ေမြးဖြားလာတတ္ၾက တယ္။ ဘရာဇီးႏိုင္ငံမွာ ဇီကာ ဗိုင္းရပ္စ္ေရာဂါ ကူးစက္ခံရတဲ့သူ ေပါင္း ၁၃၀,၀၀၀ ခန္႔ရွိေနၿပီ။ ဘရာဇီးလ္ က်န္းမာေရးဝန္ႀကီး ဌာနရဲ႕ ၂၀၁၆ မတ္လ ၂၉၊ ထုတ္ ျပန္ခ်က္အရ ဘရာဇီးႏိုင္ငံတြင္ ဦးေခါင္းေသး ေမြးဖြားလာေသာ ကေလးငယ္ ၅,၂၃၅ ဦးရွိေနၿပီျဖစ္ ပါတယ္။ ဇီကာဗိုင္းရပ္စ္ပိုးဟာ ယခုအခါ ႏိုင္ငံေပါင္း ၂၇ ႏိုင္ငံကို ကူးစက္ပ်ံ႕ႏွံ႔ေနၿပီ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံနဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြ ျဖစ္ၾကတဲ့ ထုိင္း၊ လာအုိ၊ ဗီယက္ နမ္၊ တ႐ုတ္၊ စင္ကာပူႏိုင္ငံေတြ မွာ ဇီကာဗိုင္းရပ္စ္ ကူးစက္ခံရသူ မ်ားကို စမ္းသပ္ေတြ႕ရွိေနရၿပီျဖစ္ ပါတယ္။ ပူျပင္းတဲ့ ေႏြရာသီ ေၾကာင့္ ျပည္သူ႔က်န္းမာေရးဦးစီး ဌာနရဲ႕ မတ္လ ၁၄ ရက္ေန႔ ထုတ္ ျပန္ခ်က္အရ သာစည္ၿမိဳ႕နယ္တြင္ ျခင္ကိုက္ရာမွ ျဖစ္ေပၚလာသည့္ ဦးေႏွာက္  အေျမႇးေရာင္ေရာဂါ  Neisseria Meningitidis (နပ္စရီး ယား မန္နင္ဂ်ဴတိုက္ဒက္စ္)  ကူး စက္ေရာဂါေၾကာင့္ ကေလးငယ္ ရွစ္ဦး ဆက္တိုက္ေသဆံုးၿပီး ရန္ ကုန္တြင္ ႏွစ္ဦး ေသဆံုးခဲ့ရပါ တယ္။

စိုက္ပ်ဳိးေရးက႑ ထိခိုက္မႈေတြ
ပူျပင္းေျခာက္ေသြ႕တဲ့ အယ္ လ္နီညိဳရာသီဥတုေၾကာင့္ စိုက္ ပ်ဳိးသီးနွံအထြက္မ်ားလည္း ေလ်ာ့ က်ခဲ့ရပါတယ္။ FAO ရဲ႕ ၂၀၁၅ ခုႏွစ္အစီရင္ခံစာအရ ဆန္စပါးေစ်းႏႈန္းဟာ ဇြန္လမွ ေအာက္တိုဘာအတြင္း ၃၈ ဒသမ ၄၃ ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့ပါတယ္။ သီးႏွံအထြက္ ေလ်ာ့က်တဲ့အတြက္  စားနပ္ရိကၡာေစ်းႏႈန္းမ်ား ျမင့္တက္ခဲ့ရတဲ့အျပင္ စားနပ္ ရိကၡာ လံုၿခံဳမႈကိုပါ ထိခိုက္လာ ေစခဲ့ပါတယ္။ ေရႀကီးျခင္း၊ မိုး ေခါင္ျခင္း စတာေတြျဖစ္ေပၚေစခဲ့ တဲ့အတြက္ ေတာင္သူလယ္သမား မ်ားအေနနဲ႔ လယ္ယာလုပ္ငန္း မ်ား က်ဆံုးတဲ့ ေနာက္ထပ္တစ္ႏွစ္ အျဖစ္ ၂၀၁၅ ကို ႀကံဳေတြ႕ေစခဲ့ရ ပါတယ္။ ေရနဲ႔ပတ္သက္တဲ့ ေရာ ဂါဘယမ်ားလည္း ထူေျပာေစခဲ့ ပါတယ္။ ဆန္ေစ်းႏႈန္းဟာလည္း ၂၀၁၆ ဧၿပီမွာ တစ္ျပည္ ၁,၅၀၀ က်ပ္မွ ၅,၀၀၀ က်ပ္အထိ ျမင့္ တက္သြားခဲ့ပါတယ္။

အယ္လ္နီညိဳေၾကာင့္ ပ်က္စီးဆံုး႐ံႈးရမႈေတြ
ၿပီးခဲ့တဲ့ ၂၀၁၅ က ျပင္းထန္ တဲ့ အယ္လ္နီညိဳ ရာသီဥတု ေၾကာင့္ တ႐ုတ္၊ အေမရိကန္ ျပည္ေထာင္စု၊ အိႏၵိယ၊ ဖိလစ္ပိုင္၊အင္ဒိုနီးရွားႏိုင္ငံေတြမွာ အပူခ်ိန္ ေတြ စံခ်ိန္တင္ေအာင္ ျမင့္တက္ ခဲ့ရာမွ ရာသီဥတုျပင္းထန္မႈ ေၾကာင့္ လူေပါင္း ၂၂,၇၃၁ ဦး အသက္ဆံုး႐ံႈးခဲ့ရၿပီး ေငြေၾကးဆံုး ႐ံႈးရမႈမွာ အေမရိကန္ေဒၚလာ ၆၆ ဒသမ ၅ ဘီလီယံအထိ ရွိခဲ့ပါ တယ္။

ညိဳၿပီးေတာ့ ညာဦးမယ္
၂၀၁၅-၁၆ အယ္လ္နီညိဳ ဟာ ၂၀၁၆ ေမလမွာ ၿပီးဆံုးခဲ့ၿပီ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ပစိဖိတ္သမုဒၵရာဟာ ၾကားေနရာ သီဥတုျဖစ္ေနၿပီး   လာမယ့္ ေအာက္တိုဘာကစတင္ကာ လာနီညာရာသီဥတုျဖစ္ဦးမယ္လို႔ ခန္႔ မွန္းထားပါတယ္။ ဒါေပမဲ့ လာနီ ညာျဖစ္ဖို႔ ခန္႔မွန္းတြက္ခ်က္ရာမွာ ျဖစ္ဖို႔အလားအလာဟာ ၿပီးခဲ့တဲ့ ေမလတုန္းက ၇၀ ရာခိုင္ႏႈန္းအထိ ရွိခဲ့ေပမယ့္ ၾသဂုတ္လမွာေတာ့ ၅၅-၆၀ ရာခိုင္ႏႈန္းအထိ ေလ်ာ့ က်လာေနပါတယ္။ ဒါဟာ လာနီ ညာမျဖစ္ေတာ့ဘူးလို႔ ဆိုလိုရင္း မဟုတ္ဘဲ လာနီညာအင္အားဟာ ေမွ်ာ္လင့္သေလာက္ အားေကာင္း ခ်င္မွ ေကာင္းလိမ့္မယ္လို႔ ဆိုလို ရင္းျဖစ္ပါတယ္။

ဘာပဲေျပာေျပာ လာနီညာ ျဖစ္လာခဲ့ရင္ေတာ့ ျမန္မာႏိုင္ငံမွာ ေအးၿပီး စြတ္စိုတဲ့ ရာသီဥတုကို ႀကံဳေတြ႕လာေစမွာျဖစ္ပါတယ္။ လာနီညာႏွစ္ေတြမွာ အေအးလိႈင္း ဒဏ္၊ ေရႀကီးမႈေဘးဒဏ္၊ မုန္ တိုင္းအႏၲရာယ္ စတာေတြ ႀကံဳေတြ႕ရတတ္တာေၾကာင့္ လာနီညာရာသီ ဥတုကိုေတာ့ ၂၀၁၇ ဇြန္လအထိ အခိ်န္နဲ႔တစ္ေျပးညီ သတိရွိၾကဖို႔ လိုပါလိမ့္ဦးမယ္ ဆိုတာ ႀကိဳႀကိဳတင္တင္ အသိေပး လိုက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဓာတ်ပုံ−စိုင်းဇော်

ပစိဖိတ်သမုဒ္ဒရာရဲ့ ဆန်းပြားတဲ့ ရာသီဥတု
ကမ္ဘာကြီးပေါ်မှာရှိကြတဲ့ သမုဒ္ဒရာကြီးငါးခုအနက် ပစိဖိတ် သမုဒ္ဒရာဟာ အကြီးဆုံးသမုဒ္ဒရာ ကြီးဖြစ်ပါတယ်။ အရွယ်အစား ကြီးမားလွန်းတာနဲ့အညီ ဒီသမုဒ္ဒ ရာကြီးရဲ့ ရာသီဥတုတွေကလည်း ထူးခြားလှပါတယ်။ ကမ္ဘာပေါ်မှာ တစ်နှစ်ပတ်လုံး မုန်တိုင်းတွေဖြစ် တဲ့ သမုဒ္ဒရာ၊ ကမ္ဘာပေါ်မှာ မုန် တိုင်းတွေ အများဆုံးဖြစ်တတ်တဲ့ သမုဒ္ဒရာ၊ တစ်နှစ်တာပတ်လုံး တိုက်ခတ်နေပြီး လေကြောင်းမှန်၊ လေတိုက်နှုန်းမှန်တဲ့ ကုန်သည် လေတွေ တိုက်ခတ်နေတဲ့ သမုဒ္ဒ ရာ စသည် စသည်ဖြင့် ထူးခြားမှု တွေအပြင် ကမ္ဘာ့ရာသီဥတုတွေ ကို ကပြောင်းကပြန်ဖြစ်အောင် ပြုလုပ်တတ်တဲ့ အယ်လ်နီညို- လာနီညာဆိုတဲ့ ပင်လယ်ပျော် မောင်နှမနှစ်ယောက်တို့ အဆော့ သန်တဲ့ သမုဒ္ဒရာကြီးကလည်း ပစိဖိတ်သမုဒ္ဒရာပဲ ဖြစ်နေပါတော့ တယ်။


အရှေ့အနောက် မညီညွတ်တဲ့ သမုဒ္ဒရာ (အနောက်ဘက်ပိုင်း ရာသီဥတု)
ပစိဖိတ်သမုဒ္ဒရာရဲ့ မျက်နှာ ပြင် ပင်လယ်ရေဖွဲ့စည်းပုံဟာ အရှေ့အနောက် ထူးခြားနေပါ တယ်။ သမုဒ္ဒရာကြီး အီကွေတာ ရပ်ဝန်းရဲ့ အနောက်ပိုင်းမှာ ရေ နွေးတွေနဲ့ ဖွဲ့စည်းထားပြီး အရှေ့ ပိုင်းမှာတော့ ရေအေးတွေနဲ့ဖွဲ့ စည်းထားပါတယ်။ အရှေ့ အ နောက် ရေအေး ရေနွေး သီးသန့် အကန့်ခြား တည်ရှိနေကြတယ်။ ဒါကိုအကြောင်းပြုပြီး ပစိဖိတ်သမုဒ္ဒရာရဲ့ ရာသီဥတုကလည်း ဖြစ်ပေါ်နေရပါတယ်။ ပစိဖိတ် အနောက်ပိုင်းမှာ ရေနွေးတွေက မျက်နှာပြင်အောက် အတော်နက် တဲ့အထိ ရှိနေကြတဲ့အပြင် အ နောက်ဘက်မှာ မျက်နှာပြင် အ မြင့် ကလည်း အရှေ့ဘက်ထက် နှစ်ပေခန့် ပိုမြင့်နေပါတယ်။ ဒါကို အကြောင်းပြုပြီး အနောက်ဘက် မှာ မြင့်ရာမှနိမ့်ရာကို စီးဆင်းတဲ့ ရေနွေးတန်ပြန် ရေစီးကြောင်း တစ်ခုဟာ အီကွေတာတစ် လျှောက်  ဖြစ်ပေါ်လာစေပါတယ်။ ဒါပေမဲ့ သာမန်နှစ်တွေမှာ ဒီတန် ပြန် ရေနွေးစီးကြောင်းဟာ သမုဒ္ဒရာရဲ့ အရှေ့ဘက်အထိ မသွား နိုင်ဘဲ အနောက်ဘက်ကမ်းလွန် လောက်မှာပဲ ကန့်သတ်တည်ရှိ နေလေ့ရှိပါတယ်။ အပေါ်ယံရေ နွေးအနက် အတော်နက်တဲ့အထိ ရှိနေတဲ့ အနောက်ဘက်ပိုင်းမှာ ရေငွေ့ပြန်နှုန်းကလည်း ကောင်း လေတော့ တိမ်တွေ၊ မုန်တိုင်းတွေ အဖြစ်များပြီး မိုးလည်း သည်း ထန်စွာရွာသွန်းလေ့ရှိတဲ့ ဒေသ ဖြစ်လာပါတယ်။ တစ်နှစ်ကို မုန် တိုင်း ပျမ်းမျှ ၂၉ လုံးအထိ ဖြစ်တတ်တဲ့ ဒေသဖြစ်ပြီး တစ်နှစ်လုံး လည်း မုန်တိုင်း တွေမပြတ်တဲ့ ရေပြင်လည်းဖြစ် လာပါတယ်။ ဒီရာသီဥတု အမျိုးအစားကို အီ ကွေတာရဲ့ တောင်ဘက်ကျ နိုင်ငံဖြစ်တဲ့  သြစတြေးလျနိုင်ငံနဲ့ မြောက်ဘက်ကျတဲ့ အရှေ့တောင် အာရှ နိုင်ငံတွေက ခံစားကြရ တယ်။

အရှေ့အနောက် မညီညွတ်တဲ့ သမုဒ္ဒရာ(အရှေ့ဘက်ပိုင်း ရာသီ ဥတု)
ပစိတ်ဖိတ်သမုဒ္ဒရာရဲ့ အီ ကွေတာရပ်ဝန်း အရှေ့ဘက်ပိုင်း ရာသီဥတုကတော့ အနောက် ဘက်ပိုင်းနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အပေါ်ယံ ရေနွေးအလွှာအနက် တိမ်တိမ်ပါးပါးလေးသာရှိလို့ ရေ ငွေ့ပြန့်နှုန်းကလည်း နည်းလေ တော့ တိမ်တွေ၊ မုန်တိုင်းတွေ ကင်းစင်ပြီး ရာသီဥတုကအေးပြီး ခြောက်သွေ့တဲ့ရာသီဥတု ရှိနေပါ တယ်။ အပေါ်ယံရေနွေးက အရှေ့ဘက်ပိုင်းမှာ ခပ်တိမ်တိမ် ခပ်ပါးပါးသာ အနက်ရှိလေတော့ ပင်လယ်အောက် အနက်ပိုင်းက ရေအေးတွေဟာ အပေါ်ပိုင်းက လစ်ဟာသွားတဲ့ ရေနွေးများနေရာ ကို အစားထိုးတက်လာလို့ အရှေ့ ဘက်ပိုင်းမှာ အောက်မှအထက် ကို ဒေါင်လိုက် ထောင်တက်လာ တဲ့ upwelling တစ်ခုကိုလည်း ဖြစ်ပေါ်လာနေစေပါတယ်။ ဒီနေ ရာမှာ ပင်လယ်အောက်အနက် ပိုင်းက အထက်ကို တက်လာတဲ့ ရေအေးတွေဟာ သူတို့နဲ့အတူ ဓာတုအော်ဂဲနစ်ပစ္စည်းတွေကို အထက်ကို သယ်ဆောင်လာကြ လေတော့ အဲဒီဓာတုပစ္စည်းတွေ ဟာ အထက်မျက်နှာပြင်နဲ့ နီးရာ ကိုရောက်လေ နေရောင်ခြည်ရရှိ မှုများလေဖြစ်လာတဲ့အတွက် နေရောင်ခြည်နဲ့ ဓာတ်ပြုကြရာက ဒြပ်ပေါင်းအသစ်တွေ ရရှိလာစေ ပါတယ်။ အဲဒီဒြပ်ပေါင်းတွေဟာ ငါးစာများ ဖြစ်လာကြတဲ့အတွက် ပစိတ်ဖိတ်သမုဒ္ဒရာရဲ့ အရှေ့ ဘက်ပိုင်း ရေပြင်ဟာ ငါးတွေ အလွန်ပေါများတဲ့ ရေပြင်ဖြစ်လာ ပါတယ်။ ဖြစ်ချင်တော့ ငါးတွေက လည်း အဖိုးတန် ငါးသေတ္တာလုပ် တဲ့ sardines ဆိုတဲ့ ငါးတွေဖြစ်နေ တော့ စီးပွားရေးအတွက် အလွန် ကိုက်တဲ့ ငါးဖမ်းလုပ်ငန်းတွေ ဖြစ် ထွန်းလာပါတယ်။ ဒီအကျိုးကျေး ဇူးကို အများဆုံး ခံစားရတဲ့နိုင်ငံ တွေကတော့ တောင်အမေရိက တိုက်ရဲ့ အနောက်ဘက်ကမ်းခြေ နိုင်ငံများဖြစ်ကြတဲ့ အီကွေဒေါနဲ့ ပီရူးနိုင်ငံတွေ ဖြစ်ကြပါတယ်။ ဒီ နိုင်ငံတွေမှာ ငါးဖမ်းလုပ်ငန်းမှ ရရှိတဲ့ဝင်ငွေဟာ နှစ်စဉ် နိုင်ငံ့ဂျီဒီ ပီရဲ့ ၂၆ ရာခိုင်နှုန်းအထိ အရေးပါ နေပါတယ်။

ငါးနှစ်တစ်ကြိမ် (သို့မဟုတ်) ခုနစ်နှစ်တစ်ကြိမ် ဖောက်ပြန်မှု တွေ ကြုံရတတ်တယ်
ပီရူးနဲ့ အီကွေဒေါရေလုပ်သား တွေဟာ သူတို့ရဲ့ ငါးဖမ်းလုပ်ငန်း မှာ ငါးနှစ်တစ်ကြိမ် (ဒါမှမဟုတ်)ခုနစ်နှစ်တစ်ကြိမ်ဆိုသလို ငါး တွေရှားသွားတတ်တာကို တွေ့ ကြုံလာရတတ်တယ်။ အဲဒီလို နှစ် မျိုးတွေဆိုရင် ငါးတွေဖမ်းမရ တော့တဲ့အတွက် ဝင်ငွေတွေလည်း ထိခိုက်သွားကြပြီး စားဝတ်နေရေး တွေပါ ကျပ်တည်းလာကြရတဲ့ အပြင် နိုင်ငံရဲ့ ဂျီဒီပီလည်း ကျ ဆင်းသွားတတ်ကြပါတယ်။ အဲဒီ ဖြစ်စဉ်တွေဖြစ်တဲ့ နှစ်တွေမှာများ သောအားဖြင့် ခရစ္စမတ်ကာလ လောက်မှာ ဖြစ်လေ့ရှိတယ်။ အဲ ဒီလိုနှစ်မျိုးတွေမှာ ပင်လယ်ရေ တွေဟာ အရင်တုန်းကလို အေး မနေဘဲ နွေးနေတတ်တဲ့အပြင် ရာသီဥတုကလည်း ပိုပြီး စွတ်စို ပူနွေးလာလေ့ရှိတယ်။ မုန်တိုင်း တွေလည်း ပိုဖြစ်လာတတ်တယ်။ အဲဒီရေနွေးတွေဟာ ခရစ္စမတ် ကာလလောက်မှာ ရောက်ရောက် လာတတ်လို့ ဒေသခံရေလုပ်သား တွေက ခရစ္စမတ်ကို အစွဲပြုပြီး အင်္ဂလိပ်လို Christ Child ကို သူတို့ဘာသာ စကား စပိန်ဘာသာ နဲ့ EI Nino လို့ အမည်ပေးခဲ့ကြ တယ်။ ပီရူး၊ အီကွေဒေါ ရေလုပ် သားကြီးများက အယ်လ်နီညိုဖြစ် စဉ်တွေကို မှတ်တမ်းတင်လာခဲ့ ကြတာ ၁၅ ရာစုနှစ်ကတည်းက ဆိုတော့ အခုဆို နှစ်ပေါင်း ၅၀၀ ကျော်လာခဲ့ပြီပေါ့။ ဒါပေမဲ့ အဲဒီ အယ်လ်နီညိုနဲ့ ရာသီဥတုဖောက် ပြန်မှုတွေ ဆက်စပ်မှုရှိနေတယ် ဆိုတာကိုတော့ ၁၉၈၁ ခုနှစ် ရောက်တဲ့အထိ မသိခဲ့ကြသေးပါ ဘူး။

၁၉၈၂-၁၉၈၃ အယ်လ်နီညို
၁၉၈၂ ခုနှစ် ဧပြီလမှ ၁၉၈၃ ဇွန်လအထိ ၁၄ လတာ ကြာမြင့် တဲ့ အယ်လ်နီညိုဖြစ်ခဲ့တော့ အဲဒီ ခေတ်အချိန်ကတော့ အား အကောင်းဆုံး အယ်လ်နီညိုဖြစ် ခဲ့တယ်။ SSTA (Sea Surface Temperature Anomaly) -2.1 C အထိ ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေ ကျဆင်းခဲ့တယ်။ ကမ္ဘာ့ရာသီဥတုတွေ အဲဒီနှစ်က ဖောက်ပြန်လိုက်တာ အလွန်ပူ ပြင်းပြီး ခြောက်သွေ့တဲ့ ရာသီ ဥတုကို ကြုံတွေ့ခဲ့ကြရတယ်။ မိုး မရွာဘူးတဲ့ နေရာတွေရေကြီး၊ မိုး မပြတ်ရွာလေ့ရှိတဲ့ နေရာတွေ မိုး ခေါင်နဲ့ ရာသီဥတု ကမောက်ကမ ဖြစ်ခဲ့တဲ့အပြင် ဖြစ်ပေါ်ရာဒေသ တွေကလည်း အာရှ-ပစိဖိတ် ဒေသတွေ အားလုံးလိုလိုပါပဲ။ အဲဒီမှာ ရာသီဥတုပညာရှင်တွေက တရားခံ အယ်လ်နီညိုကို သွားတွေ့ခဲ့ကြတယ်။ တောင်အမေရိကတိုက် အနောက်ဘက်ကမ်းခြေ ပီရူး၊ အီကွေဒေါနိုင်ငံ ကမ်းခြေဒေသကို ခရစ္စမတ်ကာလောက်မှာ တိုး ဝင်လာတဲ့ ရေနွေးစီးကြောင်း တွေကြောင့် ကမ္ဘာ့ရာသီဥတုတွေ ဖောက်ပြန်ပြောင်းလဲကုန်ရတယ် ဆိုတာ တကယ်တော့ အသစ် အဆန်းတွေ့ရှိမှုပါပဲ။ ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး မိုးလေဝသပညာ ရပ်မှာ ဘာသာရပ်အသစ်နှစ်ခု တောင် ပေါ်ထွန်းလာရပါတယ်။ အဲဒါတွေကတော့ Air-Sea Inte -raction နဲ့ Teleconnection ဆိုတဲ့ ဘာသာရပ်တွေဖြစ်ပါတယ်။

သမိုင်းသစ်တင်ခဲ့တဲ့ ၂၀၁၅-၁၆ အယ်လ်နီညို
၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ ၂၀၁၆ မေလအထိ ပစိဖိတ်သမုဒ္ဒ ရာထဲမှာ ၁၉ လကြာမျှ အယ်လ်နီ ညိုဖြစ်ခဲ့ပြန်ပါတယ်။ ၂၀၁၅ ဒီဇင်ဘာမှာ အားအကောင်းဆုံး ဖြစ်ခဲ့ပြီး SSTA-2.9C အထိ ပင် လယ်ရေမျက်နှာပြင်အပူချိန်တွေ ကျဆင်းခဲ့လို့ ၂၀၁၅-၁၆ အယ်လ် နီညိုဟာ အယ်လ်နီညိုနှစ် ၅၀၀ ကျော် သက်တမ်းသမိုင်းမှာ အင် အားအကောင်းဆုံးအဖြစ် စံချိန် သစ် တင်သွားခဲ့ပြန်ပါတယ်။ အာရှ-ပစိဖိတ်ဒေသနိုင်ငံတွေ အားလုံး ရာသီဥတု ဖောက်ပြန်မှု တွေ ကြုံခဲ့ကြရပါတယ်။ မြန်မာ နိုင်ငံမှာလည်း ၂၀၁၅ ခုနှစ် မိုးရာ သီကအစပြုပြီး ၂၀၁၆ ခုနှစ် မိုးရာ သီအထိ လွန်ကဲဖောက်ပြန်တဲ့ ရာသီဥတုဘေးတွေ ကြုံတွေ့ခဲ့ရ ပါတယ်။

ရေကြီးတဲ့ မိုးရာသီ
၂၀၁၅ မိုးရာသီကာလ အတွင်း ပြည်နယ်နဲ့တိုင်း ၁၂ ခု ရေဘေးဒုက္ခကြုံတွေ့ခဲ့ရတယ်။ နိုင်ငံသမိုင်းမှာ ဆိုးဆိုးရွားရွား ရေ ကြီးမှု တွေ့ခဲ့ရတဲ့ နှစ်အဖြစ် မှတ် တမ်းဝင်သွားခဲ့ပါတယ်။ လူ ၁၀၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီး လူတစ် သန်းခန့် ထိခိုက်ခံခဲ့ရပါတယ်။ ဇူလိုင် ၁၆ ရက်မှ စတင်ကာ သွန် ချသလို ရွာသွန်းခဲ့တဲ့ မိုးသည်း ထန်မှုကြောင့် လယ်ယာစိုက်ကွင်း များ၊ လမ်းများ၊ ရထားလမ်းများ၊ တံတားများ၊ လူနေအိမ်များ မျော ပါပျက်စီးခဲ့ရသဖြင့် ဇူလိုင် ၃၀ ရက်နေ့တွင် ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေး တိုင်းတို့ကို အရေးပေါ်အခြေ အနေ (State of Emergency) ကို နိုင်ငံတော်က ကြေညာခဲ့ရပါ တယ်။ လယ်ယာမြေဧက ၁ ဒသမ ၂၉သန်းကျော် ရေနစ်မြုပ်ခံ ရပြီး ဧက ၆၈၇,၂၀၀ ပျက်စီးဆုံး ရှုံးခဲ့ရပါတယ်။ လူနေအိမ်ရာ ပေါင်း ၁၅,၂၃၉ လုံး ပျက်စီးဆုံးရှုံး ခဲ့ရပါတယ်။

အေးခဲတဲ့ဆောင်းရာသီ
၂၀၁၅-၁၆ ဆောင်းရာသီ ရောက်တော့ အာရှအရှေ့ပိုင်းမှာ အလွန်အေးခဲနေတဲ့ ဆောင်းနဲ့ ကြုံတွေ့ရပြန်တယ်။ တိုင်ပေ၊ ဟောင်ကောင်၊ တရုတ်၊ ကိုရီး ယား၊ ဂျပန် စတဲ့နိုင်ငံတွေမှာ မြစ် တွေ၊ ချောင်းတွေ အေးခဲသွားရတဲ့ အထိ အအေးလွန်ကဲခဲ့တယ်။

ပူပြင်းတဲ့နွေရာသီ
၂၀၁၆ နွေရောက်တော့ အလွန်ပူပြင်းတဲ့  နွေရာသီကို အာရှတိုက်တောင်ပိုင်းတစ်ခုလုံး ကြုံတွေ့ကြရပြန်တယ်။ မြန်မာ နိုင်ငံမှာ အမြင့်ဆုံးနေ့အပူချိန် စံချိန်သစ်တင်ခဲ့တဲ့ မြို့ပေါင်း ၄၀ နီးပါး ရှိခဲ့တယ်။ ပူပြင်းတဲ့နွေရာသီ ကြောင့် Heat Stroke ရပြီး အသက်ဆုံးရှုံးသူတွေ ရှိခဲ့တယ်။ အလွန်ပူပြင်းတဲ့အပြင် မိုးရွာသွန်း မှုလည်း လျော့နည်းခဲ့လို့ ပူပြင်း ခြောက်သွေ့တဲ့ ရာသီဖြစ်စေခဲ့ တယ်။

စိုက်ပျိုးရေ၊ သောက်သုံးရေ ရှားပါးတဲ့နွေ
အဲဒါကြောင့် ၂၀၁၆ နွေရာ သီကာလမှာ ရေရှားပါးမှုနဲ့ မီး လောင်မှုတွေ ကြောက်ခမန်းလိလိ မြင့်တက်ခဲ့တယ်။ ကျေးလက်ဦး စီးဌာနရဲ့ ထုတ်ပြန်ချက်အရ အယ်လ်နီညိုကြောင့် ရေပြတ် လပ်နိုင်မယ့် ဒေသ ၂၀၁၅ ထက် သုံးဆကျော် ပိုများခဲ့ပါတယ်။ မြို့ နယ်ပေါင်း ၁၇၃ မြို့နယ်၊ ကျေး ရွာပေါင်း ၁၇၅၈ ရွာ ရေပြတ်လပ် မှုအန္တရာယ် ကြုံတွေ့ခဲ့ရပါတယ်။ ၂၀၁၆ အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရေ ရှားပါးမှုဟာ ဆောင်းရာသီကာလ ဖြစ်တဲ့ ဇန်နဝါရီကတည်းက အစောကြီး စတင်ဖြစ်ခဲ့တဲ့အပြင် ဧရာဝတီတိုင်း သာပေါင်းမြို့နယ် မှာ အဝီစိတွင်းတူးတာတွေ ရေ မထွက်တော့တဲ့အပြင် ကျေးရွာ အချို့မှာ သောက်သုံးရေပါ ရှား ပါးလို့ လယ်ကွင်းထဲက ရေကိုပင် ခပ်သောက်ရတဲ့အထိ ဖြစ်ခဲ့တယ်။

နေ့တိုင်း မီးလောင်နေတဲ့နွေ
မီးလောင်တာလည်း နွေရာ သီတစ်ခုလုံး နေ့တိုင်းလိုလို နေ ရာအနှံ့ လောင်နေခဲ့တယ်။ အယ်လ်နီညိုဟာ ပူပြင်းခြောက် သွေ့တဲ့ ရာသီဥတုကို ဖြစ်စေ တတ်တဲ့အတွက် မီးလောင်ခြင်း ကို အားပေးတာကြောင့် မီးလောင် မှုတွေ အလွယ်တကူ ဖြစ်စေခဲ့ တယ်။ ထူးခြားတာက သဘာဝ အရ မီးလောင်မှုတွေအပြင် ရှို့မီးတွေကြောင့်လည်း မီးလောင်တာ တွေလည်း များခဲ့တယ်။ မီးသတ် ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၆ ဧပြီ ၃၀ ရက်အတွင်း အကြိမ်ပေါင်း ၈၀၀ ကျော် မီး လောင်ကျွမ်းခံခဲ့ရပြီး ဆုံးရှုံးမှုတန် ဖိုး ကျပ်ငွေ သန်းပေါင်း ၃၅,၀၀၀ ခန့် ရှိခဲ့ပြီးဖြစ်ပါတယ်။

ကျန်းမာရေးကဏ္ဍ ထိခိုက်မှုတွေ
အယ်လ်နီညိုရဲ့ ပူပြင်း ခြောက်သွေ့တဲ့ ရာသီဥတုကြောင့် ၂၀၁၅ နွေရာသီကာလကတည်း က စတင်ကာ ပူပြင်းခြောက်သွေ့ မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားကြ ရတဲ့ နိုင်ငံတွေထဲမှာ ဘရာဇီးနိုင်ငံ ဟာ အဆိုးဆုံးဖြစ်ခဲ့တယ်။ ဘရာဇီးနိုင်ငံသမိုင်းမှာ နှစ် ၅၀ အတွင်း အပူပြင်း အခြောက်သွေ့ဆုံးဖြစ် ခဲ့တယ်။  အဲဒါကြောင့် ဘရာဇီးနိုင်ငံမှအစပြုပြီး ကမ္ဘာပေါ်မှာ လုံးဝ မပေါ်ပေါက်ဖူးသေးတဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုး စတင် ပေါက်ဖွားလာခဲ့တယ်။ သူ့ကို ဇီ ကာ (ZIKA Virus) လို့ခေါ်တယ်။ ကမ္ဘာပေါ်မှာ အရင်က မပေါ် ပေါက်ဖူးသေးတဲ့ ဗိုင်းရပ်စ်မို့ ကုရာဆေးကလည်း မရှိသေး ဘူးပေါ့။ ဒီရောဂါဗိုင်းရပ်စ် ကူး စက်ခံရတဲ့သူဟာ သာမန်အား ဖြင့် တုပ်ကွေးရောဂါလက္ခဏာ တွေ ခံစားကြရတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ထားတဲ့ အမျိုး သမီးတွေ ကူးစက်ခံရရင်တော့ မွေးဖွားလာတဲ့ ကလေးတွေဟာ ဉာဏ်ရည်မမီတဲ့ ဦးခေါင်းသေး ရောဂါနဲ့ မွေးဖွားလာတတ်ကြ တယ်။ ဘရာဇီးနိုင်ငံမှာ ဇီကာ ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရတဲ့သူ ပေါင်း ၁၃၀,၀၀၀ ခန့်ရှိနေပြီ။ ဘရာဇီးလ် ကျန်းမာရေးဝန်ကြီး ဌာနရဲ့ ၂၀၁၆ မတ်လ ၂၉၊ ထုတ် ပြန်ချက်အရ ဘရာဇီးနိုင်ငံတွင် ဦးခေါင်းသေး မွေးဖွားလာသော ကလေးငယ် ၅,၂၃၅ ဦးရှိနေပြီဖြစ် ပါတယ်။ ဇီကာဗိုင်းရပ်စ်ပိုးဟာ ယခုအခါ နိုင်ငံပေါင်း ၂၇ နိုင်ငံကို ကူးစက်ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြတဲ့ ထိုင်း၊ လာအို၊ ဗီယက် နမ်၊ တရုတ်၊ စင်ကာပူနိုင်ငံတွေ မှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ များကို စမ်းသပ်တွေ့ရှိနေရပြီဖြစ် ပါတယ်။ ပူပြင်းတဲ့ နွေရာသီ ကြောင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနရဲ့ မတ်လ ၁၄ ရက်နေ့ ထုတ် ပြန်ချက်အရ သာစည်မြို့နယ်တွင် ခြင်ကိုက်ရာမှ ဖြစ်ပေါ်လာသည့် ဦးနှောက်  အမြှေးရောင်ရောဂါ  Neisseria Meningitidis (နပ်စရီး ယား မန်နင်ဂျူတိုက်ဒက်စ်)  ကူး စက်ရောဂါကြောင့် ကလေးငယ် ရှစ်ဦး ဆက်တိုက်သေဆုံးပြီး ရန် ကုန်တွင် နှစ်ဦး သေဆုံးခဲ့ရပါ တယ်။

စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုတွေ
ပူပြင်းခြောက်သွေ့တဲ့ အယ် လ်နီညိုရာသီဥတုကြောင့် စိုက် ပျိုးသီးနှံအထွက်များလည်း လျော့ ကျခဲ့ရပါတယ်။ FAO ရဲ့ ၂၀၁၅ ခုနှစ်အစီရင်ခံစာအရ ဆန်စပါးဈေးနှုန်းဟာ ဇွန်လမှ အောက်တိုဘာအတွင်း ၃၈ ဒသမ ၄၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ သီးနှံအထွက် လျော့ကျတဲ့အတွက်  စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်ခဲ့ရတဲ့အပြင် စားနပ် ရိက္ခာ လုံခြုံမှုကိုပါ ထိခိုက်လာ စေခဲ့ပါတယ်။ ရေကြီးခြင်း၊ မိုး ခေါင်ခြင်း စတာတွေဖြစ်ပေါ်စေခဲ့ တဲ့အတွက် တောင်သူလယ်သမား များအနေနဲ့ လယ်ယာလုပ်ငန်း များ ကျဆုံးတဲ့ နောက်ထပ်တစ်နှစ် အဖြစ် ၂၀၁၅ ကို ကြုံတွေ့စေခဲ့ရ ပါတယ်။ ရေနဲ့ပတ်သက်တဲ့ ရော ဂါဘယများလည်း ထူပြောစေခဲ့ ပါတယ်။ ဆန်ဈေးနှုန်းဟာလည်း ၂၀၁၆ ဧပြီမှာ တစ်ပြည် ၁,၅၀၀ ကျပ်မှ ၅,၀၀၀ ကျပ်အထိ မြင့် တက်သွားခဲ့ပါတယ်။

အယ်လ်နီညိုကြောင့် ပျက်စီးဆုံးရှုံးရမှုတွေ
ပြီးခဲ့တဲ့ ၂၀၁၅ က ပြင်းထန် တဲ့ အယ်လ်နီညို ရာသီဥတု ကြောင့် တရုတ်၊ အမေရိကန် ပြည်ထောင်စု၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊အင်ဒိုနီးရှားနိုင်ငံတွေမှာ အပူချိန် တွေ စံချိန်တင်အောင် မြင့်တက် ခဲ့ရာမှ ရာသီဥတုပြင်းထန်မှု ကြောင့် လူပေါင်း ၂၂,၇၃၁ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ငွေကြေးဆုံး ရှုံးရမှုမှာ အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၅ ဘီလီယံအထိ ရှိခဲ့ပါ တယ်။

ညိုပြီးတော့ ညာဦးမယ်
၂၀၁၅-၁၆ အယ်လ်နီညို ဟာ ၂၀၁၆ မေလမှာ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပစိဖိတ်သမုဒ္ဒရာဟာ ကြားနေရာ သီဥတုဖြစ်နေပြီး   လာမယ့် အောက်တိုဘာကစတင်ကာ လာနီညာရာသီဥတုဖြစ်ဦးမယ်လို့ ခန့် မှန်းထားပါတယ်။ ဒါပေမဲ့ လာနီ ညာဖြစ်ဖို့ ခန့်မှန်းတွက်ချက်ရာမှာ ဖြစ်ဖို့အလားအလာဟာ ပြီးခဲ့တဲ့ မေလတုန်းက ၇၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် သြဂုတ်လမှာတော့ ၅၅-၆၀ ရာခိုင်နှုန်းအထိ လျော့ ကျလာနေပါတယ်။ ဒါဟာ လာနီ ညာမဖြစ်တော့ဘူးလို့ ဆိုလိုရင်း မဟုတ်ဘဲ လာနီညာအင်အားဟာ မျှော်လင့်သလောက် အားကောင်း ချင်မှ ကောင်းလိမ့်မယ်လို့ ဆိုလို ရင်းဖြစ်ပါတယ်။

ဘာပဲပြောပြော လာနီညာ ဖြစ်လာခဲ့ရင်တော့ မြန်မာနိုင်ငံမှာ အေးပြီး စွတ်စိုတဲ့ ရာသီဥတုကို ကြုံတွေ့လာစေမှာဖြစ်ပါတယ်။ လာနီညာနှစ်တွေမှာ အအေးလှိုင်း ဒဏ်၊ ရေကြီးမှုဘေးဒဏ်၊ မုန် တိုင်းအန္တရာယ် စတာတွေ ကြုံတွေ့ရတတ်တာကြောင့် လာနီညာရာသီ ဥတုကိုတော့ ၂၀၁၇ ဇွန်လအထိ အချိန်နဲ့တစ်ပြေးညီ သတိရှိကြဖို့ လိုပါလိမ့်ဦးမယ် ဆိုတာ ကြိုကြိုတင်တင် အသိပေး လိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top