Kantharyar Centre
×

စက္တင္ဘာ ၆ ရက္က စစ္ေတြၿမိဳ႕သို႔ေရာက္ရွိလာေသာ မစၥတာ ကိုဖီအာနန္၏ ယာဥ္တန္းကို ရခိုင္ေဒသခံမ်ားက ကန္႔ကြက္ဆႏၵထုတ္ေဖာ္ေနၾကစဥ္ (ဓာတ္ပံု − ေအအက္ဖ္ပီ)

ရခုိင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္ ဥကၠ႒အျဖစ္ ခန္႔အပ္ခံရသည့္ ကုလသမဂၢအေထြ ေထြအတြင္းေရးမွဴးခ်ဳပ္ေဟာင္း ကိုဖီအာနန္ ရခုိင္ျပည္နယ္သို႔ ေရာက္ရွိလာခ်ိန္တြင္ ေဒသခံ ရခုိင္ျပည္သူရာေပါင္းမ်ားစြာတုိ႔ က စစ္ေတြၿမိဳ႕၌ ဆႏၵျပကန္႔ကြက္ ခဲ့ၾကသည္။

မစၥတာ ကိုဖီအာနန္သည္ စက္တင္ဘာ ၆ ရက္က ရခုိင္ျပည္ နယ္သို႔ ေရာက္ရွိလာျခင္းျဖစ္ၿပီး ျပည္နယ္အစိုးရအဖဲြ႕တာ၀န္ရွိသူ မ်ားႏွင့္ေတြ႕ဆံုခဲ့သည္။

‘‘အနာဂတ္ကို တည္ ေဆာက္သြားဖို႔ဆုိရင္ ဆယ္စုႏွစ္ ေပါင္းမ်ားစြာ အျပန္အလွန္အယံု အၾကည္ကင္းမဲ့ခဲ့တဲ့ လူ႔အဖဲြ႕အ စည္းႏွစ္ခုအေနနဲ႔ တရားနည္း လမ္းက်မႈ၊ မွ်တမႈ၊ တန္းတူအခြင့္ အေရးရွိမႈ တန္ဖိုးေတြကို မွ်ေ၀ႏုိင္ ေရး လက္ကမ္းႀကိဳဆိုဖုိ႔ နည္း လမ္းေတြကို ရွာေဖြရမွာျဖစ္ပါ တယ္။ အဆံုးသတ္မွာေတာ့ ရခုိင္က ျပည္သူေတြဟာ ကုိယ္ ပုိင္လမ္းေၾကာင္းနဲ႔ ေရွ႕ဆက္ရမွာ ပါ။

ကၽြန္ေတာ္တုိ႔က အကူအညီ ေပးဖုိ႔သက္သက္ပဲ ဒီေနရာကို ေရာက္လာတာျဖစ္ပါတယ္။ ကၽြန္ ေတာ္တုိ႔က အေတြးအေခၚေတြ၊ စိတ္ကူးစိတ္သန္းေတြ ကူညီမွ် ေ၀ဖို႔သာ လာခဲ့တာျဖစ္ပါတယ္’’ ဟု မစၥတာကုိဖီအာနန္က ေတြ႕ ဆံုရာတြင္ ေျပာၾကားခဲ့သည္။

ကုိဖီအာနန္၏ ေျပာၾကားခ်က္အၿပီးတြင္ ေတြ႕ဆံုပဲြ ကို ရပ္နားလိုက္၍ တက္ေရာက္ လာသည့္ ၿမိဳ႕ခံမ်ားက တင္ျပစရာ ရွိသည္မ်ားကို မတင္ျပလိုက္ရ ေၾကာင္း ယင္းေတြ႕ဆံုပဲြသို႔ တက္ ေရာက္ခဲ့သူ ဦးေကာင္းစံရွီကေျပာ ၾကားသည္။

‘‘မစၥတာ ကိုဖီအာနန္က သူ ေျပာခ်င္တာေတြကို ေျပာသြားၿပီး ေတာ့ ေဒသခံေတြရဲ႕ တင္ျပခ်က္ ကို ျပန္ၿပီးနားမေထာင္ခဲ့ပါဘူး။ ဒါဟာ မျဖစ္သင့္တဲ့အရာတစ္ခု ပါ။ ေနာက္ေနာင္ဒီလိုျဖစ္မယ္ဆုိ ရင္ အစည္းအေ၀းေတြ တက္ ေရာက္မွာမဟုတ္ပါဘူး’’ဟု ၎ က ဆုိသည္။

သို႔ေသာ္ ေဒသခံ ရခုိင္တုိင္း ရင္းသားမ်ားႏွင့္ ရဟန္းေတာ္မ်ား က စုေပါင္း​၍ မစၥတာအာနန္၏ ခရီးစဥ္ကို ဆန္႔က်င္ခဲ့ၾကသည္။ ဆႏၵျပသူမ်ားက ေကာ္မရွင္အ တြင္း ႏုိင္ငံျခားသားမ်ား၏ ၾသဇာ စြက္ဖက္လႊမ္းမိုးမႈကုိ လက္မခံလို ေၾကာင္း ေႂကြးေၾကာ္ခဲ့ၾကသည္။

ရခုိင္ျပည္နယ္ အေရးကိစၥ  အတြက္ ရခုိင္တိုင္းရင္းသား အ ႀကံေပးမ်ားသာ လုိခ်င္ေၾကာင္း၊ ႏုိင္ငံျခားသားမ်ားအား အႀကံေပး ခန္႔ထားျခင္းမ်ိဳး လံုး၀အလိုမရွိ ေၾကာင္း  အသက္ (၄၅)ႏွစ္အရြယ္ ရခုိင္တိုင္းရင္းသား ဦးေက်ာ္ၫြန္႔ က ေျပာသည္။

ဆႏၵျပပဲြကို ရခုိင္ျပည္နယ္ ၏ အဓိကအင္အားႀကီး ႏုိင္ငံေရး ပါတီျဖစ္ေသာ ရခုိင္အမ်ိဳးသား ပါတီ ေခါင္းေဆာင္အခ်ိဳ႕က ႀကီး မွဴးခဲ့ျခင္းျဖစ္သည္။ ရခုိင္အမ်ိဳး သားပါတီသည္ ေကာ္မရွင္၏ ရပ္ တည္မႈကို ပြင့္ပြင့္လင္းလင္း ေ၀ ဖန္ထားၿပီး ရခုိင္ျပည္နယ္ သမိုင္း ေၾကာင္းအေနအထားကို ႏုိင္ငံ ျခားသားမ်ား ေျခေျချမစ္ျမစ္ နား လည္ႏုိင္မည္မဟုတ္ဟု အေရးဆုိ ထားသည္။

‘‘ဦးေလးတို႔က အခ်ဳပ္အျခာ အာဏာပုိင္တဲ့ ျပည္ေထာင္စု သမၼတႏုိင္ငံေတာ္ရဲ႕ အိမ္တြင္း ေရးကုိ ဘယ္ႏုိင္ငံျခားအဖဲြ႕အ စည္း၊ ဘယ္ႏုိင္ငံကမွ ၀င္ေရာက္ စြက္ဖက္တာကိုမွ ဦးေလးတို႔ လက္ခံႏုိင္မွာ မဟုတ္ဘူး’’ လုိ႔ ရခုိင္အမ်ိဳးသားပါတီအေထြေထြ အတြင္းေရးမွဴး ဦးေအာင္သန္း ေ၀က ေျပာသည္။

ရခိုင္ျပည္နယ္ဆုိင္ရာ အႀကံ ေပးေကာ္မရွင္ဥကၠ႒ ကုိဖီအာနန္ ဦးေဆာင္ေသာအဖဲြ႕ခရီးစဥ္ကို အလိုမရွိေၾကာင္း စစ္ေတြေလ ဆိပ္သြားရာလမ္းႏွင့္ ျပည္နယ္ အစိုးရ႐ံုးေရွ႕တုိ႔တြင္ ၿမိဳ႕ခံ ၅၀၀ ေက်ာ္တို႔က ဆႏၵထုတ္ေဖာ္ခဲ့ၾက သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
စက်တင်ဘာ ၆ ရက်က စစ်တွေမြို့သို့ရောက်ရှိလာသော မစ္စတာ ကိုဖီအာနန်၏ ယာဉ်တန်းကို ရခိုင်ဒေသခံများက ကန့်ကွက်ဆန္ဒထုတ်ဖော်နေကြစဉ် (ဓာတ်ပုံ − အေအက်ဖ်ပီ)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသည့် ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာချိန်တွင် ဒေသခံ ရခိုင်ပြည်သူရာပေါင်းများစွာတို့ က စစ်တွေမြို့၌ ဆန္ဒပြကန့်ကွက် ခဲ့ကြသည်။

မစ္စတာ ကိုဖီအာနန်သည် စက်တင်ဘာ ၆ ရက်က ရခိုင်ပြည် နယ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူ များနှင့်တွေ့ဆုံခဲ့သည်။

‘‘အနာဂတ်ကို တည် ဆောက်သွားဖို့ဆိုရင် ဆယ်စုနှစ် ပေါင်းများစွာ အပြန်အလှန်အယုံ အကြည်ကင်းမဲ့ခဲ့တဲ့ လူ့အဖွဲ့အ စည်းနှစ်ခုအနေနဲ့ တရားနည်း လမ်းကျမှု၊ မျှတမှု၊ တန်းတူအခွင့် အရေးရှိမှု တန်ဖိုးတွေကို မျှဝေနိုင် ရေး လက်ကမ်းကြိုဆိုဖို့ နည်း လမ်းတွေကို ရှာဖွေရမှာဖြစ်ပါ တယ်။ အဆုံးသတ်မှာတော့ ရခိုင်က ပြည်သူတွေဟာ ကိုယ် ပိုင်လမ်းကြောင်းနဲ့ ရှေ့ဆက်ရမှာ ပါ။

ကျွန်တော်တို့က အကူအညီ ပေးဖို့သက်သက်ပဲ ဒီနေရာကို ရောက်လာတာဖြစ်ပါတယ်။ ကျွန် တော်တို့က အတွေးအခေါ်တွေ၊ စိတ်ကူးစိတ်သန်းတွေ ကူညီမျှ ဝေဖို့သာ လာခဲ့တာဖြစ်ပါတယ်’’ ဟု မစ္စတာကိုဖီအာနန်က တွေ့ ဆုံရာတွင် ပြောကြားခဲ့သည်။

ကိုဖီအာနန်၏ ပြောကြားချက်အပြီးတွင် တွေ့ဆုံပွဲ ကို ရပ်နားလိုက်၍ တက်ရောက် လာသည့် မြို့ခံများက တင်ပြစရာ ရှိသည်များကို မတင်ပြလိုက်ရ ကြောင်း ယင်းတွေ့ဆုံပွဲသို့ တက် ရောက်ခဲ့သူ ဦးကောင်းစံရှီကပြော ကြားသည်။

‘‘မစ္စတာ ကိုဖီအာနန်က သူ ပြောချင်တာတွေကို ပြောသွားပြီး တော့ ဒေသခံတွေရဲ့ တင်ပြချက် ကို ပြန်ပြီးနားမထောင်ခဲ့ပါဘူး။ ဒါဟာ မဖြစ်သင့်တဲ့အရာတစ်ခု ပါ။ နောက်နောင်ဒီလိုဖြစ်မယ်ဆို ရင် အစည်းအဝေးတွေ တက် ရောက်မှာမဟုတ်ပါဘူး’’ဟု ၎င်း က ဆိုသည်။

သို့သော် ဒေသခံ ရခိုင်တိုင်း ရင်းသားများနှင့် ရဟန်းတော်များ က စုပေါင်း၍ မစ္စတာအာနန်၏ ခရီးစဉ်ကို ဆန့်ကျင်ခဲ့ကြသည်။ ဆန္ဒပြသူများက ကော်မရှင်အ တွင်း နိုင်ငံခြားသားများ၏ သြဇာ စွက်ဖက်လွှမ်းမိုးမှုကို လက်မခံလို ကြောင်း ကြွေးကြော်ခဲ့ကြသည်။

ရခိုင်ပြည်နယ် အရေးကိစ္စ  အတွက် ရခိုင်တိုင်းရင်းသား အ ကြံပေးများသာ လိုချင်ကြောင်း၊ နိုင်ငံခြားသားများအား အကြံပေး ခန့်ထားခြင်းမျိုး လုံးဝအလိုမရှိ ကြောင်း  အသက် (၄၅)နှစ်အရွယ် ရခိုင်တိုင်းရင်းသား ဦးကျော်ညွန့် က ပြောသည်။

ဆန္ဒပြပွဲကို ရခိုင်ပြည်နယ် ၏ အဓိကအင်အားကြီး နိုင်ငံရေး ပါတီဖြစ်သော ရခိုင်အမျိုးသား ပါတီ ခေါင်းဆောင်အချို့က ကြီး မှူးခဲ့ခြင်းဖြစ်သည်။ ရခိုင်အမျိုး သားပါတီသည် ကော်မရှင်၏ ရပ် တည်မှုကို ပွင့်ပွင့်လင်းလင်း ေ၀ ဖန်ထားပြီး ရခိုင်ပြည်နယ် သမိုင်း ကြောင်းအနေအထားကို နိုင်ငံ ခြားသားများ ခြေခြေမြစ်မြစ် နား လည်နိုင်မည်မဟုတ်ဟု အရေးဆို ထားသည်။

‘‘ဦးလေးတို့က အချုပ်အခြာ အာဏာပိုင်တဲ့ ပြည်ထောင်စု သမ္မတနိုင်ငံတော်ရဲ့ အိမ်တွင်း ရေးကို ဘယ်နိုင်ငံခြားအဖွဲ့အ စည်း၊ ဘယ်နိုင်ငံကမှ ဝင်ရောက် စွက်ဖက်တာကိုမှ ဦးလေးတို့ လက်ခံနိုင်မှာ မဟုတ်ဘူး’’ လို့ ရခိုင်အမျိုးသားပါတီအထွေထွေ အတွင်းရေးမှူး ဦးအောင်သန်း ဝေက ပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် ဦးဆောင်သောအဖွဲ့ခရီးစဉ်ကို အလိုမရှိကြောင်း စစ်တွေလေ ဆိပ်သွားရာလမ်းနှင့် ပြည်နယ် အစိုးရရုံးရှေ့တို့တွင် မြို့ခံ ၅၀၀ ကျော်တို့က ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top