Property Expo
×






Credit:7Day Daily

#Unicode Version
 အဆိုတော် လင်းလင်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို မြို့ ကြီးငါးမြို့တွင် ကျင်းပမည်ဖြစ်ရာ ပွဲဦးထွက်အဖြစ် မန္တလေးမြို့၌ အောက်တိုဘာ ၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုတော် လင်းလင်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို မင်္ဂ လာမန္တလေး ကားရပ်နားကွင်း အပေါ်ထပ်တွင် ကျင်းပမည်ဖြစ် ပြီး သီချင်း ၃၅ ပုဒ် ခန့် သီဆိုဖျော် ဖြေရန် စီစဉ်ထားကြောင်း အဆိုတော် လင်းလင်းက သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။


‘‘ရှိုးပွဲနေ့မှာ သံမဏိလိပ်ပြာ DVD အခွေကို အခမဲ့ဝေငှသွားဖို့ ရှိတယ်။ ဒီမြို့ကြီးငါးမြို့နယ်အ ပြင် ပုသိမ်၊ မော်လမြိုင်မြို့တို့မှာ လုပ်ဖို့တော့ရှိတယ်။ မသေချာ သေးပါဘူး’’ဟု အဆိုတော် လင်း လင်းက ပြောသည်။

အဆိုတော် လင်းလင်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ လက် မှတ်ဈေးနှုန်းများမှာ ၃၀,၀၀၀ ကျပ်၊ ၂၀,၀၀၀ ကျပ်နှင့် ၆,၀၀၀ကျပ် သတ်မှတ်ထားပြီး ၂၀၁၆ အတွင်း မုံရွာ၊ တောင်ကြီး၊ မကွေး၊ ရန်ကုန်မြို့တို့တွင်လည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲများ ပြုလုပ်မည်ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top