Property Expo
×

ေအာ္တစ္ဇင္ျဖစ္ေနတဲ့ ကေလးအေမေတြဟာ ဖိအားေတြပုိမိုမ်ားျပားႏုိင္ၿပီး တစ္စံုတစ္ခုကုိ စုိးရိမ္သလုိအျမဲတမ္း ခံစားေစရႏုိင္တယ္လုိ႔ သိရပါတယ္။ ေအာ္တစ္ဇင္ကေလးေတြရဲ႕ အေမေတြအေနနဲ႔ ျဖစ္ေပၚလာတဲ့ ဖိအားေတြပုိမ်ားၿပီး ဆုိးရြားတဲ့ ကုိလက္စေရာအဆင့္ေတြကုိ ပုိမိုျဖစ္ေပၚေစမွာပါ။ ဒါေၾကာင့္ ေသြးလည္ပတ္မႈစနစ္ကုိ ကာကြယ္ေပးတဲ့ ဆဲလ္ေတြကုိ ထိခုိက္ေစၿပီး ႏွလံုးေရာဂါကုိ ျဖစ္ေပၚေစနုိင္တာပါ။

ဒီသုေတသနကုိ ဆန္ဖရန္စစၥကုိမွာ ရွိတဲ့ ကယ္လီဖုိးနီးယားတကၠသိုလ္က သုေတသနရဲ႕ ရလဒ္အျဖစ္ ေတြ႔ရွိခဲ့တာပါ။ “ေအာ္တစ္ဇင္ကေလးေတြမွာ အမ်ားနဲ႔မတူညီတဲ့ အျပဳအမူေတြရွိပါတယ္။ ဒါေတြက အေမေတြကုိ ဖိအားတစ္ရပ္ျဖစ္ေပၚေစပါတယ္” လုိ႔ ေဒါက္တာ Kirstin Aschbacher က ဆုိပါတယ္။

ေလ့လာခ်က္ကုိ သုေတသီေတြဟာ က်န္းမာတဲ့ မိခင္ ၆၈ဦးနဲ႔ ေအာ္တစ္ဇင္ကေလးရွိတဲ့ မိခင္ ၃၁ဦးတုိ႔ကုိ အေျခခံၿပီး ေဖာ္ထုတ္ခဲ့တာပါ။ သူတုိ႔အေနနဲ႔ မိခင္ေတြကုိ ဖိအားဘယ္ေလာက္မ်ားျပားတယ္ဆုိတာ ေမးခြန္းထုတ္ခဲ့ၾကၿပီး သူတုိ႔ရဲ႕ ေသြးနမူနာနဲ႔ Hematopoietic Progenitor ဆဲလ္ေတြရဲ႕ လည္ပတ္မႈေတြကုိ ရွာေဖြခဲ့ၾကတာပါ။

ဒီအမ်ိဳးသမီးေတြၾကားမွာ ေအာ္တစ္ဇင္ကေလးရွိတဲ့ ကေလးအေမေတြရဲ႕ ၃၀ရာခုိင္ႏႈန္းဟာ LDL အဆင့္အေနနဲ႔ သာမန္ထက္ပုိေနၿပီး ႏွလံုးေရာဂါေတြကုိ ျဖစ္ပြားေစႏုိင္တာပါ။ ဒါဟာဆုိရင္ သာမန္ကေလးအေမေတြမွာ ရွိတဲ့ ၈ရာခုိင္ႏႈန္းနဲ႔ ႏႈိင္းယွဥ္ၾကည့္ႏုိင္ပါတယ္။ အဲ့ဒီအျပင္ ေအာ္တစ္ဇင္ကေလးေတြရဲ႕ အေမေတြမွာ Circulating Progenitor ဆဲလ္ေတြလည္းနည္းပါးသြားတာေၾကာင္း ဒါဟာဆုိရင္ LDL ပမာဏအဆင့္မ်ားျပားလာတာနဲ႔ ဆက္စပ္မႈရွိၿပီး ႏွလံုးေရာဂါေတြကို ျဖစ္ေပၚေစႏုိင္တာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
အော်တစ်ဇင်ဖြစ်နေတဲ့ ကလေးအမေတွေဟာ ဖိအားတွေပိုမိုများပြားနိုင်ပြီး တစ်စုံတစ်ခုကို စိုးရိမ်သလိုအမြဲတမ်း ခံစားစေရနိုင်တယ်လို့ သိရပါတယ်။ အော်တစ်ဇင်ကလေးတွေရဲ့ အမေတွေအနေနဲ့ ဖြစ်ပေါ်လာတဲ့ ဖိအားတွေပိုများပြီး ဆိုးရွားတဲ့ ကိုလက်စရောအဆင့်တွေကို ပိုမိုဖြစ်ပေါ်စေမှာပါ။ ဒါကြောင့် သွေးလည်ပတ်မှုစနစ်ကို ကာကွယ်ပေးတဲ့ ဆဲလ်တွေကို ထိခိုက်စေပြီး နှလုံးရောဂါကို ဖြစ်ပေါ်စေနိုင်တာပါ။

ဒီသုတေသနကို ဆန်ဖရန်စစ္စကိုမှာ ရှိတဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသနရဲ့ ရလဒ်အဖြစ် တွေ့ရှိခဲ့တာပါ။ “အော်တစ်ဇင်ကလေးတွေမှာ အများနဲ့မတူညီတဲ့ အပြုအမူတွေရှိပါတယ်။ ဒါတွေက အမေတွေကို ဖိအားတစ်ရပ်ဖြစ်ပေါ်စေပါတယ်” လို့ ဒေါက်တာ Kirstin Aschbacher က ဆိုပါတယ်။

လေ့လာချက်ကို သုတေသီတွေဟာ ကျန်းမာတဲ့ မိခင် ၆၈ဦးနဲ့ အော်တစ်ဇင်ကလေးရှိတဲ့ မိခင် ၃၁ဦးတို့ကို အခြေခံပြီး ဖော်ထုတ်ခဲ့တာပါ။ သူတို့အနေနဲ့ မိခင်တွေကို ဖိအားဘယ်လောက်များပြားတယ်ဆိုတာ မေးခွန်းထုတ်ခဲ့ကြပြီး သူတို့ရဲ့ သွေးနမူနာနဲ့ Hematopoietic Progenitor ဆဲလ်တွေရဲ့ လည်ပတ်မှုတွေကို ရှာဖွေခဲ့ကြတာပါ။

ဒီအမျိုးသမီးတွေကြားမှာ အော်တစ်ဇင်ကလေးရှိတဲ့ ကလေးအမေတွေရဲ့ ၃၀ရာခိုင်နှုန်းဟာ LDL အဆင့်အနေနဲ့ သာမန်ထက်ပိုနေပြီး နှလုံးရောဂါတွေကို ဖြစ်ပွားစေနိုင်တာပါ။ ဒါဟာဆိုရင် သာမန်ကလေးအမေတွေမှာ ရှိတဲ့ ၈ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ အဲ့ဒီအပြင် အော်တစ်ဇင်ကလေးတွေရဲ့ အမေတွေမှာ Circulating Progenitor ဆဲလ်တွေလည်းနည်းပါးသွားတာကြောင်း ဒါဟာဆိုရင် LDL ပမာဏအဆင့်များပြားလာတာနဲ့ ဆက်စပ်မှုရှိပြီး နှလုံးရောဂါတွေကို ဖြစ်ပေါ်စေနိုင်တာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top