Property Expo
×





Credit:7Day Daily

#Unicode Version
 လှိုင်မြို့နယ်အတွင်း တိုက်ခန်းတစ်ခုတွင် အမျိုးသမီးတစ်ဦး သေဆုံးနေသည်ကို သုံးရက်ခန့်အကြာမှ ရပ်ကွက်အတွင်း နေထိုင်သူများ သိရှိခဲ့ကြောင်း သတင်းရရှိသည်။


‘‘လှေကားမှာ အတက်အဆင်းလုပ်တဲ့သူတွေက အနံ့ရလို့ မသင်္ကာလို့ခေါ်ကြည့်တာမရဘူး။ သူ့ကိုလည်း မတွေ့တာ သုံးရက် လောက်ရှိတော့ ရပ်ကွက်လူကြီး နဲ့ ရဲတွေခေါ်ပြီး ဖွင့်ကြည့်တော့မှ သေနေတာကို သိတာ’’ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ဆိုသည်။

သေဆုံးသူ ဒေါ်သန်းသန်းဌေးသည် အသက်(၅၀)အရွယ်ရှိပြီး ပထမထပ်ရှိ နေအိမ်တိုက်ခန်းအတွင်း တစ်ဦးတည်းနေထိုင်သူဖြစ်သည်။

အဝတ်လျှော်စက်ဖြင့် အဝတ်လျှော်ရာမှ ဓာတ်လိုက်သေဆုံးခဲ့သည်ကို စက်တင်ဘာ ၇ ရက် ည ၈ နာရီခွဲခန့်မှသာ ရပ်ကွက်က သိရှိခဲ့ခြင်းဖြစ်ကြောင်း လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top