Property Expo
×

သူငယ္ခ်င္းအေပါင္းအ သင္းမ်ားကို ခင္မင္လြန္းသူျဖစ္၍ လတ္တေလာတြင္ သူငယ္ခ်င္း မ်ားႏွင့္သာ ေနထိုင္ျဖတ္သန္းရ ျခင္းက ပိုမိုအဆင္ေျပေၾကာင္း အဆိုေတာ္ ဘန္နီၿဖိဳးက ေျပာ သည္။

‘‘လက္ရွိ အခ်စ္ေရးကလည္း သူငယ္ခ်င္းေတြနဲ႔ပါပဲ။ နဂိုက တည္းက ကြၽန္ေတာ္က သူငယ္ ခ်င္း အရင္းခင္မင္တဲ့သူဆိုေတာ့ အဲဒါက ကြၽန္ေတာ့္အတြက္ ပိုအ ဆင္ေျပပါတယ္ဗ်ာ။ ခ်စ္သူက ေတာ့ စံႏႈန္းစံထားနဲ႔ ေရြးလို႔ရတဲ့ အရာမွ မဟုတ္ေတာ့ ေလာေလာ ဆယ္ေတာ့ သူငယ္ခ်င္းေတြနဲ႔ အ လုပ္လုပ္၊ ပရိသတ္ေတြပဲရွိပါ တယ္’’ဟု ဘန္နီၿဖိဳးက ေျပာၾကား သည္။

ဘန္နီၿဖိဳးသည္ လက္ရွိတြင္ Charm ႐ုပ္သံဇာတ္လမ္းတြဲ-၂ ကို ဆက္လက္႐ိုက္ကူးေနေသာ္ လည္း သီခ်င္းဆိုျခင္းသာ ဝါသနာပါသူျဖစ္၍ တတိယတစ္ကိုယ္ ေတာ္အေခြထြက္ရန္ အာ႐ံုစိုက္ စီစဥ္ေနသည္ဟု ဆုိသည္။ ဘန္နီၿဖိဳးသည္ ‘ခ်စ္တယ္ဟုတ္’၊ ‘လူပ်ိဳလွည့္ေတး’ စသည့္တစ္ကိုယ္ေတာ္အေခြႏွစ္ေခြ ထြက္ရွိထား သည္။

‘‘တတိယအေခြထြက္ဖို႔လုပ္ ေနပါတယ္။ ဒီႏွစ္ထဲထြက္ပါမယ္။ အခ်ိန္အနားနီးရင္ ေၾကညာပါ့ မယ္။ ကြၽန္ေတာ့္ပရိသတ္ေတြအ တြက္ ဘယ္ေန႔မွာ ဘယ္လိုဆိုတာ ေၾကညာသြားမယ္။ ေနာက္ပိုင္း မွာလည္း ကြၽန္ေတာ့္ကို ပရိသတ္ ေတြက အဆုိေတာ္တစ္ေယာက္ အေနနဲ႔ပဲ ေတြ႕ျမင္သြားမွာပါ’’ဟု ဘန္နီၿဖိဳးက ေျပာၾကားသည္။

ဘန္နီၿဖိဳးသည္ ဒါ႐ိုက္တာ သားညီ႐ိုက္ကူးသည့္ Charm ဇာတ္လမ္းတြဲတြင္ သ႐ုပ္ေဆာင္ သိန္းလင္းစိုး၊ သားငယ္၊ နန္းဆုဦးတို႔ႏွင့္အတူပါဝင္ၿပီး ပရိသတ္အားေပးမႈရရွိခဲ့၍ လက္ရွိတြင္ CharmSeason-2 ကို ဆက္လက္႐ိုက္ ကူးေနျခင္းျဖစ္သည္။

‘‘႐ုပ္ရွင္႐ိုက္တာကို အမွန္ အတုိင္းေျပာရရင္ ကြၽန္ေတာ္ အဲဒီ ေလာက္ႀကီး မေပ်ာ္ဘူးဗ်။ အဆိုေတာ္က ကြၽန္ေတာ္ အရင္က တည္းက အရမ္းျဖစ္ခ်င္တယ္။ ဝါသနာလည္း အရမ္းပါတယ္။ ကြၽန္ေတာ့္အတြက္လည္း ပိုၿပီး ေတာ့ အဆင္ေျပပါတယ္။ သ႐ုပ္ ေဆာင္ကေတာ့ ကြၽန္ေတာ္နဲ႔ အ ရမ္းႀကီး ကီးကိုက္လွတယ္မဟုတ္ ဘူး။ ဒီကားၿပီးရင္ေတာ့ ေလာ ေလာဆယ္မွာ ကား႐ိုက္ဖို႔ မစဥ္း စားေသးဘူး။ သီခ်င္းပဲလုပ္မယ္။ အခုလည္း Charm က ႐ိုက္လက္ စမို႔လို႔ Season-2 ကို ႐ိုက္ျဖစ္ သြားတာပါ’’ဟု ဘန္နီၿဖိဳးက ေျပာ ၾကားသည္။

ဘန္နီၿဖိဳးသည္ မၾကာေသးမီ က ခုနစ္ႏွစ္ၾကာ လက္တြဲခဲ့ေသာ ခ်စ္သူႏွင့္ လမ္းခြဲခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
သူငယ်ချင်းအပေါင်းအ သင်းများကို ခင်မင်လွန်းသူဖြစ်၍ လတ်တလောတွင် သူငယ်ချင်း များနှင့်သာ နေထိုင်ဖြတ်သန်းရ ခြင်းက ပိုမိုအဆင်ပြေကြောင်း အဆိုတော် ဘန်နီဖြိုးက ပြော သည်။

‘‘လက်ရှိ အချစ်ရေးကလည်း သူငယ်ချင်းတွေနဲ့ပါပဲ။ နဂိုက တည်းက ကျွန်တော်က သူငယ် ချင်း အရင်းခင်မင်တဲ့သူဆိုတော့ အဲဒါက ကျွန်တော့်အတွက် ပိုအ ဆင်ပြေပါတယ်ဗျာ။ ချစ်သူက တော့ စံနှုန်းစံထားနဲ့ ရွေးလို့ရတဲ့ အရာမှ မဟုတ်တော့ လောလော ဆယ်တော့ သူငယ်ချင်းတွေနဲ့ အ လုပ်လုပ်၊ ပရိသတ်တွေပဲရှိပါ တယ်’’ဟု ဘန်နီဖြိုးက ပြောကြား သည်။

ဘန်နီဖြိုးသည် လက်ရှိတွင် Charm ရုပ်သံဇာတ်လမ်းတွဲ-၂ ကို ဆက်လက်ရိုက်ကူးနေသော် လည်း သီချင်းဆိုခြင်းသာ ဝါသနာပါသူဖြစ်၍ တတိယတစ်ကိုယ် တော်အခွေထွက်ရန် အာရုံစိုက် စီစဉ်နေသည်ဟု ဆိုသည်။ ဘန်နီဖြိုးသည် ‘ချစ်တယ်ဟုတ်’၊ ‘လူပျိုလှည့်တေး’ စသည့်တစ်ကိုယ်တော်အခွေနှစ်ခွေ ထွက်ရှိထား သည်။

‘‘တတိယအခွေထွက်ဖို့လုပ် နေပါတယ်။ ဒီနှစ်ထဲထွက်ပါမယ်။ အချိန်အနားနီးရင် ကြေညာပါ့ မယ်။ ကျွန်တော့်ပရိသတ်တွေအ တွက် ဘယ်နေ့မှာ ဘယ်လိုဆိုတာ ကြေညာသွားမယ်။ နောက်ပိုင်း မှာလည်း ကျွန်တော့်ကို ပရိသတ် တွေက အဆိုတော်တစ်ယောက် အနေနဲ့ပဲ တွေ့မြင်သွားမှာပါ’’ဟု ဘန်နီဖြိုးက ပြောကြားသည်။

ဘန်နီဖြိုးသည် ဒါရိုက်တာ သားညီရိုက်ကူးသည့် Charm ဇာတ်လမ်းတွဲတွင် သရုပ်ဆောင် သိန်းလင်းစိုး၊ သားငယ်၊ နန်းဆုဦးတို့နှင့်အတူပါဝင်ပြီး ပရိသတ်အားပေးမှုရရှိခဲ့၍ လက်ရှိတွင် CharmSeason-2 ကို ဆက်လက်ရိုက် ကူးနေခြင်းဖြစ်သည်။

‘‘ရုပ်ရှင်ရိုက်တာကို အမှန် အတိုင်းပြောရရင် ကျွန်တော် အဲဒီ လောက်ကြီး မပျော်ဘူးဗျ။ အဆိုတော်က ကျွန်တော် အရင်က တည်းက အရမ်းဖြစ်ချင်တယ်။ ဝါသနာလည်း အရမ်းပါတယ်။ ကျွန်တော့်အတွက်လည်း ပိုပြီး တော့ အဆင်ပြေပါတယ်။ သရုပ် ဆောင်ကတော့ ကျွန်တော်နဲ့ အ ရမ်းကြီး ကီးကိုက်လှတယ်မဟုတ် ဘူး။ ဒီကားပြီးရင်တော့ လော လောဆယ်မှာ ကားရိုက်ဖို့ မစဉ်း စားသေးဘူး။ သီချင်းပဲလုပ်မယ်။ အခုလည်း Charm က ရိုက်လက် စမို့လို့ Season-2 ကို ရိုက်ဖြစ် သွားတာပါ’’ဟု ဘန်နီဖြိုးက ပြော ကြားသည်။

ဘန်နီဖြိုးသည် မကြာသေးမီ က ခုနစ်နှစ်ကြာ လက်တွဲခဲ့သော ချစ်သူနှင့် လမ်းခွဲခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top