Property Expo
×

ရန္ကုန္ၿမိဳ႕၌ က်င္းပ မည့္ One Championship(MMA) ၿပိဳင္ပြဲတြင္ ၿပိဳင္ဘက္ ပိုလန္ႏိုင္ငံသား မိုက္ကယ္ပက္စတာနာ့ခ္ကို အႏိုင္ရရွိရန္ အေကာင္းဆံုး ႀကိဳးစားမည္ျဖစ္ေၾကာင္း ကခ်င္လူမ်ိဳး ေအာင္လအန္ဆန္ကေျပာသည္။


ယင္း MMA ၿပိဳင္ပြဲကို လာ မည့္ ေအာက္တိုဘာ ၇ ရက္တြင္ ရန္ကုန္ၿမိဳ႕ အမ်ိဳးသားအားကစား ႐ံုၿပိဳင္ပြဲ႐ံု(၁)၌ က်င္းပမည္ျဖစ္ၿပီး မစ္ဒယ္၀ိတ္တန္းတြင္ ေအာင္လအန္ဆန္ႏွင့္ မိုက္ကယ္ပက္စတာနာ့ခ္တို႔ ယွဥ္ၿပိဳင္မည္ျဖစ္သည္။

‘‘ၿပိဳင္ပြဲအတြက္ ေတာ္ေတာ္ ေလး စိတ္လႈပ္ရွားေနပါတယ္။ ကြၽန္ေတာ့္ရဲ႕ အေကာင္းဆံုး လုပ္ေဆာင္ခ်က္ေတြနဲ႔အတူ အစြမ္းကုန္ႀကိဳးစားသြားမယ္လို႔ ကတိျပဳပါတယ္။ အႏိုင္ရရွိေအာင္ ႀကိဳးစားမွာပါ။ ဘယ္ကစားသမားနဲ႔မဆို ယွဥ္ၿပိဳင္ႏိုင္ေအာင္ ကြၽန္ေတာ့္အေနနဲ႔ ျပင္ဆင္ထားပါတယ္’’ဟု ေအာင္လအန္ဆန္က ေျပာသည္။

ပိုလန္ႏိုင္ငံသား မိုက္ကယ္ ပက္စတာနာ့ခ္သည္ အသက္ (၃၂)ႏွစ္အရြယ္ရွိၿပီး မစ္ဒယ္၀ိတ္တန္းတြင္ ထိုးသတ္ေနသူျဖစ္ကာ MMA သက္တမ္းတစ္ေလွ်ာက္ ၁၂  ပြဲ ယွဥ္ၿပိဳင္ရာ၌ တစ္ပြဲသာ ႐ံႈးနိမ့္ထားၿပီး ၁၁ ပြဲ အႏိုင္ရရွိ ထားသူျဖစ္သည္။

အသက္ (၃၁)ႏွစ္အရြယ္ ေအာင္လအန္ဆန္သည္ MMA ၿပိဳင္ပြဲ သက္တမ္းတစ္ေလွ်ာက္ မစ္ဒယ္၀ိတ္တန္းတြင္ ၂၇ ပြဲ ယွဥ္ ၿပိဳင္ထားၿပီး ၁၈ ပြဲႏိုင္ ကိုးပြဲ႐ံႈးရ လဒ္ရရွိထားသည္။

အဆုိပါ MMA ၿပိဳင္ပြဲ မစ္ ဒယ္၀ိတ္တန္းတြင္ ေအာင္လအန္ ဆန္္ႏွင့္ မိုက္ကယ္ပက္စတာနာ့ခ္၊ စထေရာ၀ိတ္တန္း ကမၻာ့ခ်န္ပီယံ ျဖစ္သည့္ ဂ်ပန္ႏိုင္ငံသား ယိုရွီ တာကာက စိန္ေခၚသူ ဖိလစ္ပိုင္ ႏိုင္ငံသား ပါစီယိုႏွင့္ ယွဥ္ၿပိဳင္ မည့္ တြဲဆိုင္းႏွစ္ဆုိင္းသာ ထြက္ ေပၚေသးၿပီး အျခားတြဲဆိုင္းမ်ား ထြက္ေပၚလာျခင္းမရွိေသးေပ။

ယင္းၿပိဳင္ပြဲတြင္ MMA တြဲ ဆိုင္း ၁၀ ပြဲခန္႔ ပါ၀င္မည္ျဖစ္ၿပီး ျပည္တြင္း ႐ိုးရာလက္ေ၀႔ွသမား မ်ား ယွဥ္ၿပိဳင္မည့္ပြဲစဥ္မ်ား ပါ၀င္ မည္ျဖစ္ေၾကာင္း သတင္းရရွိ သည္။

ေအာက္တိုဘာတြင္ က်င္းပ မည့္ ယင္းMMA ၿပိဳင္ပြဲအတြက္ ပြဲ ႀကိဳသတင္းစာရွင္းလင္းပြဲကို စက္ တင္ဘာ ၆ ရက္ (ယေန႔)တြင္ ရန္ ကုန္ၿမိဳ႕၌ က်င္းပမည္ျဖစ္ၿပီး ေအာင္လအန္ဆန္ႏွင့္ ၿပိဳင္ဘက္ ပိုလန္ႏိုင္ငံသား မုိက္ကယ္ပက္ စတာနာ့ခ္ တက္ေရာက္မည္ျဖစ္ ေၾကာင္း သတင္းရရွိသည္။

ေအာင္လအန္ဆန္သည္ ၿပီး ခဲ့သည့္ မတ္လႏွင့္ ဇူလိုင္အတြင္း က ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံ တို႔တြင္ က်င္းပသည့္ MMA ၿပိဳင္ပြဲမ်ား၌ ၿပိဳင္ဘက္မ်ားကို ၎၏ နာမည္ေက်ာ္ခ်ဳပ္ကြက္ျဖင့္ အႏိုင္ရရွိၿပီး အာရွေဒသတြင္း ႏွစ္ပြဲယွဥ္ၿပိဳင္ၿပီးခ်ိန္တြင္ ႏွစ္ပြဲစလံုး အႏိုင္ရရွိထားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရန်ကုန်မြို့၌ ကျင်းပ မည့် One Championship(MMA) ပြိုင်ပွဲတွင် ပြိုင်ဘက် ပိုလန်နိုင်ငံသား မိုက်ကယ်ပက်စတာနာ့ခ်ကို အနိုင်ရရှိရန် အကောင်းဆုံး ကြိုးစားမည်ဖြစ်ကြောင်း ကချင်လူမျိုး အောင်လအန်ဆန်ကပြောသည်။


ယင်း MMA ပြိုင်ပွဲကို လာ မည့် အောက်တိုဘာ ၇ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစား ရုံပြိုင်ပွဲရုံ(၁)၌ ကျင်းပမည်ဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းတွင် အောင်လအန်ဆန်နှင့် မိုက်ကယ်ပက်စတာနာ့ခ်တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

‘‘ပြိုင်ပွဲအတွက် တော်တော် လေး စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တွေနဲ့အတူ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ကတိပြုပါတယ်။ အနိုင်ရရှိအောင် ကြိုးစားမှာပါ။ ဘယ်ကစားသမားနဲ့မဆို ယှဉ်ပြိုင်နိုင်အောင် ကျွန်တော့်အနေနဲ့ ပြင်ဆင်ထားပါတယ်’’ဟု အောင်လအန်ဆန်က ပြောသည်။

ပိုလန်နိုင်ငံသား မိုက်ကယ် ပက်စတာနာ့ခ်သည် အသက် (၃၂)နှစ်အရွယ်ရှိပြီး မစ်ဒယ်ဝိတ်တန်းတွင် ထိုးသတ်နေသူဖြစ်ကာ MMA သက်တမ်းတစ်လျှောက် ၁၂  ပွဲ ယှဉ်ပြိုင်ရာ၌ တစ်ပွဲသာ ရှုံးနိမ့်ထားပြီး ၁၁ ပွဲ အနိုင်ရရှိ ထားသူဖြစ်သည်။

အသက် (၃၁)နှစ်အရွယ် အောင်လအန်ဆန်သည် MMA ပြိုင်ပွဲ သက်တမ်းတစ်လျှောက် မစ်ဒယ်ဝိတ်တန်းတွင် ၂၇ ပွဲ ယှဉ် ပြိုင်ထားပြီး ၁၈ ပွဲနိုင် ကိုးပွဲရှုံးရ လဒ်ရရှိထားသည်။

အဆိုပါ MMA ပြိုင်ပွဲ မစ် ဒယ်ဝိတ်တန်းတွင် အောင်လအန် ဆန်နှင့် မိုက်ကယ်ပက်စတာနာ့ခ်၊ စထရောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်သည့် ဂျပန်နိုင်ငံသား ယိုရှီ တာကာက စိန်ခေါ်သူ ဖိလစ်ပိုင် နိုင်ငံသား ပါစီယိုနှင့် ယှဉ်ပြိုင် မည့် တွဲဆိုင်းနှစ်ဆိုင်းသာ ထွက် ပေါ်သေးပြီး အခြားတွဲဆိုင်းများ ထွက်ပေါ်လာခြင်းမရှိသေးပေ။

ယင်းပြိုင်ပွဲတွင် MMA တွဲ ဆိုင်း ၁၀ ပွဲခန့် ပါဝင်မည်ဖြစ်ပြီး ပြည်တွင်း ရိုးရာလက်ဝှေ့သမား များ ယှဉ်ပြိုင်မည့်ပွဲစဉ်များ ပါဝင် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အောက်တိုဘာတွင် ကျင်းပ မည့် ယင်းMMA ပြိုင်ပွဲအတွက် ပွဲ ကြိုသတင်းစာရှင်းလင်းပွဲကို စက် တင်ဘာ ၆ ရက် (ယနေ့)တွင် ရန် ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်နှင့် ပြိုင်ဘက် ပိုလန်နိုင်ငံသား မိုက်ကယ်ပက် စတာနာ့ခ် တက်ရောက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

အောင်လအန်ဆန်သည် ပြီး ခဲ့သည့် မတ်လနှင့် ဇူလိုင်အတွင်း က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ တို့တွင် ကျင်းပသည့် MMA ပြိုင်ပွဲများ၌ ပြိုင်ဘက်များကို ၎င်း၏ နာမည်ကျော်ချုပ်ကွက်ဖြင့် အနိုင်ရရှိပြီး အာရှဒေသတွင်း နှစ်ပွဲယှဉ်ပြိုင်ပြီးချိန်တွင် နှစ်ပွဲစလုံး အနိုင်ရရှိထားသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top