Property Expo
×




Credit : 7Day Daily

#Unicode Version

 ပြင်ပဈေးကွက်တွင် အ မေရိကန်ဒေါ်လာ တန်ဖိုးသည် ယခုရက်ပိုင်းအတွင်း ဆက်တိုက် မြင့်တက်လာပြီး စက်တင်ဘာ ၁၅ ရက်၌ တစ်ဒေါ်လာ ၁,၂၃၇ ကျပ်အထိ မြင့်တက်လာကြောင်း သတင်းရရှိသည်။

ပွင့်လင်းရာသီအတွက် စက် သုံးဆီတင်သွင်းသူများက ဒေါ် လာ ဝယ်ယူမှုများခြင်းကြောင့် ဈေးမြင့်တက်လာခြင်းဟု ကုန် သည်အချို့က ခန့်မှန်းသည်။

စက်တင်ဘာ လဆန်းရက် များတွင် တစ်ဒေါ်လာလျှင် ၁,၂၁၂ ကျပ်ခန့်ရှိသဖြင့် ၁၅ ရက်အတွင်း ၂၅ ကျပ်ခန့်မြင့်တက်လာခြင်းဖြစ် သည်။ ပြင်ပဈေးကွက်တွင် ဒေါ် လာဈေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးမှာလည်း ယခု လဆန်းက တစ်ကျပ်သား ၈၄၅,၀၀၀ ကျပ်မှ ၁၅ ရက်တွင် ကျပ် ၈၆၅,၀၀၀ သို့ မြင့်တက်လာသည်။ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေး မြင့်တက်လာသကဲ့သို့ ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းငွေလဲနှုန်းသည် စက်တင်ဘာ ၁၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၂၂၂ ကျပ်သို့ မြင့်တက်လာသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top