Property Expo
×

အိမ္ေထာင္ျပဳခဲ့မည္ဆုိ လွ်င္ ပရိသတ္မ်ားအား အတိအ လင္းအသိေပးေၾကညာမည္ဟု ဟာသသ႐ုပ္ေဆာင္ ပြင့္က ေျပာ ၾကားသည္။

‘‘အႏုပညာသမားဆုိတာ စိတ္လြတ္ ကိုယ္လြတ္နဲ႔ စိတ္ေပါ့ ပါးမွ အလုပ္လုပ္ရတာ အဆင္ ေျပပါတယ္။ ဒါေပမဲ့ ဘယ္အခ်ိန္ မွာ ဘာျဖစ္မယ္ဆိုတာ ကံတရား ပါပဲ။ အိမ္ေထာင္လံုးဝမျပဳဘူး ေျပာတာ မဟုတ္ပါဘူး။ အကယ္ ၍ ယူခဲ့သည္ရွိေသာ္ တရားဝင္ ေျပာမွာပါ။ တကယ္ယူရင္ ပုန္း လွ်ိဳးကြယ္လွ်ိဳးနဲ႔ တိတ္တိတ္ေလး မလုပ္ပါဘူး။ ပရိသတ္ႀကီးကို တရားဝင္ေၾကညာမွာပါ။ ေလာ ေလာဆယ္ေတာ့ အဲဒီလို စိတ္မ်ိဳး လံုးဝမရွိေသးပါဘူး’’ဟု ပြင့္က ေျပာသည္။

ၿပီးခဲ့သည့္ရက္ပိုင္းက သ႐ုပ္ ေဆာင္ပြင့္ အိမ္ေထာင္ျပဳသြား သည္ဆိုသည့္ သတင္းထြက္ေပၚလာ၍ ယင္းသတင္းမွာ ေကာလာဟလျဖစ္ေၾကာင္း ၎က ျပန္လည္ေျဖရွင္းလာျခင္းျဖစ္သည္။

‘‘ပထမတစ္ႀကိမ္ အိမ္ေထာင္ျပဳၿပီဆိုတဲ့ သတင္းတက္လာတာ ကို ေျဖရွင္းၿပီးသြား႐ံုရွိေသးတယ္။ ေနာက္တစ္ရက္မွာ ရင္ေသြးေလး ယူဖို႔ ဆံုးျဖတ္လိုက္ပါၿပီဆုိေတာ့ ကိုယ့္မွာ ဘယ္လိုေျဖရွင္းရမလဲ မသိတဲ့အထိ ျဖစ္ခဲ့တယ္။ တကယ္တမ္း သူတင္လိုက္တဲ့ ပံုမွာဆုိရင္ အခု MRTV 4 က စီးရီးမွာ အစ္မ နဲ႔ တြဲဖက္သ႐ုပ္ေဆာင္တဲ့ မင္း သားေပါ့။ ႐ိုက္ကြင္းေပၚက ဓာတ္ ပံုေတြပါပဲ။ တခ်ိဳ႕ေတြက်ေတာ့ လည္း တစ္ဆင့္စကားတစ္ဆင့္ နားနဲ႔ ရွင္းလုိ႔ရတာရွိသလို တခ်ိဳ႕ ေတြက်ေတာ့လည္း ဘယ္လိုမွ ရွင္းလုိ႔မရတဲ့အထိ ျဖစ္ခဲ့တယ္’’ ဟု ပြင့္က ထပ္မံေျပာၾကားသည္။

အဆုိပါ ေကာလာဟလ သတင္းေၾကာင့္ နယ္႐ိႈးပြဲမ်ား သြားေရာက္ေဖ်ာ္ေျဖခ်ိန္တြင္ ပရိသတ္မ်ားအား ထပ္မံေျဖရွင္း ေျပာဆုိခဲ့ ရၿပီး စိတ္႐ႈပ္ေထြးမႈမ်ားျဖစ္ခဲ့ရ၍ စိတ္မေကာင္းျဖစ္ရေၾကာင္း ၎က ေျပာသည္။

‘‘ပိုဆိုးတာက နယ္႐ိႈးေတြ သြားလို႔ရွိရင္ အစ္မကို ေတြ႕တာနဲ႔ အမ်ိဳးသားမပါဘူးလားေမးေတာ့ ဘာေျပာလို႔ ေျပာရမွန္း မသိဘူး။ စိတ္ေတြလည္း ညစ္ခဲ့ရတယ္။ မပါဘူးလို႔ေျဖရင္ အမ်ိဳးသားပဲ က်န္ခဲ့သလိုလိုေပါ့။ ေနာက္ဆံုး ႐ႈိးပြဲေတြသြားဆိုရင္ သီခ်င္းတစ္ ပုဒ္ၿပီးတာနဲ႔ ပရိသတ္ႀကီးအထင္ လြဲေနတဲ့ ကိစၥကို ကိုယ့္အထုပ္ကို လူစံုတဲ့အခ်ိန္မွာ ရွင္းျပရတယ္။ ေတာ္ေတာ္ေလး ဂယက္ထခဲ့ တယ္။ ေတာ္ေတာ္ေလးလည္း စိတ္မေကာင္းျဖစ္ရတယ္’’ဟု ပြင့္ က ေျပာသည္။

လက္ရွိတြင္ သ႐ုပ္ေဆာင္ ပြင့္သည္ ဒါ႐ိုက္တာ ေနပိုင္႐ိုက္ ကူးေနသည့္ ‘ႀကိဳက္တာေရြးလိုက္ လူပ်ိဳေတြပဲ’ဇာတ္ကားတြင္ ေဇရဲ ထက္၊ မို႔မို႔ျမင့္ေအာင္၊ ဆုအိမ့္စံ တုိ႔ႏွင့္အတူ ပါဝင္သ႐ုပ္ေဆာင္ ေနၿပီး ဟာသသ႐ုပ္ေဆာင္ ေက်ာ္ထူးႏွင့္အတူ Hair Squad တီဗီအ စီအစဥ္မ်ားကို ႐ိုက္ကူးေနသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အိမ်ထောင်ပြုခဲ့မည်ဆို လျှင် ပရိသတ်များအား အတိအ လင်းအသိပေးကြေညာမည်ဟု ဟာသသရုပ်ဆောင် ပွင့်က ပြော ကြားသည်။

‘‘အနုပညာသမားဆိုတာ စိတ်လွတ် ကိုယ်လွတ်နဲ့ စိတ်ပေါ့ ပါးမှ အလုပ်လုပ်ရတာ အဆင် ပြေပါတယ်။ ဒါပေမဲ့ ဘယ်အချိန် မှာ ဘာဖြစ်မယ်ဆိုတာ ကံတရား ပါပဲ။ အိမ်ထောင်လုံးဝမပြုဘူး ပြောတာ မဟုတ်ပါဘူး။ အကယ် ၍ ယူခဲ့သည်ရှိသော် တရားဝင် ပြောမှာပါ။ တကယ်ယူရင် ပုန်း လျှိုးကွယ်လျှိုးနဲ့ တိတ်တိတ်လေး မလုပ်ပါဘူး။ ပရိသတ်ကြီးကို တရားဝင်ကြေညာမှာပါ။ လော လောဆယ်တော့ အဲဒီလို စိတ်မျိုး လုံးဝမရှိသေးပါဘူး’’ဟု ပွင့်က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက သရုပ် ဆောင်ပွင့် အိမ်ထောင်ပြုသွား သည်ဆိုသည့် သတင်းထွက်ပေါ်လာ၍ ယင်းသတင်းမှာ ကောလာဟလဖြစ်ကြောင်း ၎င်းက ပြန်လည်ဖြေရှင်းလာခြင်းဖြစ်သည်။

‘‘ပထမတစ်ကြိမ် အိမ်ထောင်ပြုပြီဆိုတဲ့ သတင်းတက်လာတာ ကို ဖြေရှင်းပြီးသွားရုံရှိသေးတယ်။ နောက်တစ်ရက်မှာ ရင်သွေးလေး ယူဖို့ ဆုံးဖြတ်လိုက်ပါပြီဆိုတော့ ကိုယ့်မှာ ဘယ်လိုဖြေရှင်းရမလဲ မသိတဲ့အထိ ဖြစ်ခဲ့တယ်။ တကယ်တမ်း သူတင်လိုက်တဲ့ ပုံမှာဆိုရင် အခု MRTV 4 က စီးရီးမှာ အစ်မ နဲ့ တွဲဖက်သရုပ်ဆောင်တဲ့ မင်း သားပေါ့။ ရိုက်ကွင်းပေါ်က ဓာတ် ပုံတွေပါပဲ။ တချို့တွေကျတော့ လည်း တစ်ဆင့်စကားတစ်ဆင့် နားနဲ့ ရှင်းလို့ရတာရှိသလို တချို့ တွေကျတော့လည်း ဘယ်လိုမှ ရှင်းလို့မရတဲ့အထိ ဖြစ်ခဲ့တယ်’’ ဟု ပွင့်က ထပ်မံပြောကြားသည်။

အဆိုပါ ကောလာဟလ သတင်းကြောင့် နယ်ရှိုးပွဲများ သွားရောက်ဖျော်ဖြေချိန်တွင် ပရိသတ်များအား ထပ်မံဖြေရှင်း ပြောဆိုခဲ့ ရပြီး စိတ်ရှုပ်ထွေးမှုများဖြစ်ခဲ့ရ၍ စိတ်မကောင်းဖြစ်ရကြောင်း ၎င်းက ပြောသည်။

‘‘ပိုဆိုးတာက နယ်ရှိုးတွေ သွားလို့ရှိရင် အစ်မကို တွေ့တာနဲ့ အမျိုးသားမပါဘူးလားမေးတော့ ဘာပြောလို့ ပြောရမှန်း မသိဘူး။ စိတ်တွေလည်း ညစ်ခဲ့ရတယ်။ မပါဘူးလို့ဖြေရင် အမျိုးသားပဲ ကျန်ခဲ့သလိုလိုပေါ့။ နောက်ဆုံး ရှိုးပွဲတွေသွားဆိုရင် သီချင်းတစ် ပုဒ်ပြီးတာနဲ့ ပရိသတ်ကြီးအထင် လွဲနေတဲ့ ကိစ္စကို ကိုယ့်အထုပ်ကို လူစုံတဲ့အချိန်မှာ ရှင်းပြရတယ်။ တော်တော်လေး ဂယက်ထခဲ့ တယ်။ တော်တော်လေးလည်း စိတ်မကောင်းဖြစ်ရတယ်’’ဟု ပွင့် က ပြောသည်။

လက်ရှိတွင် သရုပ်ဆောင် ပွင့်သည် ဒါရိုက်တာ နေပိုင်ရိုက် ကူးနေသည့် ‘ကြိုက်တာရွေးလိုက် လူပျိုတွေပဲ’ဇာတ်ကားတွင် ဇေရဲ ထက်၊ မို့မို့မြင့်အောင်၊ ဆုအိမ့်စံ တို့နှင့်အတူ ပါဝင်သရုပ်ဆောင် နေပြီး ဟာသသရုပ်ဆောင် ကျော်ထူးနှင့်အတူ Hair Squad တီဗီအ စီအစဉ်များကို ရိုက်ကူးနေသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top