Property Expo
×

သုေတသနျပဳသူေတြရဲ႕ အဆုိရ စိတ္ခံစားမႈေတြကို ထိန္းခ်ဳပ္ပါမ်ားတဲ့အခါ ျဖစ္လာႏုိင္တဲ့ အက်ိဳးသြားေတြဟာ ယခင္တုန္းက ကၽြႏု္ပ္တုိ႕ ေတြးထင္ထားတာေတြထက္ေတာင္ ပိုၿပီးဆိုး၀ါးပါတယ္တဲ့။ စိတ္တိုျခင္း၊ ေဒါသထြက္ျခင္းဟာ ဦးေႏွာက္ရဲ႕အေရွ႕ဘက္အျခမ္းက ေသြးလွည့္ပတ္မႈႏႈန္းေတြကို ျမန္လာေစၿပီး အဲ့ဒီျဖစ္စဥ္မွာ အေကာင္ဘက္ျမင္တဲ့ စိတ္လႈပ္ရွားမႈေတြပါ ပါ၀င္ပါတယ္။

စိတ္ခံစားမႈတစ္ခုကို မ်က္လံုးမွိတ္ကာ အၾကာႀကီးေတြးေတာေနတတ္ျခင္းဟာ ေရရွည္မွာ စိတ္ပိုင္းဆုိင္ရာသာမက ရုပ္ပိုင္းဆုိင္ရာ က်န္းမာေရးေတြကိုပါ ထိခိုက္ႏုိင္တယ္ဆုိတာ သိထားၿပီး ျဖစ္ပါတယ္။ တကယ္တမ္းေတာ့ မင္းေနထုိင္ရမယ့္ မင္းရဲ႕သက္တမ္းထဲက ႏွစ္အခ်ိဳ႕ကိုပါ လာၿပီးထိပါး ခ်င္ေနပါၿပီ။ တစ္နည္းအားျဖင့္ေတာ့ အသက္တုိေစႏုိင္ပါတယ္တဲ့။

ေနာက္ဆံုးေလ့လာေတြ႕ရွိခ်က္အရ အရြယ္မတုိင္မီ ေသဆံုးသူေတြထဲမွာ စိတ္ခံစားမႈအမ်ိဳးမ်ိဳးကို ၿမိဳသိပ္ခံစားတတ္တဲ့သူေတြဟာ သူတုိ႕ ဘာေတြေတြးေတာခံစားေနရလဲဆုိတာကို အပြင့္လင္းဆံုး ေဖာ္ျပတတ္သူေတြထက္ ပမာဏ သံုးပံုတစ္ပံုေလာက္ပိုမ်ားပါတယ္တဲ့။ ဒီလုိမ်ိဳး စိတ္ခံစားမႈရဲ႕ ပေယာဂေၾကာင့္ ေသဆံုးၾကသူေတြအထဲမွာမွ ႏွလံုးေရာဂါေၾကာင့္ ေသဆံုးရသူေတြဟာ ၄၇ ရာခိုင္ႏႈန္းေလာက္ တိုးလာၿပီး ကင္ဆာေၾကာင့္ ေသဆံုးသူေတြကေတာ့ ၇၀ ရာခိုင္ႏႈန္းေလာက္အထိ တုိးလာပါတယ္တဲ့။

သုေတသနျပဳသူေတြအေနနဲ႔ က်န္းမာေရးေစာင့္ၾကည့္ စစ္ေဆးမႈအဖြဲ႕ကို ၁၉၉၆ခုႏွစ္မွာ လာေရာက္ အသင္း၀င္ထားတဲ့ ပွ်မ္းမွ်အသက္ ၄၄ႏွစ္ၾကားရွိတဲ့ အမ်ိဳးသား ၊ အမ်ိဳးသမီးေပါင္း ၇၉၆ ဦးကို ေလ့လာမႈေတြျပဳလုပ္ခဲ့ၾကပါတယ္။ အဲဒီေလ့လာမႈရဲ႕ ေမးခြန္းေမးတဲ့က႑တစ္ခုမွာ ပါ၀င္ စမ္းသပ္ခံသူေတြဟာ သူတို႔ရဲ႕စိတ္ကို ဘယ္ေလာက္မ်ား ခ်ဳပ္တည္းႏွိပ္ကြပ္ခဲ့ၾကသလဲဆုိတဲ့ ေမးခြန္းေတြ ပါ၀င္ပါတယ္။ ဥပမာ “ငါစိတ္တုိတဲ့အခ်ိန္တုန္းက လူေတြကိုေပးသိခဲ့လား။ ဒါမွမဟုတ္ အျခားသူေတြ စိတ္အေႏွာင့္အယွက္မျဖစ္ေအာင္ ရႊင္ျပတဲ့ပံုမ်ိဳး ဟန္ေဆာင္ခဲ့သလား” စတာေတြေပါ့။

ဒီသုေတသနာကို ၁၂ႏွစ္အၾကာမွာ ေနာက္တစ္ႀကိမ္ျပန္လုပ္ေဆာင္ခဲ့ပါတယ္။ အဲဒီ(၁၂)ႏွစ္ အတြင္းမွာပါ၀င္သူ ၇၉၆ ဦးအနက္ (၁၁၁)ဦးဟာ ေသဆံုးေနၿပီျဖစ္ပါတယ္။ ေသဆံုးသူေတြကို ျပန္ေလ့လာၾကည့္လုိက္ေတာ့ ဆုိခဲ့တဲ့အတုိင္းပဲ မ်ိဳသိပ္ခံစားတတ္သူ ဦးေရေတြက မ်ားေနပါတယ္တဲ့။ ဆက္စပ္ေနတာတစ္ခုကေတာ့ အဲ့ဒီလိုလူမ်ိဳးေတြဟာ သူတုိ႕ရဲ႕စိတ္ကို အရက္ ၊ စီးကရက္ နဲ႔ အသင့္စား အစားအစာေတြ အမ်ားႀကီးစားသံုးျခင္း စတာေတြနဲ႔ လွည့္စားထားတတ္ၾကပါတယ္။ အဲဒီ အမူအက်င့္ ေတြဟာလဲ အသက္တိုဖို႕ကို အမ်ားႀကီးေထာက္ပံ့ေပးေနသလို ျဖစ္ေနပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ ဖိအားမ်ားျခင္းဟာ အႏႈတ္သေဘာေဆာင္တဲ့ အေတြးေတြ၊ မေကာင္းျမင္စိတ္ေတြကို လြယ္လြယ္ျဖစ္ေပၚေစပါတယ္။ လြန္ခဲ့ၿပီးတဲ့ ေလ့လာမႈတစ္ခုရဲ႕ ရလဒ္မွာေတာ့ ေဒါသထြက္ျခင္းက အပ်က္သေဘာေဆာင္တဲ့ အေတြးအျမင္ေတြ ၊ ဖိအားေတြကို ေလ်ာ့က်သြားေစ ပါတယ္တဲ့။ ဦးေႏွာက္ရဲ႕ ဘယ္ဘက္အျခမ္းဟာ အျပဳသေဘာ ေဆာင္တဲ့အေတြးအျမင္ေတြနဲ႔ သက္ဆုိင္ၿပီး ညာဘက္အျခမ္းကေတာ့ အႏႈတ္သေဘာေဆာင္တဲ့ အေတြးအျမင္ အယူအဆေတြ၊ အေၾကာက္တရားေတြ ၊ ၀မ္းနည္းမႈေတြနဲ႔ သက္ဆုိင္ေနပါတယ္။

လန္ဒန္အေျခစိုက္ စိတ္ပိုင္းဆုိင္ရာေဖာင္ေဒးရွင္းမွ Vola Grandက “ၾကာရွည္ေတြးေတာ ခံစားေနမႈေၾကာင့္ ျဖစ္တဲ့ ကင္ဆာေ၀ဒနာဟာ စိတ္ခံစားမႈအနိမ့္အျမင္ေတြကို ဖိႏွိပ္ထိန္းခ်ဳပ္ထားတာနဲ႔ တစ္စိတ္တစ္ေဒသအားျဖင့္ သက္ဆုိင္ေနပါတယ္”လို႕ ဆုိပါတယ္။

ဒီေတာ့ စာဖတ္သူအေနနဲ႔လည္း ေန႕စဥ္ႀကံဳေတြ႕ေနရတဲ့ စိတ္ခံစားမႈေတြကို ရင္ဖြင့္ျပဖုိ႕ ၊ တုိင္ပင္ညွိႏိႈင္းဖုိ႔ အေဖာ္ေကာင္း တစ္ေယာက္ေလာက္ေတာ့ လုိအပ္လိမ့္မယ္လုိ႕ ထင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
သုတေသနပြုသူတွေရဲ့ အဆိုရ စိတ်ခံစားမှုတွေကို ထိန်းချုပ်ပါများတဲ့အခါ ဖြစ်လာနိုင်တဲ့ အကျိုးသွားတွေဟာ ယခင်တုန်းက ကျွနု်ပ်တို့ တွေးထင်ထားတာတွေထက်တောင် ပိုပြီးဆိုးဝါးပါတယ်တဲ့။ စိတ်တိုခြင်း၊ ဒေါသထွက်ခြင်းဟာ ဦးနှောက်ရဲ့အရှေ့ဘက်အခြမ်းက သွေးလှည့်ပတ်မှုနှုန်းတွေကို မြန်လာစေပြီး အဲ့ဒီဖြစ်စဉ်မှာ အကောင်ဘက်မြင်တဲ့ စိတ်လှုပ်ရှားမှုတွေပါ ပါဝင်ပါတယ်။

စိတ်ခံစားမှုတစ်ခုကို မျက်လုံးမှိတ်ကာ အကြာကြီးတွေးတောနေတတ်ခြင်းဟာ ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကိုပါ ထိခိုက်နိုင်တယ်ဆိုတာ သိထားပြီး ဖြစ်ပါတယ်။ တကယ်တမ်းတော့ မင်းနေထိုင်ရမယ့် မင်းရဲ့သက်တမ်းထဲက နှစ်အချို့ကိုပါ လာပြီးထိပါး ချင်နေပါပြီ။ တစ်နည်းအားဖြင့်တော့ အသက်တိုစေနိုင်ပါတယ်တဲ့။

နောက်ဆုံးလေ့လာတွေ့ရှိချက်အရ အရွယ်မတိုင်မီ သေဆုံးသူတွေထဲမှာ စိတ်ခံစားမှုအမျိုးမျိုးကို မြိုသိပ်ခံစားတတ်တဲ့သူတွေဟာ သူတို့ ဘာတွေတွေးတောခံစားနေရလဲဆိုတာကို အပွင့်လင်းဆုံး ဖော်ပြတတ်သူတွေထက် ပမာဏ သုံးပုံတစ်ပုံလောက်ပိုများပါတယ်တဲ့။ ဒီလိုမျိုး စိတ်ခံစားမှုရဲ့ ပယောဂကြောင့် သေဆုံးကြသူတွေအထဲမှာမှ နှလုံးရောဂါကြောင့် သေဆုံးရသူတွေဟာ ၄၇ ရာခိုင်နှုန်းလောက် တိုးလာပြီး ကင်ဆာကြောင့် သေဆုံးသူတွေကတော့ ၇၀ ရာခိုင်နှုန်းလောက်အထိ တိုးလာပါတယ်တဲ့။

သုတေသနပြုသူတွေအနေနဲ့ ကျန်းမာရေးစောင့်ကြည့် စစ်ဆေးမှုအဖွဲ့ကို ၁၉၉၆ခုနှစ်မှာ လာရောက် အသင်းဝင်ထားတဲ့ ပျှမ်းမျှအသက် ၄၄နှစ်ကြားရှိတဲ့ အမျိုးသား ၊ အမျိုးသမီးပေါင်း ၇၉၆ ဦးကို လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလေ့လာမှုရဲ့ မေးခွန်းမေးတဲ့ကဏ္ဍတစ်ခုမှာ ပါဝင် စမ်းသပ်ခံသူတွေဟာ သူတို့ရဲ့စိတ်ကို ဘယ်လောက်များ ချုပ်တည်းနှိပ်ကွပ်ခဲ့ကြသလဲဆိုတဲ့ မေးခွန်းတွေ ပါဝင်ပါတယ်။ ဥပမာ “ငါစိတ်တိုတဲ့အချိန်တုန်းက လူတွေကိုပေးသိခဲ့လား။ ဒါမှမဟုတ် အခြားသူတွေ စိတ်အနှောင့်အယှက်မဖြစ်အောင် ရွှင်ပြတဲ့ပုံမျိုး ဟန်ဆောင်ခဲ့သလား” စတာတွေပေါ့။

ဒီသုတေသနာကို ၁၂နှစ်အကြာမှာ နောက်တစ်ကြိမ်ပြန်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ(၁၂)နှစ် အတွင်းမှာပါဝင်သူ ၇၉၆ ဦးအနက် (၁၁၁)ဦးဟာ သေဆုံးနေပြီဖြစ်ပါတယ်။ သေဆုံးသူတွေကို ပြန်လေ့လာကြည့်လိုက်တော့ ဆိုခဲ့တဲ့အတိုင်းပဲ မျိုသိပ်ခံစားတတ်သူ ဦးရေတွေက များနေပါတယ်တဲ့။ ဆက်စပ်နေတာတစ်ခုကတော့ အဲ့ဒီလိုလူမျိုးတွေဟာ သူတို့ရဲ့စိတ်ကို အရက် ၊ စီးကရက် နဲ့ အသင့်စား အစားအစာတွေ အများကြီးစားသုံးခြင်း စတာတွေနဲ့ လှည့်စားထားတတ်ကြပါတယ်။ အဲဒီ အမူအကျင့် တွေဟာလဲ အသက်တိုဖို့ကို အများကြီးထောက်ပံ့ပေးနေသလို ဖြစ်နေပါတယ်။

နောက်တစ်ချက်ကတော့ ဖိအားများခြင်းဟာ အနှုတ်သဘောဆောင်တဲ့ အတွေးတွေ၊ မကောင်းမြင်စိတ်တွေကို လွယ်လွယ်ဖြစ်ပေါ်စေပါတယ်။ လွန်ခဲ့ပြီးတဲ့ လေ့လာမှုတစ်ခုရဲ့ ရလဒ်မှာတော့ ဒေါသထွက်ခြင်းက အပျက်သဘောဆောင်တဲ့ အတွေးအမြင်တွေ ၊ ဖိအားတွေကို လျော့ကျသွားစေ ပါတယ်တဲ့။ ဦးနှောက်ရဲ့ ဘယ်ဘက်အခြမ်းဟာ အပြုသဘော ဆောင်တဲ့အတွေးအမြင်တွေနဲ့ သက်ဆိုင်ပြီး ညာဘက်အခြမ်းကတော့ အနှုတ်သဘောဆောင်တဲ့ အတွေးအမြင် အယူအဆတွေ၊ အကြောက်တရားတွေ ၊ ဝမ်းနည်းမှုတွေနဲ့ သက်ဆိုင်နေပါတယ်။

လန်ဒန်အခြေစိုက် စိတ်ပိုင်းဆိုင်ရာဖောင်ဒေးရှင်းမှ Vola Grandက “ကြာရှည်တွေးတော ခံစားနေမှုကြောင့် ဖြစ်တဲ့ ကင်ဆာဝေဒနာဟာ စိတ်ခံစားမှုအနိမ့်အမြင်တွေကို ဖိနှိပ်ထိန်းချုပ်ထားတာနဲ့ တစ်စိတ်တစ်ဒေသအားဖြင့် သက်ဆိုင်နေပါတယ်”လို့ ဆိုပါတယ်။

ဒီတော့ စာဖတ်သူအနေနဲ့လည်း နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ခံစားမှုတွေကို ရင်ဖွင့်ပြဖို့ ၊ တိုင်ပင်ညှိနှိုင်းဖို့ အဖော်ကောင်း တစ်ယောက်လောက်တော့ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top