Kantharyar Centre
×

ေရဟာဆိုရင္ေတာ့ လူ႔က်န္းမာေရး အတြက္ အေထာက္အကူျပဳမွန္း၊ အဓိကလိုအပ္မွန္း သိၾကေပမယ့္ အခ်ိန္မွန္၊ ပမာဏ မွန္မွန္ ေသာက္သံုးမွသာ ထိေရာက္တဲ့ေကာင္းက်ိဳးေတြကို ေပးတာပါ။ ဒါ့ေၾကာင့္ ေရေသာက္ဖုိ႔အေကာင္းဆံုးအခ်ိန္ေတြကို ေဖာ္ျပလိုက္ရပါတယ္။


၁။ မနက္ အိပ္ယာထခ်ိန္

ဖန္ခြက္ တစ္ခြက္ သုိ႔မဟုတ္ ၂ ခြက္စာ ေရေသာက္ေပးတာဟာဆိုရင္ေတာ့ ေသြးလည္ပတ္မႈကို ျမင့္တင္ေပးတာေတြ ၊ေသြးပ်စ္မႈေတြကို ေလ်ာ့ခ်ေပးတာေတြအျပင္  အူလမ္းေၾကာင္းေတြကို သန္႔ရွင္းသြားေစမွာပါ။ ဒါ့အျပင္ တစ္ညလံုးေရဓာတ္ဆံုးရႈံးထားရတာေတြကိုလည္း ဒီအခ်ိန္မွာ ေရေသာက္တာက ျပန္ၿပီး ျဖည့္တင္ေပးႏုိင္မွာ ျဖစ္ပါတယ္။

၂။ အစားမစားမီွ

အစားမစားမွီ မိနစ္ ၃၀ ေလာက္မွာ ေရဖန္ခြက္ တစ္ခြက္ ေသာက္သံုး သင့္တယ္လုိ႔ ဆုိပါတယ္။ အဲ့လုိ႔ ေသာက္သံုးတာဟာဆိုရင္ေတာ့ အစာေျခစနစ္ကို ပိုအသက္၀င္ေစျပီး အစာမွာပါဝင္တဲ့ အာဟာရေတြကို ပိုၿပီး စုပ္ယူေပးႏုိင္မွာျဖစ္တယ္လုိ႔ သိရပါတယ္။

၃။ အစားစားျပီးတစ္နာရီခြဲအၾကာ

အမွန္ေတာ့ အစားစားျပီးခ်င္းမွာ ေရေသာက္တာကို ပညာရွင္ေတြက သေဘာမက်ၾကပါဘူး။ အစားစားျပီး တစ္နာရီခြဲ အတြင္း ေရေသာက္ရင္ေတာ့ အဲ့ဒီေရဟာ အစာေျခစနစ္ကို အေႏွာက့္အယွက္ေပးႏိုင္လို႔ပဲ ျဖစ္ပါတယ္။

၄။ ညေနအခ်ိန္

ညေန ၂ နာရီ ကေန ၃ နာရီၾကားမွာ ေရ ၁ခြက္ သုိ႔မဟုတ္၂ ခြက္ေလာက္ ေသာက္သင့္တယ္ လို႔ ဆုိပါတယ္။ တစ္မနက္လံုး လူပင္ပန္း သမွ်၊ စိတ္ပင္ပန္း သမွ်ကုိ အဲ့ဒီအခ်ိန္မွာ ေရေသာက္ေပးတာက ျပန္လည္လန္းဆန္းေစမွာျဖစ္တယ္လို႔ သိရပါတယ္။

၅။ ညအိပ္ယာ၀င္ခါနီး

ည အိပ္ယာ ၀င္ခါနီးဆုိတာ မအိပ္ခင္ တစ္နာရီ ျဖစ္ပါတယ္။ ညအိပ္တဲ့ခါ ကိုယ္တြင္းမွာ အစာခ်က္ လုပ္ငန္းနဲ႔ အျခားလုပ္ေဆာင္ခ်က္ေတြအတြက္ ေရလိုအပ္ပါတယ္။ ဒါေၾကာင့္ အိပ္ယာ မ၀င္ခင္ ေရေသာက္ႏိုင္ သေလာက္ အတန္သင့္ ေသာက္ထားျခင္းျဖင့္ အစာေျခစနစ္ေရာ၊ ကိုယ္တြင္း လုပ္ေဆာင္ခ်က္ေတြကိုပါ ပံုမွန္အတိုင္း က်န္းမာစြာ လည္ပတ္ေစမွာ ျဖစ္ပါတယ္။


ရာသီဥတု ပူအိုက္တဲ့အခါ ေခြ်းအထြက္ လြန္တဲ့အတြက္၊ ေခြ်း အထြက္ မ်ားတဲ့ အတြက္ တစ္ခါတစ္ေလ က်ရင္ ေရအရမ္းဆာ တတ္ပါတယ္။ အဲ့ဒီအခ်ိန္က် ဘာမွ သတ္မွတ္ မေနေတာ့ပဲ ေရအငတ္ေျပ ဖုိ႔အတြက္ ေသာက္သံုးဖုိ႔ လိုအပ္ပါတယ္။ ေရဆာေနတုန္း အခ်ိဳရည္ ေသာက္သံုးျခင္း ထက္ ေရေသာက္သံုးျခင္းကသာ က်န္းမာေရး အတြက္ ပိုမို သင့္ေလ်ာ္ ေကာင္းမြန္ ပါတယ္။

အေပၚကအတိုင္း စနစ္မွန္မွန္ေရေသာက္ၿပီး က်န္းမာတဲ့ဘဝကို ရရွိႏုိင္မွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Version

ရေဟာဆိုရင်တော့ လူ့ကျန်းမာရေး အတွက် အထောက်အကူပြုမှန်း၊ အဓိကလိုအပ်မှန်း သိကြပေမယ့် အချိန်မှန်၊ ပမာဏ မှန်မှန် သောက်သုံးမှသာ ထိရောက်တဲ့ကောင်းကျိုးတွေကို ပေးတာပါ။ ဒါ့ကြောင့် ရေသောက်ဖို့အကောင်းဆုံးအချိန်တွေကို ဖော်ပြလိုက်ရပါတယ်။


၁။ မနက် အိပ်ယာထချိန်

ဖန်ခွက် တစ်ခွက် သို့မဟုတ် ၂ ခွက်စာ ရေသောက်ပေးတာဟာဆိုရင်တော့ သွေးလည်ပတ်မှုကို မြင့်တင်ပေးတာတွေ ၊သွေးပျစ်မှုတွေကို လျော့ချပေးတာတွေအပြင်  အူလမ်းကြောင်းတွေကို သန့်ရှင်းသွားစေမှာပါ။ ဒါ့အပြင် တစ်ညလုံးရေဓာတ်ဆုံးရှုံးထားရတာတွေကိုလည်း ဒီအချိန်မှာ ရေသောက်တာက ပြန်ပြီး ဖြည့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

၂။ အစားမစားမှီ

အစားမစားမှီ မိနစ် ၃၀ လောက်မှာ ရေဖန်ခွက် တစ်ခွက် သောက်သုံး သင့်တယ်လို့ ဆိုပါတယ်။ အဲ့လို့ သောက်သုံးတာဟာဆိုရင်တော့ အစာခြေစနစ်ကို ပိုအသက်ဝင်စေပြီး အစာမှာပါဝင်တဲ့ အာဟာရတွေကို ပိုပြီး စုပ်ယူပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

၃။ အစားစားပြီးတစ်နာရီခွဲအကြာ

အမှန်တော့ အစားစားပြီးချင်းမှာ ရေသောက်တာကို ပညာရှင်တွေက သဘောမကျကြပါဘူး။ အစားစားပြီး တစ်နာရီခွဲ အတွင်း ရေသောက်ရင်တော့ အဲ့ဒီရေဟာ အစာခြေစနစ်ကို အနှောက့်အယှက်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

၄။ ညနေအချိန်

ညနေ ၂ နာရီ ကနေ ၃ နာရီကြားမှာ ရေ ၁ခွက် သို့မဟုတ်၂ ခွက်လောက် သောက်သင့်တယ် လို့ ဆိုပါတယ်။ တစ်မနက်လုံး လူပင်ပန်း သမျှ၊ စိတ်ပင်ပန်း သမျှကို အဲ့ဒီအချိန်မှာ ရေသောက်ပေးတာက ပြန်လည်လန်းဆန်းစေမှာဖြစ်တယ်လို့ သိရပါတယ်။

၅။ ညအိပ်ယာဝင်ခါနီး

ည အိပ်ယာ ဝင်ခါနီးဆိုတာ မအိပ်ခင် တစ်နာရီ ဖြစ်ပါတယ်။ ညအိပ်တဲ့ခါ ကိုယ်တွင်းမှာ အစာချက် လုပ်ငန်းနဲ့ အခြားလုပ်ဆောင်ချက်တွေအတွက် ရေလိုအပ်ပါတယ်။ ဒါကြောင့် အိပ်ယာ မဝင်ခင် ရေသောက်နိုင် သလောက် အတန်သင့် သောက်ထားခြင်းဖြင့် အစာခြေစနစ်ရော၊ ကိုယ်တွင်း လုပ်ဆောင်ချက်တွေကိုပါ ပုံမှန်အတိုင်း ကျန်းမာစွာ လည်ပတ်စေမှာ ဖြစ်ပါတယ်။


ရာသီဥတု ပူအိုက်တဲ့အခါ ချွေးအထွက် လွန်တဲ့အတွက်၊ ချွေး အထွက် များတဲ့ အတွက် တစ်ခါတစ်လေ ကျရင် ရေအရမ်းဆာ တတ်ပါတယ်။ အဲ့ဒီအချိန်ကျ ဘာမှ သတ်မှတ် မနေတော့ပဲ ရေအငတ်ပြေ ဖို့အတွက် သောက်သုံးဖို့ လိုအပ်ပါတယ်။ ရေဆာနေတုန်း အချိုရည် သောက်သုံးခြင်း ထက် ရေသောက်သုံးခြင်းကသာ ကျန်းမာရေး အတွက် ပိုမို သင့်လျော် ကောင်းမွန် ပါတယ်။

အပေါ်ကအတိုင်း စနစ်မှန်မှန်ရေသောက်ပြီး ကျန်းမာတဲ့ဘဝကို ရရှိနိုင်မှာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top