Property Expo
×

လူမႈစီးပြားေရးအေျခအ ေနမ်ားေၾကာင့္ စိတ္ပုိင္းဆိုင္ရာ ထိခုိက္ေနသူမ်ားအား စိတ္ပုိင္း ဆုိင္ရာျမႇင့္တင္ကာ ဘ၀ျပန္လည္ ရပ္တည္ႏုိင္ေစရန္    ႏွစ္သိမ့္ ေဆြးေႏြးပညာမွ်ေ၀ေရးစင္တာ (Counselling) ကုိ ရန္ကုန္တြင္ ပထမဆုံးအႀကိမ္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ဂ်ာမနီအေျခစုိက္ Bread For The World အဖြဲ႕၏ ပံ့ပုိးမႈျဖင့္  ၀ုိင္အမ္စီေအအဖြဲ႕မွ ႀကီးမွဴး၍ ႏွစ္ သိမ့္ေဆြးေႏြးပညာမွ်ေ၀ေရးစင္ တာကို သုံးႏွစ္တာစီမံကိန္းပထမ အဆင့္အျဖစ္ ရန္ကုန္တုိင္းတြင္ စတင္ဖြင့္လွစ္မည့္အေၾကာင္း စက္တင္ဘာ ၁၆ရက္က ျမန္မာ ၀ုိင္အမ္စီေအအဖြဲ႕က ရွင္းလင္း ေျပာၾကားသည္။

စိတ္ပုိင္းဆုိင္ရာႏွင့္ စိတ္ဖိစီး မႈေ၀ဒနာမ်ားႀကဳံေတြ႕ခံစားေနရ သူမ်ားကို အားေပးႏွစ္သိမ့္ေဆြး ေႏြးကာ မိမိ၏ ကုိယ္ပုိင္အစြမ္းအ စမ်ားျဖင့္ ဘ၀ရပ္တည္မႈျပန္ လည္ခုိင္မာေစရန္ ပထမအဆင့္လုပ္ငန္းစဥ္အျဖစ္ ဒလ၊ လႈိင္သာယာ၊ ဒဂုံဆိပ္ကမ္းႏွင့္ ဒဂုံၿမိဳ႕သစ္(ေတာင္ပုိင္း)စသည့္ၿမိဳ႕နယ္ေလးၿမိဳ႕နယ္တြင္ ေရႊ႕လ်ားအဖြဲ႕ျဖင့္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း အဆုိပါစင္တာမွ စီမံကိန္းမန္ေနဂ်ာေဒၚနန္႔သဇင္ေထြးက ေျပာသည္။‘‘ကၽြန္မတုိ႔က ရန္ကုန္ၿမိဳ႕မွာ ဘာေၾကာင့္အရင္ဆုံးလုပ္ရသလဲ ဆိုရင္ ေနထုိင္သူဦးေရကမ်ားျပား တယ္။ အဲဒီအတြက္ စိတ္ဖိစီးမႈကို ပုံစံမ်ဳိးစုံနဲ႔ လူမ်ဳိးစုံက ေန႔စဥ္နဲ႔အမွ် ႀကဳံေတြ႕ေနရတယ္။ စိတ္ဖိစီးမႈ ေ၀ဒနာေတြ ခံစားေနရတယ္။ ဒါ ေၾကာင့္ စိတ္ပညာဆုိင္ရာဆရာ ၀န္ႀကီးေတြနဲ႔ ေတြ႕ဆုံကုသပညာ ေပးမယ္။ ေဆြးေႏြးေပးသြားမယ္’’ ဟု ၎ကေျပာသည္။

စိတ္ဖိစီးမႈေ၀ဒနာခံစားေနရ သူ လူငယ္၊ လူလတ္၊ လူႀကီး၊ အိမ္ေထာင္ရွင္မ်ား၊ HIV၊ ကင္ ဆာ၊ အသည္းေရာင္အသား၀ါစ သည့္နာတာရွည္ေရာဂါရွင္မ်ား၊ မသန္စြမ္းသူမ်ားႏွင့္ အဓမၼျပဳ က်င့္ခံရသည့္ ကေလးသူငယ္ (သို႔မဟုတ္)အရြယ္ေရာက္သူတုိ႔ အား စိတ္ဓာတ္ပုိင္းဆုိင္ရာျပန္ လည္ျမႇင့္တင္ေပးျခင္းလုပ္ငန္း မ်ားကို ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း ေဒၚနန္႔သဇင္ေထြးက ဆက္လက္ေျပာၾကားသည္။

အဆုိပါႏွစ္သိမ့္ေဆြးေႏြးပ ညာမွ်ေ၀ေရးစင္တာကို ၂၀၁၇ ဇန္န၀ါရီတြင္ စတင္ဖြင့္လွစ္ရန္စီစဥ္ထားၿပီး ယခုႏွစ္ ႏုိ၀င္ဘာတြင္ Bread For the World အဖြဲ႕မွ ပညာရွင္မ်ားႏွင့္ျပည္တြင္းမွ စိတ္ပညာဆုိင္ရာဆရာ၀န္မ်ားက စိတ္ပုိင္းဆုိင္ရာခံစားေနရသူမ်ားကို ပညာေပးသင္တန္းမ်ား ပုိ႔ခ်မည္ျဖစ္ေၾကာင္းသိရသည္။

‘‘Counselling လုိစင္တာမ်ဳိး ေတြကို တုိင္းနဲ႔ျပည္နယ္အသီးသီး မွာ ဖြင့္လွစ္ႏုိင္ရင္ပုိေကာင္းပါ  တယ္။ စိတ္ပုိင္းဆုိင္ရာခံစားေနရ သူေတြအတြက္ အမ်ားႀကီးအက်ဳိး ရွိပါတယ္။ ကၽြန္ေတာ္တုိ႔ လူမႈ၀န္ ထမ္းဦးစီးဌာနကလည္း ဘယ္ေန ရာမွာ ကူညီမႈေတြလိုအပ္လဲဆို တာ ေစာင့္ၾကည့္ၿပီး ကူညီေပး သြားမယ္’’ဟု ရန္ကုန္တုိင္းေဒသ ႀကီးလူမႈ၀န္ထမ္းဦးစီးဌာနမွ ၫႊန္ ၾကားေရးမွဴးဦးမ်ဳိးဆက္ေအာင္က ေျပာသည္။

ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕ နယ္ ၃၁ၿမိဳ႕နယ္တြင္ ေရြ႕လ်ားႏွစ္ သိမ့္အားေပးေဆြးေႏြးမႈမ်ားျပဳ လုပ္ရန္ ေမာ္ေတာ္ယာဥ္တစ္စီး ထားရွိ ေဆာင္ရြက္မည္ျဖစ္ သည္။ ထုိ႔အျပင္ စင္တာစတင္ လည္ပတ္ပါက ဗုိလ္တေထာင္ၿမိဳ႕ နယ္၊ သိမ္ျဖဴလမ္းရွိ ႏွစ္သိမ့္ေဆြး ေႏြးပညာမွ်ေ၀ေရးစင္တာသို႔မည္ သူမဆုိ အခမဲ့လာေရာက္ေဆြး ေႏြးႏုိင္ေၾကာင္း သတင္းရရွိသည္။

အဆုိပါစင္တာသုိ႔ လာ ေရာက္ေဆြးေႏြးသူမ်ားအနက္ ေဆးကုသမႈခံယူရန္ လုိအပ္သူ မ်ားအား သဃၤန္းကၽြန္းစံျပေဆး ႐ုံ၊ ရြာသာႀကီးစိတ္က်န္းမာေရး ေဆး႐ုံ(ရန္ကုန္)ႏွင့္ ျပင္ပေဆး ခန္းမ်ားတြင္လည္းအခမဲ့ကုသ ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

လူမှုစီးပွားရေးအခြေအ နေများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေသူများအား စိတ်ပိုင်း ဆိုင်ရာမြှင့်တင်ကာ ဘဝပြန်လည် ရပ်တည်နိုင်စေရန်    နှစ်သိမ့် ဆွေးနွေးပညာမျှဝေရေးစင်တာ (Counselling) ကို ရန်ကုန်တွင် ပထမဆုံးအကြိမ်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဂျာမနီအခြေစိုက် Bread For The World အဖွဲ့၏ ပံ့ပိုးမှုဖြင့်  ဝိုင်အမ်စီအေအဖွဲ့မှ ကြီးမှူး၍ နှစ် သိမ့်ဆွေးနွေးပညာမျှဝေရေးစင် တာကို သုံးနှစ်တာစီမံကိန်းပထမ အဆင့်အဖြစ် ရန်ကုန်တိုင်းတွင် စတင်ဖွင့်လှစ်မည့်အကြောင်း စက်တင်ဘာ ၁၆ရက်က မြန်မာ ဝိုင်အမ်စီအေအဖွဲ့က ရှင်းလင်း ပြောကြားသည်။

စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ဖိစီး မှုဝေဒနာများကြုံတွေ့ခံစားနေရ သူများကို အားပေးနှစ်သိမ့်ဆွေး နွေးကာ မိမိ၏ ကိုယ်ပိုင်အစွမ်းအ စများဖြင့် ဘဝရပ်တည်မှုပြန် လည်ခိုင်မာစေရန် ပထမအဆင့်လုပ်ငန်းစဉ်အဖြစ် ဒလ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)စသည့်မြို့နယ်လေးမြို့နယ်တွင် ရွှေ့လျားအဖွဲ့ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါစင်တာမှ စီမံကိန်းမန်နေဂျာဒေါ်နန့်သဇင်ထွေးက ပြောသည်။‘‘ကျွန်မတို့က ရန်ကုန်မြို့မှာ ဘာကြောင့်အရင်ဆုံးလုပ်ရသလဲ ဆိုရင် နေထိုင်သူဦးရေကများပြား တယ်။ အဲဒီအတွက် စိတ်ဖိစီးမှုကို ပုံစံမျိုးစုံနဲ့ လူမျိုးစုံက နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတယ်။ စိတ်ဖိစီးမှု ဝေဒနာတွေ ခံစားနေရတယ်။ ဒါ ကြောင့် စိတ်ပညာဆိုင်ရာဆရာ ဝန်ကြီးတွေနဲ့ တွေ့ဆုံကုသပညာ ပေးမယ်။ ဆွေးနွေးပေးသွားမယ်’’ ဟု ၎င်းကပြောသည်။

စိတ်ဖိစီးမှုဝေဒနာခံစားနေရ သူ လူငယ်၊ လူလတ်၊ လူကြီး၊ အိမ်ထောင်ရှင်များ၊ HIV၊ ကင် ဆာ၊ အသည်းရောင်အသားဝါစ သည့်နာတာရှည်ရောဂါရှင်များ၊ မသန်စွမ်းသူများနှင့် အဓမ္မပြု ကျင့်ခံရသည့် ကလေးသူငယ် (သို့မဟုတ်)အရွယ်ရောက်သူတို့ အား စိတ်ဓာတ်ပိုင်းဆိုင်ရာပြန် လည်မြှင့်တင်ပေးခြင်းလုပ်ငန်း များကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဒေါ်နန့်သဇင်ထွေးက ဆက်လက်ပြောကြားသည်။

အဆိုပါနှစ်သိမ့်ဆွေးနွေးပ ညာမျှဝေရေးစင်တာကို ၂၀၁၇ ဇန်နဝါရီတွင် စတင်ဖွင့်လှစ်ရန်စီစဉ်ထားပြီး ယခုနှစ် နိုဝင်ဘာတွင် Bread For the World အဖွဲ့မှ ပညာရှင်များနှင့်ပြည်တွင်းမှ စိတ်ပညာဆိုင်ရာဆရာဝန်များက စိတ်ပိုင်းဆိုင်ရာခံစားနေရသူများကို ပညာပေးသင်တန်းများ ပို့ချမည်ဖြစ်ကြောင်းသိရသည်။

‘‘Counselling လိုစင်တာမျိုး တွေကို တိုင်းနဲ့ပြည်နယ်အသီးသီး မှာ ဖွင့်လှစ်နိုင်ရင်ပိုကောင်းပါ  တယ်။ စိတ်ပိုင်းဆိုင်ရာခံစားနေရ သူတွေအတွက် အများကြီးအကျိုး ရှိပါတယ်။ ကျွန်တော်တို့ လူမှုဝန် ထမ်းဦးစီးဌာနကလည်း ဘယ်နေ ရာမှာ ကူညီမှုတွေလိုအပ်လဲဆို တာ စောင့်ကြည့်ပြီး ကူညီပေး သွားမယ်’’ဟု ရန်ကုန်တိုင်းဒေသ ကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန် ကြားရေးမှူးဦးမျိုးဆက်အောင်က ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့ နယ် ၃၁မြို့နယ်တွင် ရွေ့လျားနှစ် သိမ့်အားပေးဆွေးနွေးမှုများပြု လုပ်ရန် မော်တော်ယာဉ်တစ်စီး ထားရှိ ဆောင်ရွက်မည်ဖြစ် သည်။ ထို့အပြင် စင်တာစတင် လည်ပတ်ပါက ဗိုလ်တထောင်မြို့ နယ်၊ သိမ်ဖြူလမ်းရှိ နှစ်သိမ့်ဆွေး နွေးပညာမျှဝေရေးစင်တာသို့မည် သူမဆို အခမဲ့လာရောက်ဆွေး နွေးနိုင်ကြောင်း သတင်းရရှိသည်။

အဆိုပါစင်တာသို့ လာ ရောက်ဆွေးနွေးသူများအနက် ဆေးကုသမှုခံယူရန် လိုအပ်သူ များအား သင်္ဃန်းကျွန်းစံပြဆေး ရုံ၊ ရွာသာကြီးစိတ်ကျန်းမာရေး ဆေးရုံ(ရန်ကုန်)နှင့် ပြင်ပဆေး ခန်းများတွင်လည်းအခမဲ့ကုသ ပေးမည်ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top