Kantharyar Centre
×

မေကြးတိုင္းေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ႕တြင္ အမ္ပီသရီးဘကၳရီအားသြင္းထားရာမွ အပူလြန္ကဲၿပီး မီးေလာင္မႈတစ္ခု ယေန႔ စက္တင္ဘာ(၉)ရက္ နံနက္ (၁)နာရီ (၅၅)မိနစ္အခ်ိန္ခန္႔က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္ ။


အဆိုပါ မီးေလာင္မႈ ျဖစ္ပြားသည့္ေနရာမွာ အုန္းေတာ(၂)ရပ္ကြက္ ၊ ထေနာင္းရိပ္လမ္းေန (ဘ) ဦးစန္းျမင့္၏သမီး (သ)၃၈ ႏွစ္႐ွိ ေဒၚျဖဴျဖဴထိုက္ ပိုင္ဆိုင္ေသာ အုန္းေတာ(၁)ရပ္ကြက္ ၊ အပိုင္း(၄) ၊ ျပည္လမ္း ၊ အိမ္အမွတ္(၂၉၄)႐ွိ တံခြန္ထမင္းဆိုင္တြင္ျဖစ္ၿပီး အမ္ပီသရီးဘကၳရီ အားသြင္းထားရာမွ အပူလြန္ကဲၿပီး (၃)ပင္ပတ္လည္ ၊ အုတ္ညႇပ္ ၊ သြပ္မိုး ၊ ႏွစ္ထပ္အေဆာက္အဦးတစ္လံုး၏ အတြင္းပိုင္း မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း မွတ္တမ္းမ်ားအရ သိရသည္ ။


မီးေလာင္မႈျဖစ္ပြားရာသို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးသိန္းေဇာ္၀င္း ၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မႉး ယာယီရဲမႉး ၀င္းႏိုင္ေမာ္ ၊ ၿမိဳ႕နယ္မီးသတ္ဦးစီးမႉး ဦးေမာင္ေမာင္ေထြးႏွင့္ သေႏၶမီးသတ္တပ္ဖြဲ႔၀င္(၁၈)ဦး၊
အရန္မီးသတ္ ဒုတိယတပ္ရင္းမႉး ဦးရဲျမင့္ေမာင္ႏွင့္ တပ္ဖြဲ႔၀င္(၅၀)ဦး၊ မီးသတ္ယာဥ္(၇)စီး၊ ေရသယ္ယာဥ္ (၁)စီးႏွင့္ ေဒသခံျပည္သူမ်ား ၀ိုင္း၀န္းၿငိမ္းသတ္ခဲ့ၾက သျဖင့္ နံနက္ (၂)နာရီ (၅)မိနစ္အခ်ိန္ခန္႔ မီးၫြန္႔က်ိဳးခဲ့ၿပီး (၂)နာရီ (၂၅)မိနစ္အခ်ိန္ခန္႔တြင္ မီး လံုး၀ၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္ ။


မီးေလာင္မႈျဖစ္ပြားစဥ္အတြင္း အဆိုပါေစ်းဆိုင္တြင္ အလုပ္လုပ္ကိုင္ၿပီး ညအိပ္ေနထိုင္သူ(၄)ဦးအနက္ ေရႊအိုး(၁)ရပ္ကြက္ ၊ စိန္ရတနာဆီစက္လမ္းေန (ဘ) ဦးေမာင္သူ၏ သမီး (သ) ၂၂ ႏွစ္႐ွိ မဇင္မာႏွင္းသည္ ေနအိမ္အေပၚထပ္ ျပဴတင္းေပါက္မွ ခုန္ခ်စဥ္ ခါးနာဒဏ္ရာ ( မစိုးရိမ္ရ ) ရ႐ွိကာ ၿမိဳ႕နယ္ျပည္သူ႔ေဆးရံုတြင္ ေဆးကုသမႈခံယူလ်ွက္႐ွိၿပီး အျခားလူေနအိမ္ ၊ အေဆာက္အဦးမ်ားသို႔ ကူးစက္ေလာင္ကြၽမ္းျခင္းမ႐ွိခဲ့ေၾကာင္း ၊ ဆံုး႐ႈံးမႈတန္ဖိုး ေငြက်ပ္ ( ၄၅၀၀၀၀ိ /- ) ခန္႔ဆံုး႐ႈံးခဲ့ရေၾကာင္းႏွင့္ မီးေလာင္မႈႏွင့္ပတ္သက္၍ ေစ်းဆိုင္ပိုင္႐ွင္ ေဒၚျဖဴျဖဴထိုက္အား ေတာင္တြင္းႀကီး ၿမိဳ႕မရဲတပ္ဖြဲ႔စခန္း (ပ) ၁၂၄၂ / ၂၀၁၆ ၊ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၂၈၅ အရ အမႈတြဲဖြင့္လွစ္ အေရးယူေဆာင္ရြက္လ်ွက္႐ွိေၾကာင္း သတင္းရ႐ွိသည္ ။


 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် အမ်ပီသရီးဘက္ထရီအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုတစ်ခု ယနေ့ စက်တင်ဘာ(၉)ရက် နံနက် (၁)နာရီ (၅၅)မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

အဆိုပါ မီးလောင်မှု ဖြစ်ပွားသည့်နေရာမှာ အုန်းတော(၂)ရပ်ကွက် ၊ ထနောင်းရိပ်လမ်းနေ (ဘ) ဦးစန်းမြင့်၏သမီး (သ)၃၈ နှစ်ရှိ ဒေါ်ဖြူဖြူထိုက် ပိုင်ဆိုင်သော အုန်းတော(၁)ရပ်ကွက် ၊ အပိုင်း(၄) ၊ ပြည်လမ်း ၊ အိမ်အမှတ်(၂၉၄)ရှိ တံခွန်ထမင်းဆိုင်တွင်ဖြစ်ပြီး အမ်ပီသရီးဘက္ထရီ အားသွင်းထားရာမှ အပူလွန်ကဲပြီး (၃)ပင်ပတ်လည် ၊ အုတ်ညှပ် ၊ သွပ်မိုး ၊ နှစ်ထပ်အဆောက်အဦးတစ်လုံး၏ အတွင်းပိုင်း မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည် ။


မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ဝင်းနိုင်မော် ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၈)ဦး၊
အရန်မီးသတ် ဒုတိယတပ်ရင်းမှူး ဦးရဲမြင့်မောင်နှင့် တပ်ဖွဲ့ဝင်(၅၀)ဦး၊ မီးသတ်ယာဉ်(၇)စီး၊ ရေသယ်ယာဉ် (၁)စီးနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြ သဖြင့် နံနက် (၂)နာရီ (၅)မိနစ်အချိန်ခန့် မီးညွန့်ကျိုးခဲ့ပြီး (၂)နာရီ (၂၅)မိနစ်အချိန်ခန့်တွင် မီး လုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည် ။


မီးလောင်မှုဖြစ်ပွားစဉ်အတွင်း အဆိုပါဈေးဆိုင်တွင် အလုပ်လုပ်ကိုင်ပြီး ညအိပ်နေထိုင်သူ(၄)ဦးအနက် ရွှေအိုး(၁)ရပ်ကွက် ၊ စိန်ရတနာဆီစက်လမ်းနေ (ဘ) ဦးမောင်သူ၏ သမီး (သ) ၂၂ နှစ်ရှိ မဇင်မာနှင်းသည် နေအိမ်အပေါ်ထပ် ပြူတင်းပေါက်မှ ခုန်ချစဉ် ခါးနာဒဏ်ရာ ( မစိုးရိမ်ရ ) ရရှိကာ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိပြီး အခြားလူနေအိမ် ၊ အဆောက်အဦးများသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိခဲ့ကြောင်း ၊ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ( ၄၅၀၀၀၀ိ /- ) ခန့်ဆုံးရှုံးခဲ့ရကြောင်းနှင့် မီးလောင်မှုနှင့်ပတ်သက်၍ ဈေးဆိုင်ပိုင်ရှင် ဒေါ်ဖြူဖြူထိုက်အား တောင်တွင်းကြီး မြို့မရဲတပ်ဖွဲ့စခန်း (ပ) ၁၂၄၂ / ၂၀၁၆ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုတွဲဖွင့်လှစ် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည် ။





 ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top