Property Expo
×

အသက္ ၂၉ ႏွစ္အရြယ္ အဆုိေတ္ အဒဲလ္ဟာ သူမရဲ႕ ပထမဆံုး သီခ်င္းေခြ ထုတ္ဖုိ႔အတြက္ စာခ်ဳပ္ခ်ဳပ္ရခ်ိန္မွာ လက္လႊတ္ခဲ့ရတဲ့ ပညာေရးကို ျပန္လည္သင္ယူဖို႔ အစီအစဥ္ရွိတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

လန္ဒန္မွာ ေမြးဖြားတဲ့ အဒဲလ္ဟာ အသက္ ၁၄ ႏွစ္အရြယ္မွာ BRIT သုခုမအႏုပညာေက်ာင္းတက္ခဲ့သူျဖစ္ပါတယ္။

"ကၽြန္မ တကၠသိုလ္အရမ္းတက္ခ်င္တာ။ ဒါဟာ မျဖစ္ႏိုင္သလို ထင္ရမယ္ဆုိတာ သိပါတယ္။ ဒါေပမဲ့ ေက်ာင္းတက္ဖုိပဆုိတာ ကၽြန္မ လုပ္မယ့္ အစီအစဥ္တစ္ခုပါ" လို႔ သူမက ဆုိပါတယ္။

"အဂၤလန္က လစ္ဗာပူးမွာ တကၠသိုလ္တက္ဖုိ႔လုပ္ေနတုန္း သီခ်င္းေခြ ထုတ္ဖုိ႔ ကမ္းလွမ္းခံရတယ္။ အဲဒီေတာ့ ကၽြန္မ ဘာလုပ္ရမလဲေပါ့။ု ကၽြန္မ သီခ်င္းေခြထုတ္ဖို႔ကို ေရြးခ်ယ္လုိက္ပါတယ္။ အဲဒီအတြက္ လံုးဝေနာင္တမရပါဘူး" လို႔ အဒဲလ္က ေျပာျပခဲ့ပါတယ္။

သူမရဲ႕အိပ္မက္ကေတာ့ နာမည္ႀကီး မန္ဆက္ခ်ဴးဆက္က Harvard တကၠသိုလ္ကို တက္ရဖုိ႔ ျဖစ္ပါတယ္။ အဲဒီေက်ာင္းမွာ နာမည္ေက်ာ္ ေဟာလိဝုဒ္မင္းသမီး နာတာလီေပါ့တ္မန္း၊ ေဖ့စ္ဘြတ္တည္ေထာင္သူ မက္ခ္ဇူးကားဘာ့ဂ္နဲ႔ မိုက္ခ႐ိုေဆာ့ဖ္တည္ေထာင္သူ ဘီဂိတ္တုိ႔ တက္ခဲ့ၾကပါတယ္။

ဒါေပမဲ့ အဒဲလက္ေတာ့ သူမဟာ အဲဒီေက်ာင္းကို ဝင္ခြင့္ရေလာက္ေအာင္ သူမကိုယ္သူမ ထက္ျမက္တယ္လို႔ မထင္ဘူးလို႔ ဝန္ခံခဲ့ပါတယ္။

"ကၽြန္မ ဟားဗတ္ကို ေလွ်ာက္ၾကည့္ခ်င္တယ္။ ဒါေပမဲ့ ကၽြန္မက ဟားဗတ္တကၠသိုလ္တက္ႏိုင္ေလာက္ေအာင္ ေတာ္တယ္လို႔ လူေတြ ထင္မသြားေစခ်င္ဘူး။ တီရွပ္တစ္ထည္ဝယ္မလားလို႔။ အဲဒါမွ ဟားဗတ္တီရွပ္ဝတ္ၿပီး အိပ္လို႔ရမွာေလ။ အဲဒီေက်ာင္းမွာ တက္ခြင့္ရမယ္ဆုိရင္ မ်က္မွန္တပ္ရသူလို ဟန္ေဆာင္မိမယ္ ထင္တယ္" လုိ႔ အဒဲလ္က သူမစိတ္ကူးကို ေျပာျပပါတယ္။

သူမရဲ႕ ၄ ႏွစ္အရြယ္ သားေလး အန္ဂ်ယ္လိုအတြက္ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြကို ၁၀ ႏွစ္ရပ္နားဖို႔ အစီအစဥ္မွာလည္း မွန္ကန္ေၾကာင္း အဒဲလ္က အတည္ျပဳေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အသက် ၂၉ နှစ်အရွယ် အဆိုတေ် အဒဲလ်ဟာ သူမရဲ့ ပထမဆုံး သီချင်းခွေ ထုတ်ဖို့အတွက် စာချုပ်ချုပ်ရချိန်မှာ လက်လွှတ်ခဲ့ရတဲ့ ပညာရေးကို ပြန်လည်သင်ယူဖို့ အစီအစဉ်ရှိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

လန်ဒန်မှာ မွေးဖွားတဲ့ အဒဲလ်ဟာ အသက် ၁၄ နှစ်အရွယ်မှာ BRIT သုခုမအနုပညာကျောင်းတက်ခဲ့သူဖြစ်ပါတယ်။

"ကျွန်မ တက္ကသိုလ်အရမ်းတက်ချင်တာ။ ဒါဟာ မဖြစ်နိုင်သလို ထင်ရမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျောင်းတက်ဖိုပဆိုတာ ကျွန်မ လုပ်မယ့် အစီအစဉ်တစ်ခုပါ" လို့ သူမက ဆိုပါတယ်။

"အင်္ဂလန်က လစ်ဗာပူးမှာ တက္ကသိုလ်တက်ဖို့လုပ်နေတုန်း သီချင်းခွေ ထုတ်ဖို့ ကမ်းလှမ်းခံရတယ်။ အဲဒီတော့ ကျွန်မ ဘာလုပ်ရမလဲပေါ့။ု ကျွန်မ သီချင်းခွေထုတ်ဖို့ကို ရွေးချယ်လိုက်ပါတယ်။ အဲဒီအတွက် လုံးဝနောင်တမရပါဘူး" လို့ အဒဲလ်က ပြောပြခဲ့ပါတယ်။

သူမရဲ့အိပ်မက်ကတော့ နာမည်ကြီး မန်ဆက်ချူးဆက်က Harvard တက္ကသိုလ်ကို တက်ရဖို့ ဖြစ်ပါတယ်။ အဲဒီကျောင်းမှာ နာမည်ကျော် ဟောလိဝုဒ်မင်းသမီး နာတာလီပေါ့တ်မန်း၊ ဖေ့စ်ဘွတ်တည်ထောင်သူ မက်ခ်ဇူးကားဘာ့ဂ်နဲ့ မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီဂိတ်တို့ တက်ခဲ့ကြပါတယ်။

ဒါပေမဲ့ အဒဲလက်တော့ သူမဟာ အဲဒီကျောင်းကို ဝင်ခွင့်ရလောက်အောင် သူမကိုယ်သူမ ထက်မြက်တယ်လို့ မထင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။

"ကျွန်မ ဟားဗတ်ကို လျှောက်ကြည့်ချင်တယ်။ ဒါပေမဲ့ ကျွန်မက ဟားဗတ်တက္ကသိုလ်တက်နိုင်လောက်အောင် တော်တယ်လို့ လူတွေ ထင်မသွားစေချင်ဘူး။ တီရှပ်တစ်ထည်ဝယ်မလားလို့။ အဲဒါမှ ဟားဗတ်တီရှပ်ဝတ်ပြီး အိပ်လို့ရမှာလေ။ အဲဒီကျောင်းမှာ တက်ခွင့်ရမယ်ဆိုရင် မျက်မှန်တပ်ရသူလို ဟန်ဆောင်မိမယ် ထင်တယ်" လို့ အဒဲလ်က သူမစိတ်ကူးကို ပြောပြပါတယ်။

သူမရဲ့ ၄ နှစ်အရွယ် သားလေး အန်ဂျယ်လိုအတွက် ဖျော်ဖြေရေးအစီအစဉ်တွေကို ၁၀ နှစ်ရပ်နားဖို့ အစီအစဉ်မှာလည်း မှန်ကန်ကြောင်း အဒဲလ်က အတည်ပြုပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top