Property Expo
×

 ေဖေဖာ္၀ါရီလကုန္ က  ဒါဘီပြဲတြင္ အိမ္ကြင္း၌ အက္သလက္တီကုိကို ႐ံႈံးနိမ့္ခဲ့ၿပီး ေနာက္ ၁၅ ပြဲဆက္တုိက္ အႏုိင္ရရိွထားေသာ ရီးရဲလ္အသင္းသည္ စပိန္လာလီဂါဖလားရရိွေရး အဓိကဦးစားေပးႀကိဳးပမ္းမည္ဟု နည္းျပ ဇီဒန္းက ေျပာၾကားသည္။

ရီးရဲလ္သည္ ၂၀၁၁-၁၂ ရာသီေနာက္ပုိင္း လာလီဂါဖလား ရရိွျခင္းမရိွေသးေပ။ ယင္းရာသီ က ရီးရဲလ္ကို ေမာ္ရင္ဟုိကုိင္ တြယ္စဥ္ ဖလားရရိွခဲ့ေသာ္လည္း ယင္းေနာက္ပုိင္း ဘာကာက သံုး ႀကိမ္၊ အက္သလက္တီကုိက တစ္ႀကိမ္ရရိွခဲ့သည္။

ယခုရာသီတြင္  သံုးပဲြစလံုး အႏုိင္ရထားေသာ ရီးရဲလ္အသင္း သည္ အိုဆာဆူနာအသင္းကို စေနေန႔က ၅-၂ ဂုိးျဖင့္ အႏုိင္ရ ေသာ ပြဲတြင္ ပဲြစၿပီး ေျခာက္မိနစ္၌ ဂုိးစသြင္းယူႏိုင္ခဲ့သည္။

‘‘လာလီဂါဖလားဟာ ကြၽန္ ေတာ္တို႔ရဲ႕ အႀကီးမားဆံုးဦးစား ေပးဖလားပါ။ ကြၽန္ေတာ္တုိ႔ႏုိင္ပြဲ ေတြ ဆက္ထိန္းထားဖို႔ ႀကိဳးစား သြားပါမယ္။ ပြဲေတြအမ်ားႀကီး က်န္ေသးေပမယ့္ ကြၽန္ေတာ္တို႔ ဟာ အသင္းႀကီးတစ္သင္းပါ။ ပြဲတစ္ပြဲတုိင္းမွာ လုိအပ္တာကုိ ၾကည့္ၿပီး ျဖည့္စြက္သြားပါမယ္’’ ဟု ဇီဒန္းက ေျပာသည္။

ရီးရဲလ္၏ အဓိကၿပိဳင္ဘက္ ဘာစီလိုနာက တန္းတက္အလာ ဗတ္စ္ကုိ ၂-၁ ဂုိးျဖင့္ ႐ႈံးနိမ့္စဥ္ေနာက္ထပ္ၿပိဳင္ဘက္ အက္သ လက္တီကိုက ယခုရာသီ၌ ပထမ ဆံုးႏုိင္ပြဲရရိွခဲ့သည္။

လက္ရိွတြင္ လာလီဂါထိပ္ သီးသံုးသင္း၌ ရီးရဲလ္တစ္သင္း တည္းသာ ရာႏႈန္းျပည့္ ႏုိင္ပြဲ ရရိွထားသည္။ သုိ႔ေသာ္ပြဲအမ်ားအျပား က်န္ရိွေနေသးေသာ ေၾကာင့္ လုိအပ္ခ်က္မ်ား ျဖည့္စြက္ျပင္ဆင္ရဦးမည္ဟု ဇီဒန္းက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ဖေဖော်ဝါရီလကုန် က  ဒါဘီပွဲတွင် အိမ်ကွင်း၌ အက်သလက်တီကိုကို ရှုံံးနိမ့်ခဲ့ပြီး နောက် ၁၅ ပွဲဆက်တိုက် အနိုင်ရရှိထားသော ရီးရဲလ်အသင်းသည် စပိန်လာလီဂါဖလားရရှိရေး အဓိကဦးစားပေးကြိုးပမ်းမည်ဟု နည်းပြ ဇီဒန်းက ပြောကြားသည်။

ရီးရဲလ်သည် ၂၀၁၁-၁၂ ရာသီနောက်ပိုင်း လာလီဂါဖလား ရရှိခြင်းမရှိသေးပေ။ ယင်းရာသီ က ရီးရဲလ်ကို မော်ရင်ဟိုကိုင် တွယ်စဉ် ဖလားရရှိခဲ့သော်လည်း ယင်းနောက်ပိုင်း ဘာကာက သုံး ကြိမ်၊ အက်သလက်တီကိုက တစ်ကြိမ်ရရှိခဲ့သည်။

ယခုရာသီတွင်  သုံးပွဲစလုံး အနိုင်ရထားသော ရီးရဲလ်အသင်း သည် အိုဆာဆူနာအသင်းကို စနေနေ့က ၅-၂ ဂိုးဖြင့် အနိုင်ရ သော ပွဲတွင် ပွဲစပြီး ခြောက်မိနစ်၌ ဂိုးစသွင်းယူနိုင်ခဲ့သည်။

‘‘လာလီဂါဖလားဟာ ကျွန် တော်တို့ရဲ့ အကြီးမားဆုံးဦးစား ပေးဖလားပါ။ ကျွန်တော်တို့နိုင်ပွဲ တွေ ဆက်ထိန်းထားဖို့ ကြိုးစား သွားပါမယ်။ ပွဲတွေအများကြီး ကျန်သေးပေမယ့် ကျွန်တော်တို့ ဟာ အသင်းကြီးတစ်သင်းပါ။ ပွဲတစ်ပွဲတိုင်းမှာ လိုအပ်တာကို ကြည့်ပြီး ဖြည့်စွက်သွားပါမယ်’’ ဟု ဇီဒန်းက ပြောသည်။

ရီးရဲလ်၏ အဓိကပြိုင်ဘက် ဘာစီလိုနာက တန်းတက်အလာ ဗတ်စ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်စဉ်နောက်ထပ်ပြိုင်ဘက် အက်သ လက်တီကိုက ယခုရာသီ၌ ပထမ ဆုံးနိုင်ပွဲရရှိခဲ့သည်။

လက်ရှိတွင် လာလီဂါထိပ် သီးသုံးသင်း၌ ရီးရဲလ်တစ်သင်း တည်းသာ ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားသည်။ သို့သော်ပွဲအများအပြား ကျန်ရှိနေသေးသော ကြောင့် လိုအပ်ချက်များ ဖြည့်စွက်ပြင်ဆင်ရဦးမည်ဟု ဇီဒန်းက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top