Property Expo
×

ၾကက္သြန္ျဖဴစားျခင္းေၾကာင့္ ေသြးတိုးက်ေစႏုိင္ပါတယ္။ ၾကက္သြန္ျဖဴအစိမ္းအတိုင္းစားျခင္းျဖစ္ေစ၊ ၾကက္သြန္ျဖဴေၾကာ္စားျခင္းျဖစ္ေစ ေသြးဖိအားက်ေစႏုိင္တယ္ဆိုေပမယ့္ မခ်က္ျပဳတ္မေၾကာ္ေလွာ္ရေသးတဲ့ ၾကက္သြန္ျဖဴအစိမ္းကိုစားတာက ပိုထိေရာက္မႈရွိပါတယ္။

ခ်က္ျပဳတ္ေၾကာ္ေလွာ္လိုက္တဲ့အခါ ၾကက္သြန္ျဖဴမွာပါတဲ့ ေသြးဖိအားက်ေစတဲ့ allicin ျဒပ္ေပါင္းဟာ ေလ်ာ့နည္းသြားၿပီး ၾကက္သြန္ျဖဴအစိမ္းမွာပါ၀င္တဲ့ အာနိသင္ေလာက္ ေရာဂါအေပၚအက်ိဳးသက္ေရာက္ေစႏုိင္စြမ္းမရွိေတာ့ပါဘူး။ ဒါ့အျပင္ ၾကက္သြန္ျဖဴကိုလွီးထားၿပီး အခ်ိန္အတန္ၾကာမွ စားတာမ်ိဳးမျပဳလုပ္သင့္ပါ။

ၾကက္သြန္ျဖဴအေရာင္ညိဳမည္းလာေလ အာနိသင္ပ်က္ျပယ္ေလျဖစ္ တာေၾကာင့္ လွီးၿပီးခ်က္ခ်င္းစားေပးတာ အေကာင္းဆံုးျဖစ္ပါတယ္။ ေသြးတိုးေရာဂါရွိသူမ်ားအေနနဲ႔ ထမင္းစားတဲ့အခါ ၾကက္သြန္ျဖဴ 4-5 မႊာကို တို႔စရာအျဖစ္ ေန႔စဥ္ပါ၀င္ေအာင္ စားေပးသင့္ပါတယ္။ ဒီထက္မ်ားမ်ားစားရင္ေတာ့ ေသြးဖိအားပိုမိုက်သြားႏိုင္ပါတယ္။ ဒါေၾကာင့္ တန္ေဆး လြန္ေဘးဆုိတဲ့အတိုင္း ခ်င့္ခ်ိန္ၿပီး စားေသာက္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: drmyanmar

#Unicode Version

ကြက်သွန်ဖြူစားခြင်းကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ ကြက်သွန်ဖြူအစိမ်းအတိုင်းစားခြင်းဖြစ်စေ၊ ကြက်သွန်ဖြူကြော်စားခြင်းဖြစ်စေ သွေးဖိအားကျစေနိုင်တယ်ဆိုပေမယ့် မချက်ပြုတ်မကြော်လှော်ရသေးတဲ့ ကြက်သွန်ဖြူအစိမ်းကိုစားတာက ပိုထိရောက်မှုရှိပါတယ်။

ချက်ပြုတ်ကြော်လှော်လိုက်တဲ့အခါ ကြက်သွန်ဖြူမှာပါတဲ့ သွေးဖိအားကျစေတဲ့ allicin ဒြပ်ပေါင်းဟာ လျော့နည်းသွားပြီး ကြက်သွန်ဖြူအစိမ်းမှာပါဝင်တဲ့ အာနိသင်လောက် ရောဂါအပေါ်အကျိုးသက်ရောက်စေနိုင်စွမ်းမရှိတော့ပါဘူး။ ဒါ့အပြင် ကြက်သွန်ဖြူကိုလှီးထားပြီး အချိန်အတန်ကြာမှ စားတာမျိုးမပြုလုပ်သင့်ပါ။

ကြက်သွန်ဖြူအရောင်ညိုမည်းလာလေ အာနိသင်ပျက်ပြယ်လေဖြစ် တာကြောင့် လှီးပြီးချက်ချင်းစားပေးတာ အကောင်းဆုံးဖြစ်ပါတယ်။ သွေးတိုးရောဂါရှိသူများအနေနဲ့ ထမင်းစားတဲ့အခါ ကြက်သွန်ဖြူ 4-5 မွှာကို တို့စရာအဖြစ် နေ့စဉ်ပါဝင်အောင် စားပေးသင့်ပါတယ်။ ဒီထက်များများစားရင်တော့ သွေးဖိအားပိုမိုကျသွားနိုင်ပါတယ်။ ဒါကြောင့် တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း ချင့်ချိန်ပြီး စားသောက်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: drmyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top